ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Friday, December 24, 2010

ဒေါ်စုအကြောင်း ရုပ်ရှင်

ကိုကျော်အောင်လွင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို THE LADY ဆိုတဲ့ အမည်နဲ့ရုပ်ရှင် ရိုက်ကူးနေပါပြီ။ ပြင်သစ်ဒါရိုက်တာ LUC BESSON က ရိုက်ကူးပြီး မင်းသမီး MICHELLE YEOH က သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်တဦးအဖြစ်ပါဝင်တဲ့ ထိုင်းအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုမင်းဌေးဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတဲ့သူဖြစ်ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတဲ့စစ်ဗိုလ်တဦးအဖြစ် သရုပ်ဆောင်ခဲ့ရသူပါ။
ကိုမင်းဌေးဟာ ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ ရမ်ဘိုဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားကို စိတ်ဝင်တစား သိမြင်လိုကြတဲ့ ရုပ်ရှင်ချစ်သူ ပရိတ်သတ်အတွက် ကိုကျော်အောင်လွင်က ကိုမင်းဌေးရဲ့ အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းပြီး အခုတပတ် အနုပညာ မိုးကောင်းကင်မှာ တင်ဆက်ပေးပါလိမ့်မယ်။

ယခုနှစ် ဆံတော်ရှင်ပွဲတော် ခါတိုင်းနှစ်များကဲ့သို့ မစည်ကား

ထွန်းထွန်း

-----------

ရခိုင်ပြည်နယ်မှ အထင်ကရ ဘုရားပွဲတော် တစ်ခုဖြစ်သော ပေါက်တောမြို့နယ် ဆံတော်ရှင် ဘုရားပွဲတော်မှာ ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ စည်ကားခြင်း မရှိကြောင်း သိရသည်။"ဒီနှစ် ဆံတော်ရှင် ပွဲတော်က မစည်တာက အမှန်ပါ။ အရင်နှစ်တွေက ဆိုရင် ဆံတော်ရှင်ပွဲတော်ကို နိုင်ငံတကာနဲ့ ဗမာပြည်က ခရီးသည်တွေ အပါအ၀င် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက လူပေါင်း သိန်းကျော် လာရောက်ပါတယ်။ ဒီနှစ်ပွဲကျတော့ ခန့်မှန်းခြေ လူပေါင်း ၆ သောင်းခန့်ဘဲ လာပါတယ်။"�

ဆံတော်ရှင် စေတီတော်အား ယခုနှစ်ပွဲတော်ရက်အတွင်း မီးပူဇော်ထားစဉ် ယခုကဲ့သို့ရခိုင်ပြည်သူများ ဆံတော်ရှင် ပွဲတော်သို့ မလာရောက်ကြခြင်းမှာ များမကြာမှီက တိုက်ခတ်သွားခဲ့သာ ဂီရိမုန်တိုင်းနှင့် သက်ဆိုင်ကြောင်း သူက ပြောသည်။"ရခိုင်ပြည်သူအများစုက မုန်တိုင်းကြောင့် အိမ်ယာတွေပျက်၊ စိုက်ပျိုးမြေတွေပျက်၊ ငါးလုပ်ငန်းတွေပါ ပျက်သွားကြရတဲ့ အတွက် အထူး စီးပွားရေး ထိခိုက်နေကြပါတယ်။ ဒါကြောင့် စီးပွားရေး အရ အခက်ကြုံနေတော့ ဆံတော်ရှင်ပွဲကို လူအရောက် နည်းသွားတာ ဖြစ်ပါတယ်။" ၎င်းပြင် ယခုနှစ် ဆံတော်ရှင်ပွဲတော်တွင် သက်ဆိုင်ရာ မယကနှင့် ပွဲတော် ကန်ထရိုက်ရထားသူများက အကောက်အခွန်များကို တိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရသည်။ဆံတော်ရှင်ပွဲမှ ပြန်လာသော စစ်တွေမှ ဈေးသည်မ တဦးက " ဒီနှစ် ဈေးရောင်းရတာ သိပ်အဆင်မပြေခဲ့ပါ။ ဘုရားဖူးလာတဲ့ သူကနည်းတော့ အရောင်း ထိုင်းပါတယ်။ ရောင်းဖို့ ယူလာတဲ့ ပစ္စည်း နှစ်ဝက် တ၀က်တောင် ရောင်းမစွန်ခဲ့ပါဘူး။ ပီးရင် အခွန်အကောက်တွေလည်း အရမ်းများပါတယ်။ ကောက်ရိုးနဲ့ ကာထားတဲ့ ၄ ပေ ၇ ပေ အခန်းတခန်းကို တရက် ငှားခ ကျပ် ၈၀၀၀ ကနေ ၁၅၀၀၀ ကျပ် ထိပေးရပါတယ်။ ရောင်းစွန်တာ မစွန်တာ သူ တို့ နားမလည်ကြဘူး။ အဲသလို အခွန်အကောက်ကြမ်းတဲ့ အတွက် တချို့ ဈေးရောင်းသူတွေလည်း မရောင်းဘဲ ပါလာတဲ့ ပစ္စည်းတွေကို အိမ်ပြန်ယူသွားတာတွေ ရှိပါတယ်။ ဟု ပြောသည်။ယခုကဲ့သို့ ဆံတော်ရှင်ပွဲ အတွင်း အကောက်အခွန်များ ဈေးကြီးသွားခြင်းမှာ ကောက်ရိုး အကာဖြင့် ဆောက်လုပ်ထားသည့် အခန်းတစ်ခန်းစီကို ကျပ် ၂၀၀၀ နှုန်းဖြင့် ဘုရားပွဲတော်ကို တာဝန်ယူ ကျင်းပသော ခယကနှင့် မ၀တကိုပေး ဆောင်ရသည်ဟု သိရသည်။သို့သော်လည်း ဘုရားဖူးသွားရောက်ခဲ့သူ အများစုက ဆံတော်ရှင် ဘုရားပွဲတော် သွားရောက်ခဲ့ရသဖြင့် စိတ်ကြည်နူး ချမ်းမြေ့ခဲ့ရကြောင်း အမျိုးသမီးတစ်ဦး ပြောသည်။

ယခုနှစ် ဆံတော်ရှင်ပွဲတော် မုဒ်ဝအား တွေ့ရစဉ် " ပွဲတော်က သိပ်မစည်ကားခဲ့ပေမယ့် ပျော်စရာတော့ အရမ်းကောင်းပါတယ်။ တောင်တက်ရတယ်ဆိုပေမယ့် မပင်ပန်းဘူး။ ရီလိုက် နောက်လိုက်နဲ့ စေတီကို ရောက်သွားတာပါဘဲ။ ပီးရင် စေတီတော်က အရမ်း သပ္ပါယ်ပြီး မြင်ရတာ စိတ်ချမ်းသာမူ ပီတိကို အထူး ဖြစ်စေပါတယ်။ တနှစ်မှာ တခါသာ ကျင်းပတဲ့ ပွဲတော်မို့ နှစ်စဉ် နှစ်တိုင်း သွားဖြစ်အောင်သွားပါတယ်။ ဒီနှစ်သွားခဲ့ပါတယ်။ အရမ်းပျော်စရာကောင်းပါတယ်။ "� ဟု ပြောသည်။နှစ်စဉ် ဆံတော်ရှင်ပွဲတော်ကို နတ်တော်လဆန်း ၇ ရက်မှ လပြည့်နေ့ထိ ကျင်းပလေ့ရှိပြီး လဆန်း ၁၀ရက်မှ လပြည့်နေ့အကြား တိုးမပေါက်အောင် စည်ကားကြောင်း သိရသည်။ယခုနှစ် ဘုရားပွဲတော်အတွင်း " မြတ်ခိုင်ကျော်"� ဇာတ်အဖွဲ့မှ လာရောက် ကပြ ဖြေဖျော်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်မှ ရငွေဈေးကွက်မှာ လက်ရှိတွင် မြင့်တက်နေသော်လည်း ပြန်လည် ကျဆင်းလာနိုင်ကြောင်း

လတ်တလောအချိန်တွင် ပြည်ပပို့ကုန်မှ ရငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနဲ့ နှိုင်းယှဉ်ပါက မြင့်တက်နေကြောင်းနှင့် ယင်းကဲ့သို့ မြင့်တက်နေသော်လည်း ပြန်လည် ကျဆင်းလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်း၏ ပြော ကြားချက်များ အရ သိရှိရသည်။ ''လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျောက်မျက်ပွဲ ပြီးသွားတဲ့အတွက် ရောင်းရငွေက စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံ ရရှိတယ်လို့ သိရှိရတယ်။ ဒီငွေတွေက သုံးလအတွင်း ပြည်ပပို့ကုန်မှ ရငွေအဖြစ်နဲ့ ဈေးကွက်ထဲကို ပြန်ဝင်မှာဆိုတော့ လက်ရှိမှာ ပို့ကုန်ရငွေ ဈေးမြင့်နေတာဟာ ခဏပဲ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ ဒီနှစ်ထဲမှာ ပြည်တွင်းဈေးကွက်ထဲကို Hot Money တွေ ၀င်လာတာ ရှိတယ်လို့ သိရတယ်။ လက်ရှိ အခြေအနေမှာ အမေရိကန်ဒေါ်လာဈေးနဲ့ Earning ဈေးဟနေတော့ ထပ်ဝင်လာတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရသေးဘူး။ တစ်နည်းအားဖြင့် Earning ကိုင်ထားတဲ့လူက လိုက်ရောင်းနေတဲ့ ပုံစံမျိုးလည်း မတွေ့ရဘူး။ ကောင်းကောင်းလေး ထိန်းချုပ်ထားနိုင်တာ တွေ့ရတဲ့ အတွက် ဒေါ်လာဈေးကျပေမယ့် Earning ဈေးက သိပ်မကျဘူး။ လောလောဆယ် Export နည်းပြီး Import များနေတော့ Earning လိုနေတာတော့ အမှန်ပါပဲ။ တစ်ခုရှိတာက အမေရိကန်ဒေါ်လာပေါက်ဈေးကို ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ပြီးမှ Earning ဖြစ်တာဆိုတော့ အခု လက်ရှိပေါက်ဈေးထက် နှိုင်းယှဉ်ရင် ၉၈၀ ၀န်းကျင်လောက် ဖြစ်လာရမယ့် အနေအထားမှာ ၉၂၅ ကျပ်နဲ့ ရောင်းနိုင်တယ်ဆိုတော့ ဒါကလည်း အခြေအနေ တစ်ရပ်ပါပဲ။ ဈေးကွက် အခြေအနေကို ကျွန်တော်တို့တော့ သိပ်မခန့်မှန်းတတ်ဘူး ဖြစ်နေပါတယ်''ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
''အခုတလော ဒေါ်လာဈေးနဲ့ Earning ဈေးက ဟနေတယ်။ အရင်တုန်းက သိပ်မဟဘူး။ တစ်ဆယ်ကနေ နှစ်ဆယ်လောက်ပဲ ကွာတယ်။ ဒါတောင် ဒီနှစ်မှ ကွာသွားတာ။ အရင်နှစ်တွေက ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကွာတယ်။ သိသာတာ တစ်ခုက ကျောက်မျက်ပွဲ ပြီးကာမှ အမေရိကန် ဒေါ်လာဈေးနဲ့ ပို့ကုန်ဈေးက ဟလာတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ပေါက်ဈေးက အမေရိကန် ဒေါ်လာ တစ်ဒေါ်လာကို ၈၇၅ ကျပ်၊ ဒါပေမယ့် earning ဈေးက ၉၂၅ ကျပ်ဆိုတော့ ၅၀ လောက် ကွာနေ တယ်''ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့ earning ဈေးမြင့်နေပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကွာဟနေသော်လည်း ယင်းကဲ့သို့ မြင့်တက်မှုများသည် ယာယီသာ ဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ကလည်း သုံးသပ်ကြသည်။
''လွန်ခဲ့တဲ့အပတ်က ကျောက်မျက်ပွဲက ရတဲ့ငွေက အတော်များတယ်လို့ ကြားရတယ်။ ဒီငွေတွေ ပြန်ဝင်လာရင် earning ဈေးက ပြန်ကျနိုင်ပါတယ်။ ပြန်မကျဘူး ဆိုလို့ရှိရင်တော့ လောလောဆယ်မှာ သွင်းကုန်သမားတွေ အခြေအနေကောင်းနေ ပေမယ့် သွင်းကုန်သမားတွေ အတွက်လည်း ဈေးကြီးပေးဝယ်ရရင် သိပ်ကိုက်တော့မှာ မဟုတ်ဘူး။ ငွေကြေးကစားနိုင်တဲ့ လူတွေအများကြီး သိုလှောင်ထားနိုင်တဲ့ လူတွေအတွက်တော့ အကျိုးပိုရှိမှာပါ''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။
''သိရသလောက် ကျောက်ပွဲက ငွေတွေက ဈေးကွက်ထဲ မ၀င်သေးပါဘူး။ အခုကိုင်ထားနိုင်တဲ့သူက ထိန်းထားလို့ ဖြစ်နေတာလို့ ထင်တယ်။ ကျောက်လုပ်ကွက်တွေကတော့ တစ်နှစ်တစ်ခါ ပြန်ပြီး လေလံဆွဲရတယ် ဆိုပေမယ့် ဖေဖော်ဝါရီ၊ မတ် လောက်မှဆိုတော့ ဒီကြားထဲ တစ်လလောက် အချိန်ရနေသေးတယ်။ နောက်ပြီး အခု ပွင့်လင်းရာသီ ရောက်လာတော့ သူ့အတိုင်းအတာနဲ့သူ ကုန်ပစ္စည်းတွေ သွင်းလာကြတာလည်း ရှိတယ်။ နောက်ဆုံးတော့ လုပ်ငန်းရှင် ဆိုပေမယ့် လက်ထဲမှာ အများကြီးရှိတဲ့လူက ပြန်မရောင်းဘဲ တင်းထားနိုင်တယ် ဆိုတော့ အခုတလောမှာ တက်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို ၉၃၇ ကျပ်အထိ တက်သွားတယ်။ အခုထိတော့ ကျောက်ပွဲက ငွေတွေ မ၀င်သေးဘူး။ ကျောက်တွေလည်း မသယ်ရသေးဘူး။ အဲဒီငွေတွေ ၀င်လာရင်တော့ ပြန်ကျသွားနိုင်တယ်''ဟု ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့လေကြောင်းလိုင်းမှ တရုတ်နိုင်ငံလုပ် ARJ ဂျက်လေယာဉ်များ ထပ်မံဝယ်ယူရန် စီစဉ် ပြည်တွင်းခရီးစဉ်များတွင် တရုတ်နိုင်ငံထုတ် လေယာဉ်များဖြင့် ပျံသန်းပြေး

မြန်မာ့လေကြောင်းလိုင်းမှ တရုတ်နိုင်ငံလုပ် ARJ ဂျက် အမျိုးအစား လေယာဉ်များအား ထပ်မံဝယ်ယူရန် စီစဉ်လျက်ရှိကြောင်းနှင့် အဆိုပါ လေယာဉ်များ ၀ယ်ယူရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်နိုင်ငံရှိ China National Aero- Technology Import and Export Corporation (CATIC) အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်နှင့် လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။ ARJ-21 ဂျက်လေယာဉ်တွင် ခရီးသည် ၉၀ ဦးဆံ့နှင့် ခရီးသည် ၇၂ ဦးဆံ့ အမျိုးအစားနှစ်ခု ရှိသည့်အတွက် မည်သည့် အမျိုးအစားကို ၀ယ်ယူရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရဆိုပါက မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် (CATIC) အဖွဲ့တို့ ARJ လေယာဉ်များ ၀ယ်ယူရေးကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူစာချုပ် (MOU) ချုပ်ဆိုပြီး သည့် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ARJ လေယာဉ်များအား အနည်းဆုံးသုံးစင်း ၀ယ်ယူနိုင်သည်ဟု ဆိုသည်။
''ARJ လေယာဉ်တွေကို ၀ယ်မယ်ဆိုရင် ဒီလေယာဉ် အမျိုးအစားကို မြန်မာနိုင်ငံမှာ မသုံးဖူးတဲ့ အတွက် လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေကို ပျံသန်းရေးဆိုင်ရာ Training ပေးရပါမယ်။ ဒါတွေကို အချိန်ယူရမှာ ဖြစ်တဲ့အတွက် လေယာဉ်ဝယ်ဖြစ်ရင် ဒီလေယာဉ်တွေ မြန်မာပြည်ကို ရောက်ပြီး ခရီးစဉ်ဆွဲနိုင်ဖို့ ၂၀၁၂ နှစ်စပိုင်းလောက်မှာ ဖြစ်နိုင်ပါတယ်''ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ခဲ့သည်။
၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖော်ကာ F27 လေယာဉ်များ နေရာ၌ တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်သုံးစင်းဖြင့် ခရီးစဉ်များ စတင် ပြေးဆွဲခဲ့သည်။ ARJ ဂျက်လေယာဉ်များ ၀ယ်ယူရန် စီစဉ်ခြင်းတွင်လည်း လက်ရှိ ပြေးဆွဲနေသည့် လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
''မြန်မာ့လေကြောင်းက တရုတ်နိုင်ငံလုပ် လေယာဉ်တွေကို သုံးတာ MA 60 က ပထမဆုံးပါ။ ဖော်ကာဂျက် 27 နဲ့ 28 လေယာဉ်တွေကလည်း နယ်သာလန် နိုင်ငံလုပ်တွေပါ။ ARJ လေယာဉ်တွေ ၀ယ်ရင်တော့ နောက်ပိုင်း တရုတ်နိုင်ငံလုပ် လေယာဉ် တွေနဲ့ ပျံတာ များလာနိုင်ပါတယ်''ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ပြင်သစ်နိုင်ငံလုပ် လေယာဉ်များကို ၀ယ်ယူပြေးဆွဲလျက် ရှိသော်လည်း မြန်မာ့လေကြောင်းလိုင်းမှာ ပုဂ္ဂလိက လေကြောင်းလိုင်းများထက် ပြည်တွင်း ခရီးစဉ်များကို အဓိက ထား အများဆုံး ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အတွက် ၎င်းမှဝယ်ယူသည့် တရုတ်နိုင်ငံထုတ် လေယာဉ်များ များပြားလာပါက ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် တရုတ်နိုင်ငံလုပ် လေယာဉ်များ ပိုမိုနေရာယူဖွယ် ရှိကြောင်း သိရသည်။

တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်


ဟိန်းသူ Thursday, 24 December 2010 18:08

၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ပွဲချိန် ၅၇ မိနစ်၌ မြန်မာ အသင်းခေါင်းဆောင် စည်သူဇော်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ သော်လည်း ဗီယက်နမ်အား ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင် ယူနိုင်ခဲ့သည်။ အနီကတ်ဖြင့် လူတယောက် အထုတ်ခံထားရသည့်တိုင် မြန်မာက ယခုကဲ့သို့ အကြိတ်အနယ် ကန်၍ ဦးဆောင်ဂိုး ၂ ဂိုးအထိ သွင်းယူခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)“ဗီယက်နမ်ကို အခုလို အနိုင်ယူလိုက်တာ လက်ရွေးစင် အသင်းကြီးအတွက် ကလဲ့စား ချေနိုင်လိုက်တာပါပဲ။ မြန်မာ ပရိသတ်တွေ အတွက် ဆက်လက်ကြိုးစားသွားပါမယ်” ဟု မြန်မာအသင်းနည်းပြ ဦးဇော်ဝင်းက ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ဆူဇူကီးဖလား ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းအား ၇ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။“မြန်မာအသင်းကို အားပေးရတာ အသံတောင်နာတယ်။ တယောက်လျော့နေလို့ ရင်လေးနေတာ။ အခုလို တတိယရသွားတဲ့ အတွက် အရမ်းပျော်တာပဲ” ဟု မြန်မာပရိသတ် အမျိုးသမီးတဦးက ပြောသည်။ မြန်မာအသင်းမှာ ပွဲချိန် ၇ မိနစ်တွင် တိုက်စစ်မှူး စောစိန်ဘမြင့်က ညာတောင်ပံမှ ဖြတ်တင်ဘောကို တဘက်အသင်း ဂိုးစည်း ဘယ်ဘက်ထောင့်သို့ ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။အချိတ်အဆက်မိမိ ထိုးဖောက်နိုင်ခဲ့သည့်အတွက် မြန်မာအသင်းမှာ ကစားကွက် အသာစီးရခဲ့ပြီး ဗီယက်နမ် အသင်းအား ထိန်းချုပ် ကစားနိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်တွင် မြန်မာအသင်းခေါင်းဆောင် နောက်တန်းကစားသမား စည်သူဇော်ဦးမှာ ၂ ၀ါ ၁ နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် မြန်မာပရိသတ်များ အနည်းငယ်စိုးရိမ်ခဲ့သည်ကို မြင်တွေ့ရသည်။ ပွဲချိန် မိနစ် ၇၀ တွင် တန်ပြန်တိုက်စစ်မှ တဆင့် တိုက်စစ်မှူး ချစ်မိုးဦးက ဂိုးသမားနှင့် အနီးကပ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရသွားခဲ့သည့်အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။နည်းပြ ဦးဇော်ဝင်းက ယခုကဲ့သို့ တတိယဆု ရရှိရန် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးပမ်း ခဲ့ကြောင်း၊ ယခုကဲ့သို့ ကြေးတံဆိပ်ဆု ရရှိသည့်အတွက် ၀မ်းသာမိကြောင်း ပြောသည်။ဗီယက်နမ်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၈ မိနစ်ရောက်မှ ထောင့်ကန်ဘောမှ တဆင့် နောက်တန်း ကစားသမား မိုင်းဗန်လတ်က ခေါင်းတိုက်သွင်းယူသွားခဲ့သည်။ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင်ထိုင်းအသင်းက လာအိုအသင်းအား ၂ ဂိုး - ၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။
တတိယ ကြေးတံဆိပ် ယူနေသည့် မြန်မာတက္ကသိုလ် ဘောလုံးအသင်း (ဓာတ်ပုံ - ဧရာဝတီ)ချင်းမိုင်မြို့တွင် ကျင်းပသည့် အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ခဲ့ပြီး ယနေ့ ဘောလုံးပွဲကိုလည်း လာရောက် အားပေးသွားခဲ့သည်ကို တွေ့ရသည်။အာဆီယံ တက္ကသိုလ်များ အားကစားပွဲတွင် စုစုပေါင်း အားကစားနည်း ၁၆ မျိုး ယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံမှ ကစားနည်း ၈ မျိုးသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ တက္ကသိုလ်အဆင့် ကျောင်းသူ/ ကျောင်းသား အားကစားသမား ၂၀၀၀ ခန့် လာရောက် ယှဉ်ပြိုင်ခဲ့သည်။မြန်မာနိုင်ငံမှာ ယခုယှဉ်ပြိုင်လျက်ရှိသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှု၌ အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ကြေးတံဆိပ်ဆု ၃ ဆု ရရှိထားသည်။ဆုတံဆိပ် ရရှိမှုဇယားထိပ်ဆုံးတွင် အိမ်ရှင် ထိုင်းအသင်းက စုစုပေါင်း ဆုတံဆိပ် ၁၆၁ ခုဖြင့်ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်း ဆုတံဆိပ် ၁၄၇ ခုဖြင့် ဒုတိယ၊ မလေးရှားအသင်းက စုစုပေါင်း ဆုတံဆိပ် ၁၁၅ ခုဖြင့် တတိယနေရာ၌ ရပ်တည် နေကြသည်။ ဇယားအောက်ဆုံးမှ ကမ္ဘောဒီးယားနိုင်ငံမှာ ဆုတံဆိပ်လုံးဝ မရရှိချေ။

ဂီရိမုန်တိုင်း ၂ လပြည့်သည့်တိုင် ထူထောင်ရေးများ မစတင်နိုင်သေး

ခင်ဦးသာ
ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း ဒဏ်ခံခဲ့ရသော မြို့နယ်များမှ လေဘေးသင့် ဒုက္ခသည်များသည် မုန်တိုင်း တိုက်ခတ်ပြီး ၂ လ ပြည့်မြောက် သည့်တိုင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုံးဝ မစတင်နိုင်သေးကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်း ဝင်ရောက်တိုက်ခတ် သွားသည်မှာ ၂ လကြာမြင့်ပြီ ဖြစ်သော်လည်း ယခုထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မစတင်နိုင်သေးပေ (ဓာတ်ပုံ - AP)လေဘေး ဒုက္ခသည်များသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တနိုင်တပိုင် ပြန်လည် ထူထောင်ရေး လုပ်လိုသော်လည်း စားရေရိက္ခာ မလုံလောက်သည့် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။“အဓိက လိုနေတာက စားဖို့ဆန်ပါ။ စပါးခင်းတွေက ပျက်စီးသွားပြီ။ ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ဖို့ ကျပြန်တော့လည်း ပိုက်ကွန်တို့၊ လှေတို့က မရှိတော့ ဘာမှ လုပ်စရာ မရှိသေးဘူး” ဟု မြေပုံဒေသခံ တဦးက ဧရာဝတီကို ရှင်းပြသည်။ထိုဒေသရှိ ပြည်သူအများစုသည် လယ်ယာ လုပ်ငန်းနှင့် ရေလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင် စားသောက် ကြသည်ဟု ၎င်းက ဆက်ပြောသည်။“ဒီနှစ်တော့ လယ်တွေ ပြန်လုပ်လို့ရမယ့် အနေအထားမှာ မရှိတော့ဘူး။ ကျိုးသွားတဲ့ တာတမံတွေက ပြန်ပြုပြင်ဖို့ ကုန်ကျမှု စရိတ် များတဲ့အတွက်ပါ။ တာတမံတခုကို ပြုပြင်ဖို့ သိန်းရာချီ ကုန်ကျမယ်” ဟု ဂီရိဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။ဦးအေးသာအောင်နှင့် NLDအဖွဲ့ဝင် တချို့သည် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော မြို့နယ်များ၏ ပျက်စီးမှုများသော ကျေးရွာများကို သွားရောက်ကာ ဆန်၊ အ၀တ်အထည်နှင့်ဆေးဝါးများ လှူဒါန်းပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ပြည်တွင်းပြည်ပ NGOအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ စေတနာရှင်များက ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများ လုပ်ဆောင်ပေးနေသော်လည်း စားဝတ်နေရေးအတွက် မလုံလောက်သေးဟု ရန်ကုန်အခြေစိုက် NGO အဖွဲ့၏ တာဝန်ရှိသူ တဦးက ပြောသည်။“ကျနော်တို့ ပေးနိုင်တာက လေးငါးရက်စာ စားဖို့ဆန်နဲ့ တခြားလိုတာလေးတွေပါ။ လိုအပ်ချက်ကို ပြည့်မီဖို့ ရာခိုင်နှုန်းနဲ့တွက်ရင် ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာကမူ ကုလသမဂ္ဂ (UN) လက်အောက်ခံ အဖွဲ့များ၊ NGO များက ၅၆ ရာခိုင်နှုန်းကျော် ပျက်စီးသွာသည့် စာသင်ကျောင်းများမှ ယာယီကျောင်းဆောင် ၁၀၀ ကျော် ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေး ကိစ္စများလည်း အသင့်အတင့် ပြေလည်နေပြီဟု ရေးသားထားသည်။ရန်ကုန်ရှိ ကုလသမဂ္ဂလူသားချင်း ဆိုင်ရာ ညှိနှိုင်းရေးမှူး ဘီရှော ပါရာဂျူလီ (Bishow Parajuli ) ကလည်း “သူတို့ဘ၀ ရေရှည် ရပ်တည်ဖို့အတွက် အရေးတကြီးလိုနေတာက အမိုးအကာရရှိရေးဖြစ်တယ်” ဟု ပြောဆိုကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။လယ်ယာလုပ်ငန်းများ၊ ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် အထောက်အကူပြုမည့် အကူအညီများ အရေးတကြီး လိုအပ်ကြောင်း အစီရင်ခံစာ က ဆိုသည်။ဥရောပကော်မရှင်ကလည်း ဂီရိလေဘေးသင့် ပြည်သူများအတွက် ယူရိုငွေ ၃ သန်းကို ရန်ကုန်အခြေစိုက် ဥရောပ ကော်မရှင် ရုံးခွဲနှင့် UN လက်အောက်ခံအဖွဲ့များမှ တဆင့်ကူညီပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း VOA အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ကူညီထောက်ပံ့မှုများ ထိရောက်မှု ရှိ မရှိကိုလည်း စောင့်ကြည့်သွားမည်ဟု ကော်မရှင်ကဆိုသည်။ဂီရိလေဘေးဒေသတခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်လိုအပ်ပြီး လက်ရှိ၌ ၂၁ သန်းသာ ရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး (UNOCHA ) ၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ NGOအဖွဲ့များက စားဝတ်နေရေး ပြဿနာနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တတ်နိုင်သလောက် လုပ်ဆောင်ပေးနေသော်လည်း စစ်အစိုးရကမူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများက ဆိုသည်။စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်တချို့သည် စားသောက်ရန် ရိက္ခာများကို ကူညီခဲ့သော်လည်း ဒုက္ခသည်များထံ တိုက်ရိုက် မပေးဘဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပေးသောကြောင့် ထိရောက်မှု မရှိဟု ဒေသခံများက ပြောသည်။“လူတယောက်အတွက် တထောင်ဖိုးပေးရင် ဒုက္ခသည်တွေက တရာဖိုးပဲရတယ်။ ကျန်တာကို ဒေသအာဏာပိုင်တွေက ပြန်ရောင်းစားတယ်။ ဒေသအာဏာပိုင် အများစုက ကြံ့ဖွံ့တွေပါ။ သူတို့ပဲ အပိုင်စီးသွားတယ်” ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား

ဧရာဝတီ Thursday, 23 December 2010 12:28

စာပေစိစစ်ရေးက ပယ်ချထားသော ပြည်တွင်း သတင်း မီဒီယာများ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်းခန်းများကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ကြောင်း သတင်းကို ပြည်တွင်း ဂျာနယ်များတွင် အပြိုင်အဆိုင် ဖော်ပြခဲ့ကြသည်။ (ဓာတ်ပုံ - မိုးမခ)ပြည်တွင်း မီဒီယာများ ဖြစ်ကြသည့် Venus၊ ပြည်သူ့ခေတ်၊ 7 Day News ၊ ရန်ကုန်တိုင်းမ်၊ The Voice ဂျာနယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းပြီး စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြရာ ပယ်ချခံရကြောင်း၊ သို့သော် မေးမြန်းခန်း များသည် စာပေစိစစ်ရေးမှ တဆင့် နေပြည်တော် စစ်ဗိုလ်ချုပ်ကြီးများထံသို့ ရောက်ရှိပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက် သဘောထားကို လေ့လာနေ ကြကြောင်း သိရှိရသည်။နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်တာဗျူးတွေကို ပြည်သူတွေ ဖတ်ခွင့်မရပေမယ့် နေပြည်တော်က လူကြီးတွေ (ဗိုလ်ချုပ်တွေ) သေသေချာချာ ဖတ်တယ်။ အဓိက က အဲဒီတွေ့ဆုံ မေးမြန်းခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေးအပေါ် ရှုမြင်ချက်၊ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ ပါနေတော့ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မလဲ ဆိုတာကို လူကြီးတွေက သိချင်နေပုံပဲ” ဟု ပြောသည်။ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်တည်ချက်၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအပေါ် သဘောထား အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို မေးမြန်းခဲ့ကြသည်။ဂျာနယ် အယ်ဒီတာတဦးက “ဒေါ်အောင်ဆန်းစုကြည် သဘောထားကို ပြည်ပမီဒီယာတွေမှာ ရေးကြ၊ ပြောကြတာတွေကိုပဲ အာဏာပိုင်တွေက ဖတ်နေ၊ နားထောင်နေရတာလေ။ အခုလို ပြည်တွင်းမီဒီယာတွေက ကိုယ်တိုင်ကိုယ်ကျ သွားမေးပြီး မေးခွန်းပေါင်းစုံကို မေးထားတော့ အာဏာပိုင်တွေအတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေတပွေ့တပိုက်ကြီး ရသွားတယ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။ဝါရင့် သတင်းစာဆရာ တဦးကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းခန်းများကို စစ်အစိုးရက ဖတ်ရှုပြီးနောက် ၄င်းတို့ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက်အပေါ် တိုက်ခိုက်ဝေဖန်သော ၀ါဒဖြန့် ဆောင်းပါးများ ထည့်သွင်းလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ သတင်း၊ စာဖတ် ပရိသတ်အားပေးမှုတို့နှင့် ပတ်သက်၍ ဂျာနယ်ဖြန့်ချိရေး လုပ်ကိုင်သူတဦးက “ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ ဓာတ်ပုံပါတဲ့ ဂျာနယ်တိုင်းလိုလို ဈေးကွက်မှာ ပြတ်ကုန်တယ်။ တအားရောင်းကောင်းတယ်။ အခုတော့ ဂျာနယ် အရောင်းအ၀ယ်က ပုံမှန်လောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့်ဓာတ်ပုံများ ခွင့်ပြုသည်ထက် ပိုမိုဖော်ပြသည့်အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ်ငြင်း


စိုင်းဇွမ်ဆိုင်း Wednesday, 22 December 2010 18:26

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖမ်းမိသည့် ကျွန်းသစ်အလုံး ၃၀၀၀ သည် စုံစမ်း စစ်ဆေး ရေး အဖွဲ့က စွပ်စွဲသကဲ့သို့ မြန်မာနိုင်ငံမှ ပြန်လည် တင်သွင်းလာသည့် ကျွန်းသစ်များမဟုတ်ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဒေသမှ အထက်လွှတ်တော်အမတ် မစ္စတာ ဘွန်ဆောင်း ကိုဝါဝီဆာရတ် က ပြောဆိုသည်။ ချင်းမိုင်မြို့တွင် ဖမ်းဆီးထားသည့် ထိုင်းဘတ် သန်း ၂၀၀ ခန့်တန်ဖိုးရှိ ကျွန်းသစ် လုံးပေါင်း ၃ ထောင်ကျော်ကို တွေ့ရစဉ်။ ယင်းကျွန်းသစ်များမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မယ်ဟောင်ဆောင်မှတဆင့် တင်သွင်းခြင်းဖြစ်သည်ဟု ယူဆရ သည်။ (ဓာတ်ပုံ- Bangkok Post)မစ္စတာ ဘွန်ဆောင်းက “သစ်တွေကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ခုတ်တယ်၊ ပြီးတော့ မြန်မာနိုင်ငံကို ပို့တယ်၊ ပြီးတော့မှ မြန်မာ့ ကျွန်းသစ်ဆိုပြီး ထိုင်းနိုင်ငံကို ပြန်တင်ပို့တယ် ဆိုတာ မမှန်ပါဘူး”ဟု ပြောဆိုကြောင်း ဒီဇင်ဘာ ၁၈ ရက် ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။အထူး စုံစမ်း စစ်ဆေးရေး ဌာန၊ အကောက်ခွန် ဌာနနှင့် တော်ဝင် သစ်တော ဌာနတို့ ပူးပေါင်းပြီး ယခုလ ၁၅ ရက်နေ့က Suksawat Group Co ပိုင် သစ်စက်နှစ်လုံးကို ဝင်ရောက် စစ်ဆေးပြီး ကျွန်းသစ်လုံးများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သစ်လုံးများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် အနီးရှိ သံလွင်အမျိုးသား သစ်တောကြိုးဝိုင်း (Salween National Park) မှ သစ်များဖြစ်ကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီးမှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ကျွန်းသစ်များ အဖြစ် ပြန်လည် တင်သွင်းလာခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့က ယူဆထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။ထိုင်းဘတ် သန်း ၂၀၀ ကျော်တန်ဖိုးရှိသည့် ယင်းကျွန်းသစ်လုံးများ ဖမ်းဆီးမှုသည့် ထိုင်းတရားရေးဌာန အကြီးအကဲ မစ္စ တာ ပီရာပန် ဆာလီရာထာဗစ်ဟာဂါ က Suksaswat Group Co သည် မယ်ဟောင်ဆောင်မှ တဆင့် ကျွန်းသစ်များကို တရား မဝင် တင်သွင်းသည်ဟု ဆိုသောကြောင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ထိုင်းအာဏာပိုင်များက ကျွန်းသစ်များသည် သံလွင် အမျိုးသား သစ်တောကြိုးဝိုင်းမှ သစ်များဖြစ်သည်ဟု ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။ ဖမ်းဆီးထားသည့် ကျွန်းသစ်များသည် ဘန့်နမ်ဖျန်ဒင် နယ်စပ်ဂိတ်မှ မြန်မာအရာရှိများက ဖြတ်ကျော်ခွင့်ပြုလိုက်သည့် ကျွန်း သစ်များသာ ဖြစ်ကြောင်း မယ်ဟောင်ဆောင်မှ အကောက်ခွန်အရာရှိများက ပြောဆိုသည်။ Suksawat Group Co ကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ကျွန်းသစ်များကို တရားမဝင် တင်သွင်းမှုဖြင့် တရားစွဲဆိုထားပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနသည် ၂၀၀၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသို့ တရားမဝင်သစ်များ တင်ပို့ခြင်းကို စုံစမ်းစစ်ဆေး လာသည့် အဖွဲ့ဖြစ်သည်။Suksawat Group Co ၏ လက်ထောက်ဒါရိုက်တာ ဖြစ်သူ မစ္စတာ ဖိချက်လက်လွမ် အွမ်ဖိုင်ဝမ် က ကျွန်းသစ်များ တင်သွင်း ခွင့် လိုင်စင်သက်တမ်း ကုန်ဆုံးချိန်မှာ တလ ခန့်သာရှိသေးကြောင်း၊ သစ်တောဌာနက လိုင်စင်သက်တမ်း ထပ်မံ တိုး ပေး ရန် ငြင်းဆိုသည့်အတွက်ကြောင့် ကုန်ဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး မစ္စတာ ဆူဝစ် ခွန်ကစ်တီ က အဆိုပါ ကုမ္ပဏီသည် မြန်မာ့ ကျွန်းသစ်များ တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီတခု မဟုတ်ကြောင်း ဆိုသည်။

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို


ထက်အောင် Friday, 24 December 2010 17:18

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ထိပ်တန်း နျူကလီယား ပညာရှင်ဟောင်း နှစ်ဦးအကြား မြန်မာစစ် အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ နည်းပညာပိုင်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာသေးခင်က ထွက်ပေါ်လာပြီးနောက်ပိုင်း IAEA ဟာ အခုနောက်ဆုံး သံသယဖြစ်နေတဲ့ နျူကလီးယား စီမံကိန်းနေရာတွေကို စုံးစမ်းစစ်ဆေးဖို့ နည်းလမ်းရှာဖွေနေပါတယ်။ စစ်အစိုးရ လျှို့ဝှက် တည်ဆောက်နေသော စက်ရုံများအနက် တခုရှိ စက်ပစ္စည်း ထိန်းချုပ်ခုံရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း။ (ဓာတ်ပုံ - AP)အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူ ကာကွယ်ရေး ဆိုင်ရာဌာနက မြန်မာအစိုးရထံ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။IAEA ရဲ့တောင်းဆိုမှုအပေါ် စစ်အစိုးရက ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ မသိရသေးပါဘူး။မြောက်ကိုရီးယား မိတ်ဆွေများ အကူအညီနဲ့ နျူကလီယားလက်နက် ပိုင်ဆိုင်ဖို့အတွက် စစ်အစိုးရဟာ အမှန်တကယ်ပဲ အကောင် အထည်ဖော် လုပ်ဆောင် နေခြင်းရှိမရှိ သေချာစေဖို့ အတွက် ဒါဟာ IAEA ဖက်က နောက်ထပ်တဆင့် ခြေလှမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်ချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်ဝန်းကျင်ကတည်းက ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေခဲ့ပေမယ့် ဒီနှစ်လယ်ပိုင်းမှာ မြန်မာ့တပ်မတော်ကနေ ပြည်ပကို ဘက်ပြောင်းခိုလုံလာတဲ့၊ ရုရှားနိုင်ငံမှာ ဒုံးပျံ နည်းပညာကို အထူးပြုလေ့လာခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရရဲ့ ဒုံးပျံစီမံကိန်းများနဲ့ နျူကလီးယား စီမံကိန်းနေရာများနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ စာရွက်စာတမ်း အထောက်အထားများစွာကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကတဆင့် ထုတ်ဖော်လိုက်ပါတယ်။ အဲဒီနောက်ပိုင်း အဆိုပါ ထင်မြင်ယူဆချက်များဟာ အလွန် ကြီးထွားလာခဲ့ပါတယ်။ စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်း အထောက်အထားတွေကို အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာနကြီးက ယခုနှစ် ဇွန်လအစောပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။ရာနဲ့ချီတဲ့ အဲဒီဓာတ်ပုံများနဲ့ အထောက်အထား စာရွက်စာတမ်းများကို အသေအချာ စစ်ဆေးပြီးတဲ့နောက် IAEA ရဲ့ စုံစမ်း စစ်ဆေးရေးမှူးဟောင်တဦးဖြစ်တဲ့ ရောဘတ်ကယ်လီက သူ့ရဲ့အစီရင်ခံစာမှာ “ကျနော်တို့ စစ်ဆေးတွေ့ရှိချက်က ထွက်ပေါ်လာတဲ့ သုံးသပ်ချက်က တခုတည်းပါပဲ။ (အထောက်အထား ဓာတ်ပုံများအရ) ဒီနည်းပညာဟာ နျူကလီးယားလက်နက် အတွက်သာ ဖြစ်ပါတယ်။ အရပ်ဘက်အတွက် အသုံးပြုဖို့ ဒါမှမဟုတ် အဏုမြူစွမ်းအင်အတွက် မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ဇွန်လ ၁၂ ရက်နေ့မှာတော့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာကတဆင့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာ့နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ “မြန်မာနိုင်ငံကို နိုင်ငံရေးအရ တိုက်ခိုက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များသာ ဖြစ်တယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာလမှာ ကျင်းပတဲ့ IAEA ရဲ့ ၅၄ ကြိမ်မြောက် နှစ်ပတ်လည် ပုံမှန်အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “ယခုနှစ်အတွင်း မြန်မာနိုင်ငံက နျူကလီယား စီမံကိန်းတခုကို လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု နိုင်ငံတကာသတင်းမီဒီယားများက ရေးသားချက်များသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်သည် … မြန်မာနိုင်ငံသည် နျူကလီယားလက်နက် ထုပ်လုပ်ခြင်းနှင့် ပြန့်ပွားခြင်းဆိုင်ရာ လုပ်ဆောင်မှုများကို မည်သည့်အခါမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ” လို့ ထပ်မံငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့် မြန်မာစစ်အစိုးရဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းက ထုတ်ဖော်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အဆင့်မြင့်နည်းပညာသုံး ပစ္စည်း ကိရိယာများရဲ့ တကယ့်ရည်ရွယ်ချက်ကို အထောက်အထားနဲ့ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။နိုဝင်ဘာလ ၁၂ ရက်နေ့မှာ IAEA ရဲ့ နောက်ထပ် အရာရှိဟောင်းတဦးဖြစ်တဲ့ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း အိုလီ ဟိန်းနွန်နန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ရောဘတ်ကယ်လီကို စိန်ခေါ်လိုက်ပါတယ်။ အမေရိကန်အခြေစိုက် ProPublica နဲ့ PBS သတင်းဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ “Need to Know” အစီအစဉ်မှာ “ဒါဟာ နျူကလီးယား ရည်ရွယ်ချက်အတွက်ပါ၊ တခြား ဘာအတွက်မှ မဟုတ်ပါဘူးလို့ ပြောရလောက်တဲ့ အချက်အလက် တခုတလေမှ မရှိပါဘူး” လို့ ပြောလိုက်ပါတယ်။“ဓာတ်ပုံတွေထဲက စက်ပစ္စည်း ကရိယာတွေဟာ တခြားဖြစ်နိုင်ခြေရှိတဲ့ အသုံးချမှုတွေ ရှိနိုင်ပါတယ်၊ အခုလို ကြီးမာတဲ့ စွပ်စွဲမှုတွေကို စစ်တပ်က ဘက်ပြောင်းလာတဲ့ သူတယောက်တည်းရဲ့ ထွက်ဆိုချက်အပေါ် အခြေမခံသင့်ပါဘူး” လို့ သူက ဆိုပါတယ်။ထိပ်တန်း နျူကလီယား ပညာရှင်နှစ်ယောက်ရဲ့ ကွဲလွဲတဲ့အမြင်တွေဟာ ဒီနေရာမှာတင် အဆုံးမသတ်သင့်ပါဘူး။ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက တကယ့်ဖြစ်ရပ်မှန်ကို သိသင့်တဲ့ အခွင့်အရေး ရှိရပါမယ်။ IAEA ဟာ ဒီအရှုပ်အထွေးကြီးကို ရှင်းလင်းအောင် လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ တခုတည်းသော အေဂျင်စီ ဖြစ်ရုံမက အဲဒီလို လုပ်ဆောင်နိုင်တဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ်များလည်း ရှိနေပါတယ်။ဒါ့အပြင် “နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ်နှင့် ဆက်စပ်သော အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေး သဘောတူညီချက်” ကို IAEA နဲ့ မြန်မာစစ်အစိုးရတို့အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားချက်အရ သံသယဖြစ်နေတဲ့ နျူကလီယား စီမံကိန်းနေရာများကို သွားရောက်စစ်ဆေးနိုင်တဲ့ အခွင့်အရေးကို ကျင့်သုံးဖို့ IAEA မှာ အခွင့်အာဏာရှိပါတယ်။အဲဒီစာချုပ်ကို ၁၉၉၅ ခုနှစ် ဧပြီလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထိုစဉ်က မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဟန်းဘလစ်တို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်အဖြစ် ၁၉၉၂ ခုနှစ်ကတည်းက ရှိနေခဲ့သလို အရှေ့တောင် အာရှ နျူကလီယားလက်နက် ကင်းမဲ့ဇုန်စာချုပ်ကိုလည်း ၁၉၉၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေး သဘောတူညီချက်ရဲ့ ပုဒ်မ ၂ က “ဤသဘောတူညီချက်ပါ စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နိုင်ငံတော်၏ တရားစီရင်ပိုင်ခွင့်အောက်တွင် သို့မဟုတ် နိုင်ငံတော်က ထိန်းချုပ် အကောင်အထည်ဖော်နေသည့် မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက် အသုံးပြုသော နျူကလီးယားလုပ်ငန်း အရင်းအမြစ် အားလုံး သို့မဟုတ် ထူးခြားသည့် ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်သော သတ္တုပစ္စည်းများ၏ အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေးလုပ်ငန်းကို IAEA က လုပ်ဆောင်ရန် တာဝန်ဝတ္တရားနှင့် အခွင့်အရေးရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် အဆိုပါ ဓာတ်သတ္တုများကို နျူကလီယားလက်နက် သို့မဟုတ် တခြားပေါက်ကွဲစေတတ်သော နျူကလီယားပစ္စည်းများအဖြစ် ပြောင်းလဲခြင်းရှိမရှိ သေချာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန်အတွက် ဖြစ်သည်” လို့ ဖော်ပြထားပါသည်။ထိုသဘောတူညီချက်ရဲ့ ပုဒ်မ ၃ အရ တကယ်လို့ IAEA က သံသယဖြစ်နေတဲ့ နေရာတွေကို သွားရောက်စစ်ဆေးချင်ရင် မြန်မာစစ်အစိုးရဟာ IAEA နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ၀တ္တရားရှိပါတယ်။ ဒါပေမယ့် IAEA ရဲ့ စစ်ဆေးရေးမှူး ခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်း လုပ်ဆောင်တဲ့နေရာတွေမှာ စစ်အစိုးရရဲ့ သဘောတူညီမှုကို ပထမ ရယူရပါလိမ့်မယ်။တကယ်လို့ စစ်အစိုးရက စစ်ဆေးရေးမှူးခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို လက်ခံဖို့ အကြိမ်ကြိမ် ငြင်းဆန်နေမယ်ဆိုရင် IAEA အုပ်ချုပ်ရေးအဖွဲ့က အဲဒီကိစ္စကို သင့်လျော်သလို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးနိုင်တာကို သဘောတူညီချက်ရဲ့ ပုဒ်မ ၉ (က) မှာ ဖော်ပြထားပါတယ်။ဒီလိုအချိန်မှာပဲ မြန်မာစစ်အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များအပေါ် အငြင်းပွားမှုကို ပိုပြီးအားကောင်းစေတဲ့ နောက်ထပ် သတင်းဆောင်းပါတပုဒ်ကို The New Republic က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။Burma Bombshell ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရှင် ဂျိုရွှာ ကာလန်ဇစ် (Joshua Kurlantzick) က “လွန်ခဲ့တဲ့လကပဲ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု တခုက မြောက်ကိုရီယားနိုင်ငံဟာ တားမြစ်ထားတဲ့ နျူကလီယားဆိုင်ရာ ပစ္စည်းကရိယာတွေကို မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ နောက်ထပ် အထောက်အထားတွေ တွေ့ရှိခဲ့တယ်” လို့ ရေးသားလိုက်ပါတယ်။နိုင်ငံတကာအသိုင်းအ၀န်းက မီးခိုးကိုတော့ ရှာဖွေထောက်လှမ်း တွေ့ရှိခဲ့ပါပြီ။ အခုအခါမှာတော့ ဒီမီးခိုးထွက်လာတဲ့ မီးပုံကို ရှာဖွေဖို့ IAEA မှာ တာဝန်ရှိလာပါပြီ။ ထို့အတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အာဆီယံအသင်းကြီးကလည်း IAEA ရဲ့ ကြိုးပမ်းအားထုတ်မှုကို ခိုင်ခိုင်မာမာ ထောက်ခံရမှာ ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးထားတဲ့ အရှေ့တောင်အာရှဒေသအတွင်း နျူကလီယားလက်နက် မပြန့်ပွားရေးဇုန် သဘောတူစာချုပ်ကြောင့် အာဆီယံအသင်းကြီးမှာလည်း တာဝန်ရှိနေလို့ပါပဲ။

ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်

ဟိန်းသူ Friday, 24 December 2010 18:06


မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေမည့် ထာဝရနှင်းဆီ အငြိမ့် အတွက် ပရိသတ်များ အထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။ “လက်မှတ်တွေကတော့ ရောင်းနေရပြီ။ အများဆုံးကတော့ အထူးတန်းတွေရောင်းနေရတယ်။ ပရိသတ်တွေက အတော်လေးကို စိတ်ဝင်စားကြတယ်”ဟု မလေးရှားတွင် ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင်သူ မြန်မာ့ ဥယျာဉ် ကုမ္ပဏီမှ ကိုစိုးသန်းက ပြောသည်။ ယခုဖျော်ဖြေမည့် ထာဝရနှင်းဆီတွင် နိုင်ငံခြားရောက်မြန်မာများအတွက် ရိုးရာယဉ်ကျေးမှုကို အဓိက ပြသမည့် အစီအစဉ်များ ပါဝင် မည်ဖြစ်ကြောင်း၊ ပြက်လုံးများကို အကောင်းဆုံး ကြိုးစားတင်ဆက် သွားမည်ဖြစ်ကြောင်း လူရွှင်တော်အဖြစ် ဖျော်ဖြေမည့် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း ပြောဆိုသည်။“ပြည်ပက ပရိသတ်တွေ အခုလို စိတ်ဝင်စားကြတဲ့အတွက် ၀မ်းသာပါတယ်။ ရေခြား၊ မြေခြားက ပရိသတ်တွေကို ဖျော်ဖြေခွင့်ရဖို့က မလွယ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။ မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်သည့် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ၏ ထာဝရ နှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ နှင့် ဖူးစုံတို့က လည်းကောင်း၊ လူရွှင်တော်များ အဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေကြမည်ဖြစ်သည်။ အဆိုပါပွဲများအတွက် လွန်ခဲ့သည့် ၃ လခန့်ကတည်းက ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ် ကြောင်းနှင့် ပွဲမကမီ အချိန်အတွင်း မလေးရှားနိုင်ငံအတွင်း မည်သည့်ပွဲကိုမှ လက်ခံကပြမည်မဟုတ်ကြောင်းကိုလည်း သဘော တူ ထားကြောင်း သိရသည်။ မလေးရှားနိုင်ငံ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း ၂ နေရာ ကျင်းပမည်ဖြစ်သည်။အနုပညာရှင်များ နှင့် မြန်မာပရိသတ်များ တွေ့ဆုံမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကွာလာလမ်ပူ မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပီနန် မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကိုစိုးသန်း က ရှင်းပြသည်။ ထိုင်ခုံ လက်မှတ်များကို VIP တန်း၊ ရိုးရိုးတန်း၊ အထပ်တန်း၊ ထိုင်ခုံမပါ အဖြစ် သတ်မှတ်ထားပြီး ဈေးနှုန်းများမှာ ရမ်းဂစ် ၅၀ မှ ၁၈၀ အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ ထို့အတူ စင်္ကာပူနိုင်ငံတွင်လည်း မတ်လ ၆ ရက်နေ့တွင် ချိုင်းနားတောင်း ရပ်ကွက်ရှိ Kreta Ayer People’s Treatre ဇာတ်ရုံ တွင် ထာဝရနှင်းဆီ နှစ်ပါးသဘင် ကျင်းပ မည်ဖြစ်သည်။ မြန်မာနှစ်ကူး အတာ သင်္ကြန်ကို ကြိုဆိုသောအားဖြင့် စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီတွင် သစ္စာ မေတ္တာ ရွှေမန်းသဘင် မှ မင်းသား တင်မောင်ဆန်းမင်းဝင်း က ဧည့်သည် အနုပညာရှင်အဖြစ် ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် လက်မှတ် ရောင်းဈေးများကို စင်္ကာပူ ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ(၁) ၌ ကျင်းပသည့် ထာဝရနှင်းဆီအငြိမ့် ဖျော်ဖြေပွဲတွင် နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံး၊ ထွန်းထွန်း၏ “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆိုသော်လည်း လိုင်းက ကျပ် ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်” စသည့် ပြက်လုံးများမှာ မြန်မာပြည်သူများ၏ နေ့စဉ် ဘ၀ကို ထင်ဟတ် နေသောကြောင့် အကြိုက်တွေ့ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။ထိုဖျော်ဖြေပွဲပြီးနောက် ရန်ပုံငွေပွဲ ကပြတင်ဆက်ပြီး အခွေထွက်ရှိမည်ဆိုပါက ဗီဒီယို ဆင်ဆာအဖွဲ့မှ ခွင့်ပြုထားသည့် အတိုင်းသာ ကပြရတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန် ခဲ့သည်။

Monday, December 20, 2010

ရထားလမ်းဖောက်ရန် ရခိုင်ဒေသခံ လယ်မြေများကို သိမ်းယူနေ

ခင်ဦးသာ
ရခိုင်ပြည်နယ် အတွင်း ဖောက်လုပ် နေသော မီးရထားလမ်း စီမံကိန်းကြောင့် ဒေသခံ လယ်မြေများ အသိမ်းခံရသည့် အပြင် စိုက်ခင်းတချို့လည်း ဖျက်ဆီးခံနေ ရကြောင်း သိရသည်။“လယ်မြေတွေ သိမ်းတာ လျော်ကြေးမပေးတဲ့ အပြင် အသိလည်းမပေးပါဘူး။ ရထားလမ်းကြောင်းမှာ ပါတဲ့ ရော်ဘာခင်း တချို့လည်း ဖျက်ဆီးတာ ခံနေရတယ်” ဟု ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။၎င်းဒေသခံ၏ လယ်မြေ ၂ ဧက ဝန်းကျင်ကို ရထားလမ်းနှင့် မလွတ်သောကြောင့် သိမ်းယူကာ ရော်ဘာခင်း၏ တစိတ်တဒေသ ကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိရသည်။စစ်တွေ-အမ်း-မင်းဘူး မီးရထားလမ်း၏ အစိတ်အပိုင်းတခု ဖြစ်သော မြောက်ဦးနှင့် ကျောက်တော်ကြားရှိ မီးရထား လမ်းကြောင်းတွင် လယ်မြေဧက ထောင်ချီ၍ အသိမ်းခံလိုက်ရကြောင်း ဒေသခံများက ဆိုသည်။စစ်အစိုးရ၏ အဆိုပါ မီးရထားလမ်း စီမံကိန်းကြောင့် မကြာခင်ကလည်း မြောက်ဦးမြို့နယ် အတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖျက်ဆီးခံခဲ့ရသည်။“စစ်အစိုးရရဲ့ ရထားလမ်းက ဒေသဖွံ့ဖြိုးရေး ဆိုတာထက် ဒေသခံပြည်သူတွေကို စိတ်ဓာတ်ရေးရာ ထိုးစစ်ဆင်နေတယ်လို့ ခံစားရပါတယ်။ ဒေသခံတွေ တန်ဖိုးထားမြတ်နိုးတာတွေ တခုပြီးတခု ဖျက်ဆီးတယ်။ ပိုင်ဆိုင်မှုတွေကို အာဏာသုံးပြီး လုပ်ချင်တိုင်း လုပ်နေတယ်” ဟု မြောက်ဦး ဒေသခံ တဦးက ပြောသည်။မြောက်ဦးမြို့နယ် အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ဖျက်ဆီး၍ မီးရထားလမ်း ဖောက်လုပ်မှုကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ရာ ဒေသခံများက ကန့်ကွက်ခဲ့၍ လမ်းကြောင်း ပြောင်းခဲ့သော်လည်း ယခုတဖန် ဓည၀တီမြို့ဟောင်းကို ဖျက်ဆီး၍ ဖောက်လုပ်နေကြောင်း၊ လယ်မြေများကိုလည်း လျော်ကြေးမပေးဘဲ သိမ်းဆည်းခြင်းများ ဆက်တိုက် လုပ်ဆောင် နေကြောင်း သိရသည်။ကျောက်တော်-မြောက်ဦး အကြား မီးရထားလမ်းဖောက်လုပ်မှုတွင် အသုံးပြုသည့် မြေတူးစက်ကြောင့် ဒေသခံ စစ်တပ်များကို ဆက်သွယ်ထားသော မြေအောက် ကေဘယ်ကြိုးများ ပျက်စီးသွားခြင်းကြောင့် မီးရထား ဌာနနှင့် စစ်တပ်အကြား ပြဿနာ တချို့ ဖြစ်နေကြောင်းလည်း ဒေသခံများက ပြောသည်။“သူတို့ပိုင်တာကို ထိတော့ တပ်ရင်းမှူးက ရထားလမ်းဖောက်နေတာ ချက်ချင်း ရပ်ခိုင်းထားတယ်” ဟု ဒေသခံ တဦးက ဆိုသည်။ရထားလမ်း ဖောက်လုပ်မှုကို ဒေသခံ ခြေမြန်တပ်ရင်း ၃၇၇ ၏ တပ်ရင်းမှူးက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်ပေး ရပ်နားခိုင်းထားသည်။ ထိုဒေသတွင် တပ်ရင်း ၃၇၇၊ ၃၇၈ နှင့် ၅၄၀ တို့ အခြေစိုက်ထားကြောင်း သိရသည်။စစ်အစိုးရသည် ရခိုင်ပြည်နယ်အတွင်း မီးရထားလမ်းကို ၂၀၀၉ ခုနှစ်မှ စတင်ကာ အမြန်စနစ်ဖြင့် ဖောက်နေပြီး ပြီးစီး သွားသည့် မီးရထား လမ်းပိုင်းများမှာလည်း ခိုင်ခန့်မှု မရှိသဖြင့် မကြာခဏ ပြုပြင်နေရကြောင်း၊ အထူးသဖြင့် စစ်တွေ ဒေသမှရထားလမ်းမှာ ခိုင်ခံမှု မရှိကြောင်း စစ်တွေမြို့ခံများက ဆိုသည်။ယခု စစ်အစိုးရ ဖောက်လုပ်နေသည့် ရထားလမ်းသည် စစ်တွေ-အမ်း-မင်းဘူး ဆက်သွယ်မည့် ရထားလမ်းပိုင်း တခုဖြစ်ပြီး တနိုင်ငံလုံးကို ချိတ်ဆက်မည့် အမျိုးသား ကွန်ယက် ရထားလမ်း၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

အင်္ဂလန်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခံရသော မြန်မာသရုပ်ဆောင် ၆ ဦးထဲ၌ အစိုးရ၀ါဒဖြန့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သူများ ပါဝင်နေ ခြင်းကြောင့် အစီအစဉ် ပျက်သွားကြောင်း သတင်းရရှိသည်။ ၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့က “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာ ကျောင်းသားများ။ (ဓာတ်ပုံ - burmatoday.net)“နေတိုးနဲ့ သူထူးစံတို့ အပါအ၀င် သရုပ်ဆောင် တချို့ကို အင်္ဂလန်က ရုပ်ရှင် ကုမ္ပဏီတခုက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာ ပျက်သွားတယ်လို့ သိရပါတယ်။ နေတိုးကို အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားမှာ ပါဝင်ထားတဲ့ အတွက် ဟိုဘက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပြီး အခြေအနေတွေ ရှုပ်ထွေးမှာစိုးလို့ အင်္ဂလန်သံရုံးက ဗီဇာထုတ်မပေးတာလို့ သိရပါတယ်” ဟု အမည် မဖော်လိုသည့် သရုပ်ဆောင် တဦးက ဧရာဝတီသို့ ပြောသည်။ကမ်းလှမ်းခံရသည့် သရုပ်ဆောင် ၆ ဦးအနက် သူထူးစံမှလွဲ၍ နေတိုး၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနှင့် ၀ိုင်းစုခိုင်သိန်းတို့သည် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ခဲ့ ကြသူများ ဖြစ်သည်။သူထူးစံမှာ ဗီဇာရရှိခဲ့ သော်လည်း မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့က လန်ဒန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများ စာရင်းကို ပြကာ ၄င်းတို့နှင့် ပတ်သက်ခြင်း မပြုရန် ဖိအားပေးခဲ့ ခြင်းကြောင့် ခရီးစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် သရုပ်ဆောင်က ဆက်လက် ပြောသည်။သို့သော် သရုပ်ဆောင် သူထူးစံက “ကျနော်က အင်္ဂလန်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ တိုက်ရိုက် မသိပါဘူး။ ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ အေးဂျင့်ကနေတဆင့် ကျနော့်ကို ဆက်သွယ်တာပါ။ ကျနော်က ဘောလုံးအသင်းနဲ့အတူ နယ်ရောက်နေလို့ သံရုံးနဲ့ ဗီဇာကိစ္စတွေကိုလည်း သေချာ မသိသေးပါဘူး။ ဒီကိစ္စတွေအတွက် ကျနော့် ညီမလေးကပဲ ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။နေတိုးအတွက် ဗီဇာငြင်းဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အင်္ဂလန်သံရုံးသို့ ယမန်နေ့က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။မြန်မာသရုပ်ဆောင်များ ငှားရမ်းရိုက်ကူးရေးအတွက် ဆောင်ရွက်ပေးခဲ့သော မစန္ဒီက “အင်္ဂလန်မှာရှိတဲ့ ကျမ မိတ်ဆွေက မြန်မာ သရုပ်ဆောင်တွေကို ရုပ်ရှင်ရိုက်ဖို့အတွက် ငှားရမ်းလိုတယ် ဆိုတာကြောင့် နေတိုး၊ သူထူးစံ၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနဲ့ ၀ိုင်းစုခိုင်သိန်းတို့ကို ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။ အနုပညာကြေး ညှိနှိုင်းတာတွေ သူတို့ဟာသူတို့ တိုက်ရိုက် ပြောဆိုကြတာပါ။ ကျမက သူတို့နဲ့ ဆက်သွယ်ပေးရုံပါပဲ။ ကျန်တာ သူတို့ဟာသူတို့ ဆက်လုပ်ကြတာပါ” ဟု ပြောသည်။မြန်မာ သရုပ်ဆောင်များကို ကမ်းလှမ်းခဲ့သော အင်္ဂလန်ကုမ္ပဏီမှာ ရှယ်ယာရှင် ၅ ဦးပိုင်ဆိုင်သော ကုမ္ပဏီဟုသာ သိရှိထားပြီး အဆိုပါ ကုမ္ပဏီမှ ရှယ်ယာဝင်တဦးနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် သရုပ်ဆောင်များနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ် ပျက်ရခြင်းမှာ ဗီဇာအခက်အခဲနှင့် ၀ိုင်းစုခိုင်သိန်းကလည်း လက်ခံထားသောပွဲများကြောင့် မအားဟုဆိုကာ နောက်ဆုတ်သွားခြင်း တို့ကြောင့်ဖြစ်ကြောင်း မစန္ဒီက ဆက်လက် ပြောသည်။တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တပ်မှ အငြိမ်းစား ဒု ဗိုလ်မှူးကြီး တင်သန်းဦး စီစဉ်ရိုက်ကူးခဲ့သည့် အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသည် သမိုင်းအမှန်ကို ဖျောက်ဖျက်သည့် ဇာတ်ကားတကား ဖြစ်ခြင်းကြောင့် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများကို ပြည်ပခရီးစဉ်များတွင် ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြမှုများ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်ရောက် နေတိုးနှင့် သရုပ်ဆောင်များ၊ အမေရိကန်ရောက် ၀ိုင်းစုခိုင်သိန်းနှင့် သရုပ်ဆောင်များကို ပြည်ပရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။

Thursday, December 16, 2010

ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော



ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် “မိုက်မဲသောသူများ”၊ “ထုံပေပေ နိုင်သောသူများ” ဖြစ်သည်ဟု စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင် လီကွမ်ယုက ပြောကြောင်း ၀ီကီလိစ်က ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။ စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင် လီကွမ်ယု (ဓာတ်ပုံ - ရိုက်တာ)၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်ယုတို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရခြင်းမှာ “လူသေများနှင့် စကားပြောရသလိုပဲ” ဟုလည်း မစ္စတာလီကွမ်ယုက ပြောထားသည်။တရုတ်အစိုးရသည် မြန်မာစစ်ခေါင်းဆောင်များအပေါ် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း၊ အခြား တဖက်တွင်လည်း မြန်မာနိုင်ငံ တည်ငြိမ်မှုမရှိလျှင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်နေကြောင်း မစ္စတာ လီကွမ်ယုက ပြောကြောင်း စင်ကာပူဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်ရှာ ဟာဘိုးလ် (Patricia L. Herbold) က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ယခုအခါ အသက် ၈၇ နှစ် ရှိပြီဖြစ်သည့် မစ္စတာ လီကွမ်ယုသည် ၁၉၅၉ ခုနှစ် မှ ၁၉၉၀ ခုနှစ်အထိ စင်ကာပူ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခုလက်ရှိဝန်ကြီးချုပ် လီရှန်လွန်းမှာ ၎င်း၏ သားဖြစ်သည်။ဝီကီလိစ်သည် ယခုလအစောပိုင်းမှ စ၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများသည် အာဆီယံအသင်းကြီး၏ အတွင်းရေးများကို တရုတ်နိုင်ငံအား လက်ထောက်ချနေသည်ဟု မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဖွင့်ချခဲ့သေးသည်။ဝီကီလိစ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။အမေရိကန် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည့်အတွက် ၀ီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို အမျက်ထွက်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲက အမျိုးသား လုံခြုံရေးကို ထိခိုက်လာပြီဟု ပြောဆိုခဲ့သည်။ဆွီဒင်အစိုးရက သြစတြေးလျနိုင်ငံသား ဂျူလီယန် အက်စ်ဆန်းကို အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင်မှုများဖြင့် အလိုရှိသည့်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။မစ္စတာ ဂျူလီယန် အက်စ်ဆန်းသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး အဖမ်းခံခဲ့သည်။ယမန်နေ့က မစ္စတာ ဂျူလီယန် အက်စ်ဆန်းကို လန်ဒန်မြို့ ၀က်ဘ်မင်စတာ တရားရုံးမှ အမေရိကန်ဒေါ်လာ ၃ သိန်း ၁ သောင်း ၅ ထောင်ဖြင့် အာမခံပေးခဲ့သည်ဟု ယနေ့ထုတ် The Guardian သတင်းစာတွင် ရေးသားထားသည်။၎င်းအား အမေရိကန် ရုပ်ရှင် ဒါရိုက်တာ မိုက်ကယ်မိုးလ်၊ ဗြိတိသျှရုပ်ရှင် ဒါရိုက်တာ ကန်လို့ ရှ်၊ ရုပ်ရှင်သရုပ်ဆောင် ဟူးခ်ျ ဂရန့်၏ ချစ်သူဟောင်း သန်းကြွယ်သူဌေးမ ဂျင်မီမာခန်း၊ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို၏ တူမဖြစ်သူ စာရေးဆရာမ ဖက်တီမာ ဘူတို၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဘီယာနာ ဂျက်ကာတို့က အာမခံခဲ့ခြင်း ဖြစ်သည်။အာမခံဖြင့် အင်္ဂလန်နိုင်ငံ၌ နေစဉ်အတောအတွင်း သတ်မှတ်ထားသည့် အဆောက်အဦးတွင် နေထိုင်ရမည်ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၂ နာရီ၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အပြင်သွားလာခွင့် မရှိသည့်အပြင် နီးစပ်ရာ ရဲစခန်းကို ညနေတိုင်း သတင်းပို့ရမည် ဖြစ်သည်။ထို့အပြင် ၎င်း၏ လှုပ်ရှားမှုများကို အမြဲတမ်းသိနိုင်သည့် ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသည့် ကိရိယာတခုကိုလည်း လက်တွင်အမြဲ ၀တ်ဆင်ထားရမည်ဟု ပါရှိသည်။ထိုသို့ အာမခံရရှိခဲ့သော်လည်း ဆွီဒင်နိုင်ငံမှ စွဲဆိုထားသည့် အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှုများနှင့် ပတ်သက်၍ ဆွီဒင်နိုင်ငံသို့ လွဲအပ်ခြင်းရှိ မရှိကိုမူ ဂျူလီယန် အက်စ်ဆန်း စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမှုရေးလုပ်ငန်းများ အဟန့်အတားဖြစ်ဟု ပြော

ထက်အောင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက် ပြည်သူများ၏ လူမှုရေး ပြဿနာများတွင် တက်တက်ကြွကြွ ပါဝင်ကူညီနေခြင်းသည် ၎င်းတို့ လုပ်ကိုင်နေသော လူမှုရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေသည်ဟု အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်း (NGO) တချို့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ပြောကြောင်း သတင်းရရှိသည်။နိုဝင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာနှင့် ပြည်တွင်း NGO များ၏ တွေ့ဆုံပွဲတွင် အဆိုပါ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲအတွင်း ရွေးကောက်ပွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူမှုပြဿနာများကို ဖြေရှင်းရာတွင် လူမှုအဖွဲ့အစည်းများကို လမ်းဖွင့်ပေးမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်ဟု ဧရာဝတီသတင်းဌာနမှ ရရှိခဲ့သော အလွတ်သဘော မှတ်သားထားသည့် အစည်းအဝေးမှတ်စုတခုအရ သိရသည်။မစ္စတာ နမ်ဘီယာနှင့် တွေ့ဆုံသူများထဲတွင် Myanmar Egress မှ ဦးနေ၀င်းမောင်၊ ပျိုးပင်အဖွဲ့မှ ဦးခင်မောင်ရင်နှင့် ဒေါက်တာ မျိုးလွင်၊ Phoenix Association (Myanmar) မှ ဦးသီဟကြိုင်၊ Local Resource Center မှ ဒေါ်မဉ္ဇူ၊ မေတ္တာဖောင်ဒေးရှင်းနှင့် International Development Enterprise တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။ ဆွေးနွေးပွဲမှတ်စုအရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ၎င်းတို့၏ လူမှုလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ပို၍ခက်ခဲလာကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ တင်းမာသော နိုင်ငံရေး ရပ်တည်ချက်ကြောင့်ဟု ယူဆကြောင်း၊ ဥပမာ ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုသည် အန္တရာယ်ကြီးကြောင်းကို ဦးနေ၀င်းမောင်နှင့် ဦးခင်မောင်ရင်တို့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ပြောကြားခဲ့သည်ဟု သိရသည်။သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရပ်တည်ချက်က ၎င်းတို့၏ လူမှုရေးလုပ်ငန်းများကို မည်ကဲ့သို့ ထိခိုက်စေနိုင်သည်ကို အဆိုပါဆွေးနွေးပွဲမှတ်စုတွင် ဖော်ပြထားခြင်းမရှိပါ။ ယင်းပြောဆိုချက်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလို၍ ဧရာဝတီမဂ္ဂဇင်းက ဦးနေ၀င်းမောင်ကို တယ်လီဖုန်းဆက် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။ဦးနေ၀င်းမောင်သည် Myanmar Egress ကို တည်ထောင်သူတဦးဖြစ်ပြီး နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို တက်တက်ကြွကြွ ထောက်ခံခဲ့ကာ မဲဆန္ဒရှင်ပညာပေး အစီအစဉ်များ လုပ်ဆောင်ခဲ့သူဖြစ်သည်။ အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တခုဖြစ်သော The Voice Weekly ကိုလည်း ထုတ်ဝေနေသည်။ ဦးခင်မောင်ရင်သည် ပျိုးပင်အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်ပြီး ထိုအဖွဲ့ကို ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးမှတဆင့် ဗြိတိသျှနိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (DFID) ၏ အထောက်အပံ့ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။“သူတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို သိပ်အကောင်း မမြင်ကြဘူးဗျ။ သူတို့ကပြောတယ်ဗျ။ ဒေါ်စုမလွတ်ခင်က သူတို့ အလုပ်လုပ်ရတာ အခြေအနေ ပိုကောင်းတယ်။ ဒေါ်စုလည်း လွတ်ပြီးရော အခြေအနေတွေက မတည်မငြိမ်ဖြစ်လာပြီး အလုပ်လုပ်ရတာ ပိုခက်ခဲလာတယ်” ဟု ဦးသီဟကြိုင်က ပြောသည်။ကျနော်ကတော့ ဒီလိုမမြင်ပါဘူးဟုလည်း ဦးသီဟကြိုင်က ဆိုသည်။ ၎င်းက “သူတို့တွေအများစုက လူထုကြားမှာ တကယ် လုပ်ကိုင်နေကြသူတွေ မဟုတ်ပါဘူး၊ များသောအားဖြင့် ပေါ်လစီအကြောင်းတွေပဲ ပြောနေကြသူတွေဖြစ်ပြီး လူထုကြားက တကယ့် ဖြစ်ရပ်အမှန်တွေကို မသိသလို ကိုယ်စားလည်း မပြုကြပါဘူး” ဟုပြောသည်။ဦးသီဟကြိုင် ဦးဆောင်သည့် Phoenix Association သည် HIV/AIDS ဝေဒနာရှင်များဖြင့် ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်း တခု ဖြစ်သည်။ HIV/AIDS ဝေဒနာရှင်များ ရင်ဆိုင်နေရသော လူမှုရေးနှင့် စီးပွားရေးပြဿနာများကို ကူညီဖြေရှင်းပေးရန် အတွက် ထိုအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။Phoenix Association ၏ လုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးကတည်းက ကြီးကြီးမားမား အခက်အခဲ ကြုံရမျိုး မရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခြင်းကို အကောင်းမြင်ကြောင်း ဦးသီဟကြိုင်က ပြောသည်။“တကယ်တော့ ဒေါ်စုရဲ့ သြဇာအရှိန်အ၀ါကိုသုံးပြီး ကျနော်တို့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကို မြှင့်တင်နိုင်ပါတယ်၊ ကျနော် အလုပ်လုပ်ကိုင်နေတဲ့ ရပ်ရွာတွေထဲက ပြည်သူတွေက ဒေါ်စုအပေါ် အပြည့်အ၀ ထောက်ခံကြပါတယ်” ဟု ၎င်းက ဆိုသည်။ထိုအလွတ်သဘော မှတ်သားထားသော အစည်းအဝေးမှတ်စုအရ ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ကြာ ထိန်းသိမ်းခံထားခဲ့ရစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို လေ့လာရန် လိုအပ်နေသေးကြောင်းကို ဦးနေ၀င်းမောင်နှင့် ဦးခင်မောင်ရင်တို့က ပြောဆိုခဲ့သည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ၎င်းတို့ အခွင့်အရေးမရခဲ့ဟု ဝေဖန်ပြောဆိုခဲ့သည့် အချက်အပေါ် တွေ့ဆုံမှုများကို စီစဉ်ပေးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူ ဦးသိန်းဦးကို ဧရာဝတီသတင်းဌာနမှ မေးမြန်းရာတွင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို Egress အနေနဲ့ ပြောဆိုခဲ့တာမျိုး မရှိခဲ့ပါဘူး” ဟု ပြောသည်။ပြည်တွင်းရှိ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် တာဝန်ရှိသူတဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကလည်း Egress နှင့် ပျိုးပင်အဖွဲ့တို့၏ ပြောဆိုချက်ကို အခြေအမြစ်မရှိ ပြောဆိုခြင်းသာဖြစ်သည်ဟု ငြင်းဆိုလိုက်ပြီး “ဒေါ်စုလွတ်လာကတည်းက သူဟာ အဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” ဟု ပြောသည်။လွန်ခဲ့သည့်လက လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းလာစေရန် ပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေးဖိုရမ် အစည်းအဝေးအတွက် ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင်လည်း မြန်မာနိုင်ငံ၏ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပိုပြီး ထောက်ပံ့ကူညီမှုပေးကြရန်၊ သို့သော် ထိုအကူအညီများသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ပြီး တာဝန်ခံမှုလည်း ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သေဆုံးသူ လူငယ် အသုဘကျောက်ဖြူတွင် ပြုလုပ်


ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ စစ်သား တစ်ဦး၏ ပစ်ခတ် သတ်ဖြတ်ခံရသူ မောင်ဝင်း၏ အသုဘကို ယမန်နေ့ နေ့လည်ပိုင်းက ကျောက်ဖြူတွင် ပြုလုပ်ခဲ့သည်။

မသဂြိုလ်မှီ ရိုက်ကူးထားသော မောင်ဝင်းပုံ အဆိုပါ အသုဘသို့ လူအများအပြား လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။“ ရဲက ဆေးစစ်ဆေးချက်တွေ ရပြီးတဲ့နောက်မှာ မောင်ဝင်း အလောင်းကို သူ့မိဘတွေဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။ မိဖတွေရော သူဆွေမျိုးတွေရော အကုန်လုံး ကျောက်ဖြူကို လိုက်လာကြပြီး ကျောက်ဖြူ ပိုက်ဆိပ် သချိင်္ုင်းမှာ မနေ့က နေ့လည် ၂ နာရီခွဲမှာ သဂြိင်္ုလ်ခဲ့ပါတယ်။” ဟု ပြောသည်။ယခုအခါ မောင်ဝင်း အသတ်ခံရမူနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမူဖွင့်ထားသည်ဟု ရဲက အတည်ပြု ပြောကြားသည်။မောင်ဝင်း၏ မိသားစုကို တပ်ရင်း ၅၄၂ မှ တပ်ရင်းမှူးမှ နစ်နာကြေး ကျပ်တစ်သိန်းပေးကြောင်း သူ၏ ဆွေမျိုး တစ်ဦးကလည်း ပြောသည်။“ မိသားစုတွေက ဆင်းရဲတော့ တပ်ရင်းမှူးပေးတဲ့ ပိုက်ဆံကို မယူချင်ပေမယ့် လက်ခံခဲ့ရပါတယ်။ တပ်ရင်းမှူးက သဂြိုလ် စရိတ် အနေနဲ့ ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုသိုလ် ကောင်းမူ လုပ်တဲ့အခါလည်း ကူညီပေးအုံးမယ်ဆိုပီး ပြောပါသေးတယ်” ဟု ပြောသည်။မောင်ဝင်းကို ဒီဇင်္ဘာလ ၁၄ ရက်နေ့က မင်းကြောင်း (ချောင်း) တံတားတွင် တာဝန် ကျနေသော စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းပြီး ကမ်းကပ်နေစဉ် အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။လေဘေးဒဏ်ကြောင့် လူထုများ အနေဖြင့် အထူး ဒုက္ခ ရောက်နေကြချိန်တွင် ယခုကဲ့သို့ စစ်တပ်မှ နိုင်ထက်စီးနှင်း ပြုလုပ်ပြီး အပြစ်မဲ့ လူငယ် တစ်ဦးကို သတ်ပစ်ခဲ့သဖြင့် ဒေသခံ လူထု အတွင်း အထူးခံပြင်း ဒေါသထွက်နေကြသည်ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

အရက်မူးသည့်တပ်ကြပ် ပစ်ခတ်၍ ရခိုင် ဒေသခံတဦးသေဆုံး

ခင်ဦးသာ

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း သေဆုံးခဲ့ရကြောင်း သိရသည်။ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ မင်းကြောင်း တံတားအနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၀န်းကျင်က အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။“ကိုမောင်ဝင်းက မအီဘက်မှာ စပါးအငှား ရိတ်သိမ်းဖို့ စက်လှေနဲ့ လိုက်လာတဲ့အချိန်မှာ တံတားတာဝန်ကျနေတဲ့ တပ်ကြပ်က စက်လှေကို တားဆီးပြီး ပစ်လို့ သူ့ကို ထိသွားတာပါ” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။မင်းကြောင်းတံတား၌ တာဝန်ကျသော စစ်သားများသည် တံတားကို ဖြတ်ကျော် မောင်းနှင်ရသည့် စက်လှေမော်တော်ဘုတ် စသည့် ရေယာဉ်များထံမှ အခကြေးငွေများကို အဓမ္မ ကောက်ခံနေကြောင်း၊ မကျေနပ်ပါက ဆဲဆို ကြိမ်းမောင်းတတ်ကြောင်း၊ ကိုမောင်ဝင်းအား ပစ်ခတ်သူ တပ်ကြပ်သည် အခင်းဖြစ်ပွားသည့်နေ့က အရက်မူး နေကြောင်း ဒေသခံများက ပြောသည်။အဆိုပါ တံတားကို လုံခြုံရေး ချထားသည်မှာ ၄ လ ၀န်းကျင်သာ ရှိသေးကြောင်းလည်း သိရသည်။ကိုမောင်ဝင်းနှင့်အတူ စက်လှေပေါ်၌ လူ ၁၅ ဦး ၀န်းကျင်ပါလာကြောင်း၊ ၎င်းတို့သည် မင်းတပ်ချောင်ဘက်မှ စက်လှေဖြင့် ထွက်လာကြစဉ် တံတား အနီးရောက်သောအခါ တာဝန်ကျစစ်သားက စက်လှေကိုတား၍ အစစ်ဆေးခံရန် အမိန့်ပေးကြောင်း၊ စက်လှေ ကပ်သည့်အချိန် အနည်းငယ် နောက်ကျခြင်းကြောင့် စက်လှေကို ဦးတည် ပစ်ခတ်ရာ ကိုမောင်ဝင်း၏ ခြေထောက်ကို ကျည်ဆန် ထိမှန်ပြီး ကျောက်ဖြူ ဆေးရုံသို့ သယ်ယူလာစဉ် သွေးထွက်လွန်၍ သေဆုံးသွားကြောင်း၊ စက်လှေပေါ်ပါလာသူ နောက်တဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ဒေသခံများက ပြောသည်။“၁၅ ရက်နေ့မှာ ကိုမောင်ဝင်းရဲ့ အသုဘကို ကျောက်ဖြူ မြို့ပေါ်က မြို့မသုဿာန်မှာပဲ ချက်ချင်း ချခိုင်းတယ်” ဟု ဒေသခံတဦးက ဆိုသည်။သေဆုံးသူ ကိုမောင်ဝင်းသည် အိမ်ထောင်သည် တဦးဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်ကြောင်းသိရသည်။ကိုမောင်ဝင်းအား ပစ်ခတ်သော စစ်တပ်သည် ကျောက်ဖြူမြို့ ကျောက်တလုံး ဘုရား အနီး၌ အခြေစိုက်တပ်စွဲထားသည့်စစ်တပ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား ဗျူဟာမှူးက ခေါ်ယူကာ လျော်ကြေးပေးမည်ဟု ပြောဆိုပြီး ပစ်ခတ်သူ စစ်သားအား အရေးယူမှုနှင့်ပတ်သက်၍ သေချာစွာ ပြောဆိုမှု မရှိသေးကြောင်း ကိုမောင်ဝင်းနှင့် နီးစပ်သူ တဦးက ပြောသည်။လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကျေးရွာဥက္ကဋ္ဌ တဦးအား နယ်မြေခံ စစ်တပ်တတပ် ဖြစ်သော ခမရ ၅၃၈ မှ စစ်ဗိုလ် ကျော်ကျော်အောင်က အနိုင်အထက်ပြုမှုတခု ဖြစ်ပွားခဲ့သေးသည်။ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပဲခူးမြို့ အင်းတကော် အခြေစိုက် ခမရ ၁၀၁ မှ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ခလရ ၅၉ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် တပ်သား မောင်ထွန်းတို့က ဒေသခံ မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့အား သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ စစ်တပ်သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့်ပြည်ပရန်ကို ကာကွယ်ရန် အင်အားကြီးသော ခေတ်မီ တပ်မတော်ကြီး ဖြစ်သည်အထိ တည်ဆောက်နေကြောင်း မကြာခဏ ပြောဆိုလေ့ ရှိသည်။

Tuesday, December 14, 2010

မြန်မာတွင် နျူကလီးယား လက်နက် အစီအစဉ် မရှိဟု ထိုင်းဝန်ကြီးချုပ် ပြော

ရန်ပိုင်
မန်မာစစ်အစိုးရက နျူကလီးယား လက်နက်အစီအစဉ် လုပ်ဆောင်နေသည်ဆိုသော သတင်းကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မယုံကြည်ကြောင်း ပြောဆိုလိုက်သည်။
ယခုနှစ် အောက်တိုဘာလအတွင်းက နေပြည်တော်သို့ အလည်အပတ်သွားရောက်ခဲ့သော ထိုင်းဝန်ကြီးချုပ် အဖိဆစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြိုဆိုနှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ - Thai Government House)၀ီကီလိစ်မှ ပေါက်ကြားသကဲ့သို့ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားအကူအညီဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင် နေသည် သို့မဟုတ် ထုတ်လုပ်နေသည်ဟု ပြောဆိုနေမှုများသည် သက်သေအထောက်အထား မရှိဘဲ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် မည်သည့်နိုင်ငံမှ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက်မရှိကြောင်း မစ္စတာ အဖိဆစ်က ယမန်နေ့ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင် ပြောထားသည်။“အာဆီယံနဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန်အဖြစ် မြန်မာပြည်က မြင်ချင်ပါတယ်လို့ ပြောတာ ကျနော်မှတ်မိပါတယ်” ဟု ၎င်းကဆိုသည်။ထို့အပြင် ထိုင်းနိုင်ငံ လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြောင်းလည်း ဆက်လက် ပြောဆိုသည်။စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်ပြီး ဒုံးလက်နက် ဆိုင်ရာကိစ္စများကို တာဝန်ယူခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြီးခဲ့သည့် ဇွန်လအတွင်းက ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပူးပေါင်း၍ အယ်လ်ဂျာဇီးရား ရုပ်သံ သတင်းဌာနတဆင့် နိုင်ငံတကာသို့ ဖွင့်ချခဲ့သည်။စစ်အစိုးရတွင် နျူကလီယားလက်နက်စီမံကိန်း မရှိကြောင်း မစ္စတာ အဖိဆစ်၏ ခုခံပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူး စိုင်းသိန်းဝင်းက “ဘယ်လို သက်သေအထာက်အထားနဲ့ ပြောသလဲ၊ မြန်မာပြည်ထဲမှာရှိတဲ့ ထိုင်း ထောက်လှမ်းရေးတွေ ဆီကလား၊ ဒါမှမဟုတ် နအဖက သပိတ်ကျင်းမှာရှိတဲ့ သူတို့ စီမံကိန်းကို ခေါ်ပြလို့လားဆိုတာကို ထိုင်း ၀န်ကြီးချုပ်ကို ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်” ဟု ဆိုသည်။မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက အမေရိကန်အစိုးရက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ပြီးခဲ့သည့် သီတင်းပတ်က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။စစ်အစိုးရက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်းအတွင်း မြောက်ကိုရီးယား အကူအညီဖြင့် မြေအောက်ဥမင်လိုဏ် ခေါင်းများ တည်ဆောက်နေကြောင်း၊ ထို့အပြင် ကြီးမားသည့် ကိရိယာများကို တွဲသင်္ဘောများဖြင့် သယ်ယူနေကြောင်း၊ ထိုသို့ သယ်ယူနေခြင်းသည် ကြီးမားသော စီမံကိန်း၊ အထူးသဖြင့် မကွေးတိုင်း မင်းဘူးမြို့အနီးတွင် တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းစက်ရုံအတွက် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပေးပို့သည့် လျှို့ဝှက် အစီရင်ခံစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။အဆိုပါ သံသယဖြစ်ဖွယ် ဥမင်များကို စစ်အစိုးရက မင်းဘူး-အမ်း ကားလမ်းနံဘေးရှိ မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် မြောက်ကိုရီးယားအကူအညီဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသနှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်များတွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း စောင့်ကြည့်လေ့လာသူ ဒေသခံတဦးကလည်း ဧရာဝတီသို့ ပြောသည်။စစ်အစိုးရက ပြည်ပမှ နျူကလီးယားနှင့် ပတ်သက်သည့် ပညာရှင်များကို ဖိတ်ခေါ်ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်နေကြောင်း၊ ရရှိသည့် အချက်အလက်များကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဦးဆောင်ပြီး ရူပဗေဒပညာရပ်နှင့် ပါရဂူဘွဲ့ရထားသည့် မြန်မာပညာရှင်များနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ အနီးတွင် ယူရေနီယမ် သန့်စင်ရန် ကြိုးစားနေသည်မှာ မည်သူမျှ မငြင်းနိုင်ကြောင်းလည်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍ မကျန်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

ခက်ထန်
စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်တော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၅၃ သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (ဓာတ်ပုံ - မြန်မာ့အလင်း)ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင် မိုးရွာသွန်းမှုကြောင့် မိုးလုံလေလုံခန်းမအတွင်း ပြုလုပ်ခဲ့သော ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ တက္ကသိုလ်များတည်ဆောက်ခြင်း စသည်တို့ကို ကဏ္ဍတခုချင်းစီ အရေအတွက်များဖြင့် ပြောထားသည်။“စစ်အစိုးရ သတင်းစာပဲ ဖြစ်ဖြစ်၊ သူတို့ ဗိုလ်ချုပ်တွေ မိန့်ခွန်းပဲဖြစ်ဖြစ် အရေအတွက်တွေကိုပဲ ပြောတယ်၊ အရည်အချင်းကို ဘယ်တော့မှ မပြောဘူး။ တက္ကသိုလ်တွေ ဘယ်လောက်ဆောက်ဆောက် ပညာရေးက နိမ့်ကျနေတုန်းပဲ။ တခြားကဏ္ဍတွေမှာလည်း အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် အမြဲ နောက်ကချည်း နေနေရတုန်းပဲ” ဟု ပြည်တွင်းမှ အယ်ဒီတာတဦးက ဝေဖန်ချက်ပေးသည်။နာဂစ်နှင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ဆန်စပါးထုတ်လုပ်မှု အထိနာနေသော်လည်း မြန်မာနိုင်ငံသည် “ဆန်စပါး ထုတ်လုပ်မှု မြင့်မားတဲ့ နိုင်ငံအဆင့်” ကို ရောက်ရှိနေပြီး “ပဲမျိုးစုံနှင့် ပတ်သက်လာလျှင်လည်း အရှေ့တောင်အာရှ ဒေသတွင်းတွင် ဦးဆောင်နိုင်ငံ” ဖြစ်လာနေသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသွားသည်။၂၀၀၉ ပထမနှစ်ဝက်တွင် ပြည်ပတင်ပို့သော ဆန် မက်ထရစ်တန်ချိန် ၇ သိန်း ၅ သောင်း ကျော်ရှိခဲ့သော်လည်း ယခုနှစ် ပထမ နှစ်ဝက် တင်ပို့နိုင်မှုမှာ ၂ သိန်း ၇ သောင်းကျော်သာရှိကြောင်း၊ ယမန်နှစ်ကထက် ထက်ဝက် ကျဆင်းနေကြောင်း စစ်အစိုးရ၏ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆွစ်ဇာလန်ပိုင် ဒေသရုံးခွဲဖြစ်သော ကုန်စည်စီးဆင်းမှု တိုင်းတာရေးအဖွဲ့ SGS တို့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်း ဆန်လက်ကျန် နည်းခြင်း၊ နယ်စပ်တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု မရှိခြင်းတို့ကြောင့် ဆန်နှင့် စားသုံးဆီများ ဈေးမြင့်တက်ခဲ့သည်။အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၀ အစီရင်ခံစာတွင်မူ “မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်မှာ ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ၅.၀ ရာခိုင်နှုန်းသာ တိုးတက်မှုရှိပြီး ၂၀၁၁ တွင် ၅.၃ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းရသည်။ အာရှဖွံ့ဖြိုးမှု သုံးသပ်ချက်အရ နိမ့်ကျလျက်ရှိနေသည်” ဟု ဖော်ပြထားသည်။ဗိုလ်ချုပ်မှူးကြီးက ကိုးခရိုင်စိမ်းလန်းစိုပြေရေးကို ၁၃ ခရိုင်အထိ ချဲ့ပြီးဖြစ်၍ ရာသီဥတု ကောင်းမွန်သည်ဟု ဆိုသော်လည်း မြန်မာ ပညာရှင်များကမူ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာရှိကြောင်း ယခု နှစ်လယ်ပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့ကြသည်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက သစ်တော ထိန်းသိမ်းမှု မပြုလုပ်ခြင်းနှင့် ပတ်သက်၍ “အခုက သစ်ပင် ၁၀ ပင်ခုတ်ရင် ၁ ပင်ပဲ ပြန်စိုက်နိုင်တယ်” ဟု ထောက်ပြထားသည်။ လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းများဖောက်လုပ်ရာတွင် နေပြည်တော်ကိုသာ ဗဟိုပြုပြီး ဖောက်လုပ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံ ၃၁ ရုံ၊ တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၂ ရုံရှိသည်ဟု မိန့်ခွန်းတွင် ပြောထားသော်လည်း လျှပ်စစ်စွမ်းအင် ရရှိမှုမှာ အဓိက မြို့ကြီးများတွင်ပင် လုံလောက်စွာ ရသည့်အနေအထားမရှိဘဲ နယ်ဒေသများတွင် ကိုယ့်အားကိုယ်ကိုး၍ မီးစက်များဖြင့် ပေးဝေနေရကြောင်း သတင်းများအရ သိရသည်။ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ရေနံလုပ်ကွက်သစ်များလည်း ထပ်မံတွေ့ရှိထားကြောင်းလည်း ပြောသွားသည်။စစ်အစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝလုပ်ငန်းမှ ဝန်ထမ်းတဦးက “နိုင်ငံခြားကုမ္ပဏီတွေက လာလုပ်တယ်။ ရလာတဲ့ ငွေတွေက နိုင်ငံတော်အတွက် ဟုတ်ပတ်တိ မရောက်ဘူး။ သက်ဆိုင်ရာ သူတို့ ကုမ္ပဏီတွေနဲ့ ဝန်ကြီးတွေ ညွှန်မှူးတွေ ဝေစားမျှစားနဲ့ ပြီးနေတာပဲ” ဟု ပြောသည်။တနှစ်လျှင် ဒေါ်လာ သန်းချီ၍ ဝင်ငွေရနေသော သဘာဝဓာတ်ငွေ့ လုပ်ငန်း နှစ်ခုကိုလည်း ရွေးကောက်ပွဲ မတိုင်ခင် လများကတည်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) အသုံးစရိတ်အတွက် လွှဲပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်တွင် နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းစေပြီး “စောင့်ရှောက်” ထားသည်ဟု သုံးနှုန်းပြောဆိုသွားသည်။စစ်တပ်သည် ဆက်လက်၍ တက်လာမည့် အစိုးရသစ်ကို ကူညီရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။ တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက ထိုအချက်ကို မီးမောင်းထိုး၍ သတင်းရေးထားသည်ကို တွေ့ရသည်။နိုင်ဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီ က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရထားပြီး ပြိုင်ဘက်ပါတီများက မဲမသမာမှုများ ရှိသည်ဟု ထုတ်ဖော် ပြောဆိုထားကြသည်။ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များက ရှေ့ဆုံးမှထိုင်ကြပြီး ဗိုလ်ချုပ်များက အနောက်တွင်သာ ထိုင်ရသည့်အပေါ် အကဲခတ်သူများက ဝေဖန်မှုများလည်း ရှိနေသည်။ တရုတ်နိုင်ငံသို့ အလည်အပတ် သွားသည့် နိုင်ငံတော် ခရီးစဉ်တွင်လည်း ထိုသို့ မိသားစုကို ရှေ့တန်းတင်မှုကြောင့် ဝေဖန်ခဲ့ရသည်။

Sunday, December 12, 2010

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်တွင် ကာတွန်းပြပွဲကျင်းပ


စစ်တွေမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ပထမအကြိမ်အဖြစ် ကာတွန်းပြပွဲတစ်ရပ်ကို ဆင်ကူလမ်းရပ်ကွက်(၄) ဦးအောင်ဇံဝေလမ်း၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။ကာတွန်းပြပွဲကို ရန်ကုန်မြို့၊ ဦးဘဂျမ်း(၁၃)လမ်းတွင် ပြသကဲ့သို့ပြသခြင်းဖြစ်ပြီး ကာတွန်းအချပ်ပေါင်း (၂၀၀) ခန့်ပြသခဲ့ပါသည်။ အဓိက ပါဝင်ပြသခဲ့သည့် ကာတွန်းဆရာများမှာဂေါယာမြေစောဝင်း၊ကျော်ဝင်းခိုင်၊တက်သစ်အောင်၊လှကျော်စိန်၊ထွန်းဝေ၊အောင်လင်းထွန်း၊အရိုင်း၊နှောင်းနွယ်၊ကျီးမနိုး၊တင်ဝင်းတို့အဓိကပါဝင်ပြီး ကာတွန်းရေးဆွဲ ၀ါသနာပါသူများလည်း ပါဝင်ပြသခဲ့သည်ဟုသိရှိရသည်။လည်းကောင်းကာတွန်းပြပွဲနှင့်အတူ အရုဏ်ဆွမ်းလောင်းလှူဒါန်းပွဲနှင့် ပင့်သံဃာတော် (၁၀၈)ပါးတို့အား နံနက် ၅း၀၀ နာရီတွင် လောင်းခဲ့ပါသည်၊ ကာတွန်းပြပွဲကို ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွန်ကြားရေးမူး ဦးဝင်းမြိုင်၊ စစ်တွေမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ(ယာယီ) ဦးကျော်မြင့်လိုင်၊ စာရေးဆ၇ာကြီး ကျွန်းသာငမန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ကာတွန်းပြပွဲပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သတ်၍ မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမူးဦးမောင်သိန်းဖြူ (ဂေါယာမြေစောဝင်း)က ရှင်းလင်းတင်ပြခဲ့သည်ဟုသိရသည်။

Saturday, December 11, 2010

ဂီရိမုန်တိုင်းသင့်ဒေသ ကလေးများ ပညာသင်ကြားရေး ခက်ခဲနေ

ခင်ဦးသာ

ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များမှ ကျေးရွာတချို့၌ စာသင်ကျောင်းများ ပျက်စီးသွားခြင်း၊ စားဝတ်နေရေး ခက်ခဲနေခြင်းတို့ကြောင့် ကလေး အများစုမှာ ပညာဆက်လက် သင်ကြားရေး ခက်ခဲနေကြောင်း သိရသည်။
“စာသင်ဖို့နေရာ အပြင် စာပြဖို့ ဆရာ၊ ဆရာမ ဆက်မငှား နိုင်ကြတော့ဘူး။ အတန်ကြီးတဲ့ ကလေး အများစုက ကျောင်း ထွက်ကြ ရလိမ့်မယ် ထင်တယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြေပုံမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။အစိုးရကျောင်း မဟုတ်ဘဲ ဒေသခံများ တည်ထောင် ဖွင့်လှစ် ထားသည့် တွဲဖက်ကျောင်းများမှာ လုံးဝပျက်စီး သွားခြင်းကြောင့် ပြန်လည် တည်ဆောက်နိုင်ရန် မလွယ်ကူ သေးကြောင်း၊ ထိုကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ များကိုလည်း တနှစ်လျှင် ကျပ် ၃ သိန်းမှ ၄ သိန်းခွဲအထိ ပေးရသဖြင့် လက်ရှိတွင် ပြန်ငှားနိုင်ဖွယ် မရှိကြတော့ကြောင်းလည်း ၎င်းက ဆိုသည်။ဂီရိဆိုင်ကလုန်းဒဏ်သင့် ဒေသ၌ ကလေးထောင်ချီ၍ ကျောင်းရပ်နားထားရမည်ဟုလည်း သူက ဆက်ပြောသည်။ဂီရိဒေသများရှိ စာသင်ကျောင်းအများစုမှာ ကိုယ်ထူကိုယ်ထ ကျောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် ပျက်စီးမှုများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လုပ်ဆောင်ရမည်ဟု ထင်ကြောင်း၊ အစိုးရက ပြင်ဆင်ရန် ညွှန်ကြားထားသည့် ကျောင်းတချို့မှာ အစိုးရ မူလတန်းကျောင်းနှင့် အစိုးရ အထက်တန်းကျောင်း တချို့သာဖြစ်ကြောင်း သိရသည်။ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတချို့၌မူ တ၀က်တပျက် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများတွင် စာသင်ကြား နိုင်ရန် ဆရာတော်များက စီစဉ်ပေးထားကြောင်း၊ ကလေးအများစုမှာ မိဘများ စားဝတ်နေရေး ခက်ခဲနေဆဲ ဖြစ်၍ ကျောင်း တက်ရန် အခက်အခဲရှိနေကြောင်း ကျောက်ဖြူဒေသ၌ ကူညီရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်ပေးနေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။“ပျက်စီးသွားတဲ့ တာတမံတွေ ပြုပြင်ဖို့ ထမင်းစားစရာက မရှိ၊ တာတမံတွေကို ပြန်မပြင်နိုင်ဘူးဆိုရင် လာမယ့်နှစ်မှာ ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ရမှာ သေချာတယ်” ဟု ဦးဘရှင်က ဆိုသည်။ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၏ ကျေးရွာအများစု၌ ရွက်ဖျင်တဲများထိုး၍ စာသင်ပေးနေရသော်လည်းအချိန်ပြည့် မသင်ရခြင်း၊ စာအုပ်များ မလုံလောက်ခြင်းတို့နှင့် ရင်ဆိုင်နေကြရကြောင်း ပြည့်ချောင်း ဒေသခံ တဦးက ပြောသည်။“မြေပုံမြို့နယ်က ယိုးချောင်းရွာမှာ ဒီနေ့အထိ လူတဦးကို ဆန်နို့ဆီ ၂ ဘူးပဲ ရသေးတယ်၊ ပြည့်ချောင်း အပါအ၀င် ရွာ ၁၃ ရွာမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်း တကျောင်းမှ မရှိတော့ဘူး” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။ဂီရိမုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ ၂ လ နီးပါး ရှိသည့်တိုင် လေဘေးဒုက္ခသည်များသည် စားရေရိက္ခာ အခက်အခဲရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင် ကလည်း “မြေပုံမြို့နယ်က ကြက်မူတောင်ကျွန်းနဲ့ မြန်တော်မူကျွန်းဆိုတဲ့ ရွာ ၂ ရွာကို ဒီနေ့အထိ ဘာ ကယ်ဆယ်ရေးမှ မရောက်သေးဘူး၊ ရွာတွေကလည်း လုံးဝ ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ပြောသည်။ကယ်ဆယ်ရေး ပစ္စည်းများ လုံးဝမရရှိခြင်း အကြောင်းမှာ ထိုရွာ ၂ ရွာသည် ကျေးရွာစာရင်း အမည်မပေါက်သေး၍ သက်ဆိုင်ရာက အသိအမှတ်မပြုသေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။ဦးအေးသာအောင်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဂီရိဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အစားအစာ၊ ဆေးဝါးနှင့် စာသင်ကျောင်း တချို့အတွက် သွပ်ပြားများ သွားရောက်လှူဒါန်းခဲ့ပြီး မကြာမီရက်ပိုင်းတွင် ထပ်မံသွားရန် ပြင်ဆင်နေသည်ဟု ပြောသည်။ပြန်လည်ထူထောင်ရေး လုပ်ငန်းသည် ကြီးမားနေ၍ နိုင်ငံတကာ အကူအညီများရရေး လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် များကလည်း လေဘေးဒုက္ခသည်များအတွက် ကျပ် ၃၉ သိန်းကို ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံ NLD အဖွဲ့ဝင်များမှ တဆင့်လှူဒါန်းခဲ့သည်။အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Monday, December 6, 2010

ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်

ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ AIDS နေ့က NLD ရုံးချုပ်တွင် ဝေဒနာရှင်ကလေးများကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Getty Images)နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ ကွန်ပျူတာထဲမှာ ရေးထားတဲ့ ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ် ရောင်းမှာပါ။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဖို့ရှိတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားသော ပန်းချီကားများထဲတွင် ရာသီဥတုနှင့် သက်ဆိုင်သော ပန်းချီကားတချို့ ပါဝင်ပြီး နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ ဟူ၍ အမည်များ ပေးထားကာ အဆိုပါ ပို့စ်ကတ်များတွင် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ဒဂုံမြို့သစ် တောင်ပိုင်း နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ NLD လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ထားရှိသည့်ဂေဟာတွင် လူနာရှင် ၁၀၀ ကျော်ပုံမှန်ရှိနေပြီး ဆေးဝါးစရိတ်၊ စားစရိတ်အပါအ၀င် လစဉ် သိန်း ဆယ်ဂဏန်းချီ ကုန်ကျကြောင်း၊ မဖြူဖြူသင်း ဦးဆောင်သော NLD လူငယ်များအနေဖြင့် လူနာများအတွက် လစဉ် အခက်အခဲများ ရှိနေကြောင်း ကြားသိရသည်။“လူနာ ၁၀၀ ဆိုတာက ဆေးရတဲ့သူက ပြန်၊ နောက်ထပ် အသစ်ထပ်ရောက်လာ၊ သက်သာသွားတဲ့ သူက နေရပ်ပြန်၊ ဝေဒနာရှင် အသစ်တွေက ထပ်ပြီး ရောက်လာဆိုတဲ့ ပုံစံမျိုးနဲ့ ပုံမှန် အမြဲတန်းရှိနေတဲ့ အရေအတွက်ပါ။ အထူးသဖြင့် နယ်တွေက လာကြတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ NLD လူငယ် တဦးက ပြောသည်။NLD အနေနှင့် ၂၀၀၂ ခုနှစ်ကတည်းက HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ လူနာပေါင်း ၃၀၀၀ ကျော်ကို ကူညီစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။NLD သည် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက် INGO၊ NGO များထံမှ ငွေကြေးအကူအညီ မရယူနိုင်ဘဲ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ငွေကြေးရှာဖွေပြီး ဝေဒနာရှင်များကို ကူညီစောင့်ရှောက် နေရကြောင်း၊ ဝေဒနာရှင် များအတွက် လိုအပ်သည့် ARV ဆေးကိုမူ INGO နှင့် NGO များက အခမဲ့ပေးကြောင်း NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များက ပြောသည်။“ကျမတို့ဆီ ရောက်လာတဲ့ လူနာတွေကို AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို နိုင်ငံတကာ INGO တွေ၊ နားခိုရာတို့ ရတနာ့မေတ္တာတို့လို ပြည်တွင်း NGO တွေဆီက ARV ဆေးရအောင် သက်ဆိုင်ရာ ဆေးခန်းကို လိုက်ပို့ပေးတာကနေ Counseling ၀င်တဲ့အဆုံး လိုက်ပြီး အကူအညီ ပေးပါတယ်။ ကျမတို့က နိုင်ငံရေး အဖွဲ့ဖြစ်နေ တော့ 3D Fund လို အဖွဲ့အစည်းတွေဆီက ရန်ပုံငွေရဖို့ မဖြစ်နိုင်ဘူး” ဟု မဖြူဖြူသင်းက ပြောသည်။INGO နှင့် NGO များထံမှ ARV ဆေးဝါးရရှိရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအနေနှင့် အမှန်တကယ် ဆေး သောက်သုံးရန် လိုအပ်နေပါက NLD က အကုန်အကျခံကာ ဆေးတိုက်ကျွေးကြောင်း သိရှိရသည်။“တချို့လူနာတွေက ဆေးသောက်ဖို့ တအား လိုအပ်နေပြီ၊ တခြားတဘက်မှာလည်း NGO တွေဆီက ဆေးရဖို့ စောင့်နေတယ် ဆိုရင်တော့ ကျမတို့ကပဲ လောလောဆယ် ဆေးသောက်ဖို့ အဆင်ပြေအောင် မရှိ၊ ရှိတဲ့ကြားက ရှာဖွေပြီး ဆေးတိုက်ပါတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် တောင်ဒဂုံမြို့သစ်ရှိ NLD က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရက လူနာများကို ဧည့်စာရင်း မပေးကြောင်း ပြောဆို၍ ရွှေ့ဆိုင်းခိုင်းခြင်း၊ ဂေဟာသို့ လာရောက် လည်ပတ်သော အနုပညာရှင်များကိုလည်း အနုပညာ ဆိုင်ရာ တားဆီး ပိတ်ပင်မှုများ ပြုလုပ်ခြင်း အပါအ၀င် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။