ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Sunday, December 12, 2010

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်တွင် ကာတွန်းပြပွဲကျင်းပ


စစ်တွေမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ပထမအကြိမ်အဖြစ် ကာတွန်းပြပွဲတစ်ရပ်ကို ဆင်ကူလမ်းရပ်ကွက်(၄) ဦးအောင်ဇံဝေလမ်း၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။ကာတွန်းပြပွဲကို ရန်ကုန်မြို့၊ ဦးဘဂျမ်း(၁၃)လမ်းတွင် ပြသကဲ့သို့ပြသခြင်းဖြစ်ပြီး ကာတွန်းအချပ်ပေါင်း (၂၀၀) ခန့်ပြသခဲ့ပါသည်။ အဓိက ပါဝင်ပြသခဲ့သည့် ကာတွန်းဆရာများမှာဂေါယာမြေစောဝင်း၊ကျော်ဝင်းခိုင်၊တက်သစ်အောင်၊လှကျော်စိန်၊ထွန်းဝေ၊အောင်လင်းထွန်း၊အရိုင်း၊နှောင်းနွယ်၊ကျီးမနိုး၊တင်ဝင်းတို့အဓိကပါဝင်ပြီး ကာတွန်းရေးဆွဲ ၀ါသနာပါသူများလည်း ပါဝင်ပြသခဲ့သည်ဟုသိရှိရသည်။လည်းကောင်းကာတွန်းပြပွဲနှင့်အတူ အရုဏ်ဆွမ်းလောင်းလှူဒါန်းပွဲနှင့် ပင့်သံဃာတော် (၁၀၈)ပါးတို့အား နံနက် ၅း၀၀ နာရီတွင် လောင်းခဲ့ပါသည်၊ ကာတွန်းပြပွဲကို ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွန်ကြားရေးမူး ဦးဝင်းမြိုင်၊ စစ်တွေမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ(ယာယီ) ဦးကျော်မြင့်လိုင်၊ စာရေးဆ၇ာကြီး ကျွန်းသာငမန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ကာတွန်းပြပွဲပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သတ်၍ မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမူးဦးမောင်သိန်းဖြူ (ဂေါယာမြေစောဝင်း)က ရှင်းလင်းတင်ပြခဲ့သည်ဟုသိရသည်။

No comments: