07/11/2010
တောင်ဥက္ကလာပ - တောင်ဥက္ကလာပမြိုနယ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) တွင် ပထမဆုံးမဲပေးသူမှာ အသက်(၅၀) ၀န်ကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး မိသားစုလိုက် မဲပေးသူများရှိနေ၊ မဲပေးရန်စောင့်ဆိုင်းနေသူများတွင် အသက် (၈၀) အမျိုးသမီးကြီး တစ်ဦးပါဝင်၊
တောင်ဥက္ကလာ - တောင်ဥက္ကလာ အင်းဝလမ်း မဲရုံ အမှတ် (၃) တွင် အသက်(၅၀)ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၂) (ဃ)ရပ်ကွက် မဲရုံတွင် အသက် (၄၀) ၀န်းကျင်ရှိ လင်မယားနှစ်ဦး စတင်မဲပေး၊
ကမာရွတ် - ကမာရွတ်မြိုနယ် မဲရုံအမှတ် (၃)တွင် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊
စမ်းချောင်း - စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်မဲရုံတွင် အသက် ၅၀ ကျော် အငြိမ်းစားဝန်ထမ်း၊ အမျိုးသားတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပြီလို့ ယူဆပါတယ်။ ရလဒ်ကလည်း မျှတမယ်လို့ ယုံကြည်ပါတယ်"
အလုံမြို့နယ် - ဆင်မင်းရပ်ကွက် မဲရုံတွင် အသက် ၆၀ ကျော် ၀န်ထမ်းဟောင်း အမျိုးသားတစ်ဦး ပထမဆုံး လာရောက်မဲပေး "နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန် ကျေချင်လို့ မဲလာပေးတာပါ။ ၉၀ ခုနှစ်တုန်းကလည်း မဲပေး ခဲ့ဖူးပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း စောင့်မျှော်နေပါတယ်။
ဗိုလ်တထောင် - (၇)ရပ်ကွက် မဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "ကျွန်မတို့တစ်အိမ်လုံး မဲပေးကြမှာပါ။ အသက်ကြီးတဲ့သူတွေကတော့ နောက်မှလာပြီး မဲပေးပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ။" "ဒါပထမဆုံးမဲပေးတာပါ အိမ်မှာရှိတဲ့ မဲပေးခွင့်ရှိသူအားလုံး မဲပေးကြမှာပါ။ ပါတီတွေက ဘယ်လိုမှ မစည်းရုံးကြပါဘူး။ ကိုယ့်ဆန္ဒအရပဲ မဲပေးခဲတာပါ။ ကိုယ့်အပေါ်မှာကောင်တယ်ထင်တဲ့ ပါတီကို မဲပေးခဲ့တာပါ။ ကိုယ်အပေါ်ကောင်တဲ့ အုပ်ချုပ်မှုကောင်းတဲ့ လူရဲ့လက်အောက်မှာပဲ နေချင်ပါတယ်။" (၃၅) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး
ဗဟန်း - ''ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရနိုင်တယ်။''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ဒဂုံတောင် - "မဲပေးတဲ့သူတွေကတော့ လာ ကြပါတယ်။ မနက် ၆ နာရီက တည်းက တစ်ဖွဲဖွဲရောက်လာကြပါ တယ်။ တချို့ဆိုရင် မဲပေးဖို့ အသက် မပြည့်သေးတဲ့ ကလေးတွေကိုပါ ခေါ်လာပြီး တစ်မိသားစုလုံး လာ ရောက်မဲပေးကြပါတယ်။ မဲဆန္ဒရှင် တွေရဲ့ ရှေ့မှာပဲ မဲမပေးခင် မဲပုံးထဲမှာ ဘာမဲမှရှိမနေဘူးဆိုတာကို ပြပြီး တော့မှ စပြီး မဲပေးခွင့်ပြုခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက် မဲရုံအမှတ် ၁ မှ တာဝန်ရှိသူတစ်ဦး က ပြောပြပါသည်။
"မနက်မိုးမလင်းက တည်းက တစ်မိသားစုလုံး မဲသွား ပေးဖို့ အစောကြီးထခဲ့တယ်။ လမ်း ထဲက လူတွေလည်း မဲပေးဖို့ လိုက် ပြောထားတယ်။ ဘယ်သူ့ကို မဲထည့် ခဲ့သလဲဆိုတာကတော့ NDF ကိုပါ ပဲ။ သူတို့မရှိတဲ့ တိုင်းဒေသကြီး လွှတ်တော်မှာတော့ တစညကို ထည့် ခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက်မှ မဲဆန္ဒရှင်တစ်ဦးက ပြော ပြခဲ့ပါသည်။
"မဲရုံတွေကို လေ့လာဖို့ ကိုယ် စားလှယ်တွေကို ဖုန်းဆက်ထားပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လျှောက်ပတ်ကြည့်နေပါတယ်။ အခု လောလောဆယ်တော့ လေးထောင့် ကန်ကို ရောက်နေပါတယ်" ဟု ဒဂုံတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျဝင်း (NDF ပါတီ)က နံနက် ၆ နာရီခွဲအချိန် တွင် ပြောပြပါသည်။
မြောက်ဒဂုံမြို့နယ် - (၃၂) ရပ်ကွက် ပထမဦးဆုံးမဲပေးသူ အငြိမ်းစားဗိုလ်မှူးတစ်ဦး အသက် ၆၀ အရွယ် ရှိသူတစ်ဦးဖြစ်။ အများဆုံး ဆန္ဒမဲ လာရောက်ပေးကြသူတွေက လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ များတယ်။ လူငယ်ပိုင်းတွေတော့ သိပ်မတွေ့ရဘူး။ မဲရုံကြီးတွေမှာ ပါတီကိုယ်စားလှယ်တွေလည်း တွေ့ရတယ်။ ဒီရပ်ကွက်မှာတော့ တစ်အိမ်တစ်ယေက်နီးပါး မဲပေးတာ တွေ့ရတယ်။
မင်္ဂလာတောင်ညွန့် - ‘ကျွန်တော်ကတော့ အမျိုးသားလွှတ်တော်ကော၊ ပြည်သူ့လွှတ်တော်ကော၊ တိုင်းဒေသကြီးလွှတ်တော်ကော ဒီမိုကရက်တစ်ပါတီကိုပဲ ပေးလိုက်တယ်။ မျက်စိကလည်း သိပ်မကောင်းဘူး။ ကျန်တဲ့ဟာတွေ မကြိုက်ဘူး။ ဒေါင်းရုပ်ပဲမြင်လို့ ဒေါင်းရုပ်တွေကိုပဲ အမှန်ခြစ်လိုက်တယ်’ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အသက် ၅၀ ကျော် မဲဆန္ဒရှင်တစ်ဦး
မန္တလေး - မန္တလေးမြို့ပေါ်ရှိ မဲရုံများတွင် နံနက် (၈) နာရီကျော်မှစကာ မဲရုံအသီသီးသို့ မဲပေးသူများ ခပ်စိတ်စိတ် ရောက်လာပြီး မဲပေးနေကြောင်းသိရသည်။
မြိတ် - မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်မဲရုံတွင် အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦ စတင်မဲပေး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး အပါအ၀င် သတင်းမီဒီယာအချို့ လေ့လာသတင်းရယူနေ၊
ငပုတော - ငပုတောမြိုနယ် မဲရုံအမှတ် (၂) တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး စတင်မဲပေး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအားမဲပေးကြောင်း ပြောကြား၊ ၄င်ဧ။်နောက်တွင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးမဲပေးပြီး ခမောက်ဘေးတွင် အမှန်ခြစ်ခဲ့ကြောင်း ပြောကြား၊
မောင်တော - မောင်တောမြိုနယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရန် စောင့်ဆိုင်းသူများပြားကြောင်းသိရ
ဖားအံ - ကရင်ပြည်နယ် ဖားအံမြို့ ကူဆိပ်ရပ်ကွက် မဲရုံ အမှတ် (၂) တွင် အသက် (၆၀)ကျော် အမျိုးသား (ပညာရေးမှုးဟောင်း) တစ်ဦး ပထမဦးဆုံမဲစတင်ပေး၊ ဖလုံစဝေါ်ကိုမဲပေးကြောင်းသိရ
စစ်တွေမြို့ - ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်းမဲရုံတွင် အသက် (၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများ အပြားရှိပြီး ကြိတ်ကြိတ်တိုးလျက်ရှိ ကြောင်း သိရသည်။
ရမည်းသင်း - မြို့မရပ်ကွက် မဲရုံ(၂)နှင့်(၃) တွင် လာရောက် မဲပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် ၅၈ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်၊"နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် လာပြီး မဲပေးတာပါ။ တစ်ပါတီ စနစ်တုန်းကလည်း မဲပေးဖူးပါတယ်။ ကွာခြားတာကတော့ ဒီရွေးကောက်ပွဲမှာ လေးစားလောက်တဲ့လူ သိပ်မတွေ့ရတာပါပဲ"
ဟားခါးမြို့ - နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ခဲ့ ရာသီဥတုအေးသော်လည်း လာရောက်မဲပေးသူများပြား၊ မဲရုံသုံးရုံ ကြည့်ရှုခွင့် ရရှိထားပြီး ဖြစ်သော်လည်း မဲပေးသူများနှင့် စကားပြောခွင့်မရသေး
မကွေး - မကွေးမြို့ ဈေးလည်စိုးရပ်ကွက် မဲရုံအမှတ် (၁) တွင် အသက် ၅၈ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး မဲစတင်ပေး "ဘယ်သူပဲတက်တက် ကြိုဆိုပါတယ်။ သာမန်ပါဘဲ။ ဘာမှထူးထူးခြားခြား မရှိပါဘူး"
"လွှတ်တော်ကိုယ်စားလှယ် လောင်းကို ရွေးချယ်တဲ့အခါမှာ အကျိုးပြုနိုင်မယ့်လူကိုရွေးချယ်ခဲ့ပါ တယ်။ နောက်ပြီး လူကိုကြိုက်လို့ ရွေးချယ်ခဲ့တာပါ။ ကျွန်တော်မိတ် ဆွေတွေလည်း သူ့ကိုပဲရွေးချယ်ခဲ့ပါ တယ်။ မူကတော့နောက်မှပါ။ သူ နိုင်၊ မနိုင်ကတော့ မပြောတတ်ပါဘူး။" (၅၄)နှစ်အရွယ်အမျိုးသားတစ်ဦး
ကျိုင်းတုံ - ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံအမှတ် (၁) တွင် ပထမဆုံးမဲပေးသူမှာ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဖြစ်သည်၊ ၄င်းက ကျားဖြူပါတီအားမဲပေးခဲ့ကြောင်းပြောကြား
"မဲရုံမှာ အခုလို လူတွေအများကြီး မဲလာပေးကြတာ အရမ်းအံသြဖို့ကောင်းပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး ချိုဗျောင်ဂျဲ က ကျိုင်းတုံမြိုတွင် နံနက် (၉) နာရီခန့်က ပြောကြားခဲ့သည်။
"မဲရုံ (၃) ရုံကို လေ့လာပြီးတဲ့အခါမှာ အခုအချိန်အထိတေ့ အရာရာက အဆင်ပြေနေတဲ့ ပုံ့စံပါပဲ။" ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအရာရှိတစ်ဦးက ကျိုင်းတုံမြို့တွင် နံနက် (၉) နာရီ (၁၅) မိနစ်ခန့်က ပြောကြားခဲ့သည်။
"မသိဘူး။ ဟိုကပေးခိုင်းတဲ့အတိုင်း ပေးလိုက်တာပဲ" ဟု ကျိုင်းတုံမြို့ မိုင်ဇင်းကျေးရွာအုပ်စုမှ အခါတိုင်းရင်သူတစ်ဦးက နံနက် (၉)နာရီ (၄၅)မိနစ်ခန့်တွင် ပြောကြာခဲ့သည်။
တောင်ကြီး - တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မဲရုံအမှတ် (၂) တွင် ဦးသန်းလွင် အသက် ၅၈ နှစ်အရွယ် ပထမဆုံး မဲပေးခဲ့သည်။ "အခု မဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ကို မနက် ၅ နာရီ ၃၀ မိနစ်ကတည်းက ရောက်နေတာပါ"ဟု ပြောကြားခဲ့သည်။
လပွတ္တာ - ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး နံနက် ၇ နာရီခွဲမှစ၍ မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန်အတွက် အများအပြားလာ ရောက်ကြကြောင်း သိရသည်။ မိသားစုလိုက် လာရောက်မဲပေးသူများပြားလျက် ရှိသည်။ ၁၀ ရပ်ကွက် မဲရုံအမှတ်(၁) တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ပထမဆုံးလာရောက် မဲပေးခဲ့။ ‘‘မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်း တစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်’’ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မြစ်ကြီးနား - အောင်နန်းရပ်ကွက် မဲရုံအမှတ် ၆၁ တွင် နံနက် ၆နာရီ မဲရုံဖွင့်ချိန် ကတည်းက လာရောက် မဲပေးသူ များပြားခဲ့။ ၀န်ထမ်း၊ အရပ်သားအားလုံး မဲလာပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် (၅၈)နှစ် အရွယ်ရှိ အရပ်သား အမျိုးသားတစ်ဦးဖြစ်။ ၀န်ထမ်းအများစုမှာ လာရောက် မဲပေးကြသော်လည်း မည်သည့် ပါတီကို မဲပေးခဲ့သည်ကို မေးမြန်းရာတွင် ''ဟိုပါ...တီကိုပဲ မဲပေးရတာပေါ့''ဟု ဖြေကြားခဲ့။
ခရမ်း - ‘လွှတ်တော်သုံးခုစလုံးအတွက် ခမောက်ကိုပဲ ထည့်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရလို့ပါ’ - ရန်ကုန်တိုင်းဒေသကြိး ခရမ်းမြို့နယ် မကျည်းကန်ကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင် အမျိုးသမီးတစ်ဦး
ဒေးဒရဲ - ‘သုံးခုစလုံး တစညပဲ ထည့် တယ်။ တစညကို ဘာကြောင့်ထည့် ရလဲဆိုတော့ ကျွန်တော်တို့က စပါး စိုက်တာ စပါးကို ချစ်လို့။ ကျန်တာ တော့ ကျွန်တော် သိပ်မသိဘူး’ - ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦး
ပဲခူးမြို့- မြို့တွင်းကြီးရပ်ကွက် မဲရုံ အမှတ်(၁)တွင် ဒေါ်ဝင်း အသက် ၆၄ နှစ်မှ ပထမဆုံး မဲပေးခဲ့ ရှင်စောပုရပ်ကွက် မဲရုံအမှတ် (၁)တွင် ဦးဝင်းဖေ အသက်(၆၄)နှစ်က ပထမဆုံး မဲပေးခဲ့။
ပုသိမ် - ပုသိမ်မြိုပေါ် မဲရုံလေ့လာရေး ခရီးစဉ်တွင် အမေရိကန်သံမှုးတစ်ဦး ရောက်ရှိနေကြောင်း သိရသည်။ လေ့လာရေးအဖွဲ့သည် နံနက်ပိုင်းတွင် မဲရုံ (၅) ရုံကို လေ့လာပြီး ယခုအခါ ကန်ကြီးထောင့်သို့ ဆက်လက်ထွက်ခွာနေသည်။
Sunday, November 7, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment