ယနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၂ ရပ်ကွက် သလ္လာဝတီ ၁ လမ်း အိမ်အမှတ် ၇၁၄ ရှိ မီးအားမြှင့်စက်မှ စတင် မီးလောင်ကျွမ်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ် ၁၄ လုံးကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လမ်းကျဉ်းသောကြောင့် မီးသတ်ကားတစီး ဤသို့ တိမ်းမှောက်သွားခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)“မီးခိုးလုံးကြီးက မည်းပြီးတက်လာတော့ လန့်ပြီး အိမ်ပေါ်ကပြေးဆင်းတာ။ အိမ်က ပစ္စည်းတွေ သယ်မယ့် လူတွေကလည်း အလုပ်သွားကြတော့ ဘာမှမရလိုက်ဘူး” ဟု မီးအတွင်း နေအိမ်ပါသွားသူ အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦးက ပြောသည်။မီးလာရောက် ငြှိမ်းသတ်သည့် မီးသတ်ကားတစီးသည် လမ်းကျဉ်းတွင် မောင်းလာရသောကြောင့် ဘီးချော်ကာ တိမ်းမှောက် သွားသေးကြောင်း ဒေသခံတဦးက ဆိုသည်။မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်များဖြစ်ပြီး ဓနိမိုး၊ ထရံကာ အိမ်များပြားသောကြောင့် မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘေးအိမ်များသို့ မီးကူးစက်မှု မြန်ဆန်စေကြောင်း သာကေတမြို့နယ် ၁၂ ရပ်ကွက်မှ ရယက အတွင်းရေးမှူးတဦးက ပြောသည်။ယင်းမီးလောင်မှုကို သာကေတမြို့နယ် အမှတ်၂ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။မီးလောင်ကျွမ်းမှု၏ ဆုံးရူံးမှုတန်ဖိုးကိုမူ မသိရသေးပေ။
No comments:
Post a Comment