ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အချိန်မရွေး ကြားဖြတ်၍ တရားဝင် စစ်ဆေးကာ ဖြတ်တောက် ပိတ်ပင်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။
ကျပ် ၅ သိန်းတန် ဖုန်းဖြင့် အင်တာနက် အသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Popular News)မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဦးတေဇပိုင် E-light tech ကုမ္ပဏီတို့ ပူးပေါင်း ရောင်းချသော ကျပ် ၅ သိန်းတန် ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ တရားဝင် ခွင့်ပြုခဲ့ သောကြောင့် ရန်ကုန်တွင် လျှောက်ထားသူ များပြားလျှက် ရှိကြောင်း၊ ထိုသို့ လျှောက်ထား သူတိုင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အချက် ၁၅ ချက် ပါဝင်သော စည်းကမ်းချက် စာရွက်အား လျှောက်လွှာနှင့် အတူ ပေးအပ်ပြီး လက်မှတ်ရေးထိုး သဘောတူမှသာလျှင် အင်တာနက် အသုံးပြုခွင့် ပေးကြောင်း သိရသည်။“စည်းကမ်းချက် အမှတ်စဉ် ၉ မှာ ငှားရမ်း အသုံးပြုသူ၏ ၀ါယာလက်စ် အော်တို တယ်လီဖုန်းကို ဌာနအနေနှင့် အချိန်မရွေး ၀င်ရောက် စစ်ဆေးရန် ငှားရမ်း အသုံးပြုသူက သဘောတူညီပါသည် ဆိုတဲ့ အချက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တယ်လီဖုန်း ဆက်သွယ်မှုကို အချိန်မရွေးဖြတ်တောက် ထားနိုင်ကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်ချို့ယွင်းမှုကြောင့် ဖုန်းကိုင်ဆောင်အသုံးပြုသူတွင် ဆုံးရှုံးမှု၊ ပျက်စီးမှု တစုံတရာအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်မရှိကြောင်း ဆိုသည့် အချက်များလည်း စည်းကမ်းချက်ထဲတွင် ပါဝင်သည်။စစ်အစိုးရက တယ်လီဖုန်းလိုင်း သိန်းချီချထားပေးခြင်း၊ အင်တာနက်လိုင်းများ တိုးချဲ့ချထားပေးခြင်းများ ပြုလုပ်နေသော်လည်း အသုံးပြုသော အများပြည်သူအတွက် လုံခြုံစိတ်ချရမှု မရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကမီဒီယာကြီး တခုမှ အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။“ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဘယ်လိုမှ လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်။ တဦးချင်း လွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ ကျပ် ၅ သိန်းတန် တယ်လီဖုန်းအသုံးပြုသော ရန်ကုန်မြို့ခံ အများစုမှာ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိသည့် အတွက် မိမိဖုန်းပြောနေစဉ်နှင့် အင်တာနက်အသုံးပြုစဉ် မြန်မာ့ဆက်သွယ်ရေးက ကြားဖြတ် နားထောင်နိုင်သည် ဆိုသော အချက်ကို သတိမထားမိကြပေ။ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက စစ်အစိုးရသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပြီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။“ဖုန်းတွေ ကြားဖြတ်နားထောင်တယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေ လုပ်နေတာပဲ။ ဥပမာ-လယ်သိမ်းတယ်၊ မြေသိမ်းတယ်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ မီဒီယာလွတ်လပ်ခွင့် မပေးဘူး၊ တရားရုံးတွေ၊ ရဲတွေလာဘ်စားတယ်၊ စီးပွားရေးမှာ လက်လှမ်းသင့်ရာ စီးပွားရေးပုံစံနဲ့ လုပ်တယ်၊ ဆွေမျိုးသားသမီး ကောင်းစားရေးလုပ်ကြတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီတဲ့ လုပ်ရပ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော်ရှိပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

မန္တလေးကျုံးအတွင်းမှ တံတားတစင်း။အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။
" အဓိက ကျွန်တော်တို့ UN ရုံးရှေ့ကို သွားရောက်ပြီ ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။၎င်းပြင်သူက ရခိုင်ပြည်တွင် ကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် တောင်ဆိုရသည့် အကြောင်းအရင်း ကိုလည်း ယခုကဲ့သို့ ပြောသည်။ "ကျွန်တော်တို့ ဘာကြောင့် ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့တောင်းဆိုရသလဲ ဆိုရင် ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည် တပြည်ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ ဗမာ ဘုရင် ဘိုးတော် မောင်ဝိုင်းက ကျူးကျော် ၀င်ရောက် သိမ်းပိုက်တဲ့ အတွက် ကိုလိုနီ လက်အောက်ခံ အဖြစ် ကျရောက် ခဲ့ကြရပါတယ်။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့မှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မရှိဘူး။ ကိုယ့်သမိုင်းကို ဖေါ်ထုတ် ပိုင်ခွင့်မရှိ။ ကျွန်တော်တို့မှာ ကိုယ့်စာပေကို ကိုယ်သင်ပိုင်ခွင့် မရှိဘူး။ ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမူကို ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် မရှိဘူး။ ကျနော်တို့ဟာ လူမျိုး တစ်မျိုးရဲ့ အခြေခံကျတဲ့ အခွင့်အရေးတွေကို အကြီးအကျယ် အကုန်လုံး ရှုံးဆုံးနေရပါတယ်။ ကျနော်တို့မှာ ခုချိန်မှာလူသား တစ်ဦးရဲ့ အခွင့်အရေး၊ လူမျိုးတစ်မျိုးရဲ့ အခွင့်အရေး ဆိုတာ လုံးဝ တစ်ခုလည်း မရှိပါ။ ခုလို ဖြစ်နေတာဟာ ရခိုင်ပြည်ကို ကိုလိုနီ ကျွန်ပြုထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်က ဗမာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။" ဆန္ဒြုပပွဲကို ၀မ်းနည်း အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ လူပေါင်း ၃၀ ခန့်တက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသားထဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာအေးကျော်လည်း တက်ရောက်ကာ အဖွင့် မိန်းခွန်းပြောကြားခဲ့သည်ဟု သိရသည်။ အခမ်းအနားအပြီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အပါအ၀င် အမေရိကန် အစိုးရနှင့် အီယူးနိုင်ငံများ၊ တခြားနိုင်ငံ အသီးသီးရှိ ကိုလိုနီဖျက်သိမ်းရေး ရုံးများသို့လည်း ရခိုင်ပြည်တွင် တည်ရှိနေသော ကိုလိုနီ စနစ်ကို ဖျက်သိမ်း ပေးရန် တောင်းဆိုခဲ့ကြသည်။ စာထဲတွင် ရေးသားထားသော အကြောင်းအရာ များကိုလည်း ကိုလှဌေးက ယခုကဲ့သို့ ပြောသည်။