ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Friday, March 18, 2011

ငါးထောင်တန် အတုဖြင့် ဈေးဝယ်သူ ဖမ်းစီးခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုလည်း အာဏာ အလွဲသုံးစားမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်း ရရှိသည်။
ရသေ့တောင် ဒေသခံ တစ်ဦးက “ သူတို့ နှစ်ဦးစလုံးကို လွန်ခဲ့တဲ့ အပတ်ကဘဲ Force to retire လုပ်လိုက်ပါတယ်။ အတင်း အလုပ်မှ အနားယူခိုင်းလိုက်တာ ဖြစ်ပါတယ်။ မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကိုတော့ လာဒ်ပေး လာဒ်ယူမူနဲ့ အလုပ်မှ ဖြုတ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုတော့ အာဏာ အလွဲသုံးစားမူနဲ့ အလုပ်က ဖြုတ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။အဆိုပါ မြို့နယ် လူကြီးနှစ်ဦး အလုပ်မှ တပြိုင်တည်း အဖြုတ်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စုံစမ်းရာ အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။“ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမင်းက ရသေ့တောင်မြို့ ဦးမောင်သာထွန်းပိုင်တဲ့ လိုင်စင်ရ အပေါင်ဆိုင်က သူ့ကိုက်ကျိုး အတွက် မြို့နယ် ရံပုံငွေကို ပြပြီး ငွေ ၂၅၀၀၀ ကောက်ခံတယ်လို့ ပြောပါတယ်။ အဲဒီငွေတွေထဲမှာ ငါးထောင်ကျပ်တန်တွေက အတု ဖြစ်နေပေမယ့် မယက ဥက္ကဌက ငွေအတုမှန်း မသိဘဲ ဈေးသွားဝယ်တော့ ဈေးရောင်းတဲ့သူတွေက မယက ဥက္ကဌကို ငါးထောင်ကျပ်တန် အတုတွေနဲ့ ဈေးဝယ်ဆိုပြီး စွပ်စွဲ ပြဿနာ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ခုလို အလုပ်က ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။၎င်းပြင်သူက “ အဲသလို ပြဿနာတွေ ဖြစ်ပွားနေချိန်မှာ နောက်ထပ် ငွေစက္ကူ ၅၀၀၀ ကျပ်တန် အတုတွေကို ကူတောင် ကျေးရွာဘက်က လူတချို့ဆီက ဖမ်းမိတယ်။ အဲဒီနောက်ပိုင်း အပေါင်ဆိုင် ပိုင်ရှင် ဦးမောင်သာထွန်းကို ဖမ်းဆီး စစ်ဆေးတော့ မယက ဥက္ကဌ လာဒ်ယူတဲ့ ကိစ္စတွေ ပေါ်သွားတယ်။ ဒါပေမယ့် မယက ဥက္ကဌကို အလုပ်က မဖြုတ်သေးဘဲ ရှိနေတဲ့ အချိန်မှာ နောက်ထပ် ရဲမြို့နယ်မှူးနဲ့ ပြဿနာ ဖြစ်ပွားတော့ တခါတည်း သူကို အလုပ်က ဖြုတ်ပီး အနားပေးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။ဦးအောင်မျိုးမင်းမှာ အဆိုပါ အမူ အပြင် မြို့နယ် အတွင်း ဆန်မှောင်ခိုစက်လှေများမှ ငွေကြေးကောက်ခံမူ၊ ၀ါးဖေါင်များမှ ပိုက်ဆံ ကောက်ခံမူ အပါအ၀င် တခြား လာဒ်ပေး လာဒ်ယူမူကြောင့် အကြိမ်ကြိမ် တိုင်ကြားခံထားရသူ ဖြစ်ကြောင်းလည်း သိရသည်။လွန်ခဲ့သော အပတ်က ရဲမြို့နယ်မှူး ဦးထွန်းစံယုံနှင့် ပြဿနာ ဖြစ်ပွားပြီး တယောက်နှင့် တယောက် အပြန်အလှန် စွပ်စွဲကြပြီးနောက် ချက်ချင်းဆိုသလို အထက်မှ သူတို့ နှစ်ဦးစလုံးကို အလုပ်မှ အနားယူ ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ယခုကဲ့သို့ ပြောသည်။“ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက သုံးပွင့် ဗိုလ်ကြီးနဲ့ တပ်က တဆင့် ရဲမြို့နယ်မှူး ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်က နှစ်ပွင့်နဲ့ တပ်က အနားယူပြီး ဥက္ကဌ ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ စီနီယာအရ ကွာနေတော့ မယက ဥက္ကဌကို ရဲမြို့နယ်မှူးက သိပ်တလေ တစား မရှိပါဘူး။ တစ်နေတော့ ဆယ်တန်း စာမေးပွဲ ကိစ္စနဲ့ မယက ကနေ ရဲမှူးကို အစည်းအဝေး ခေါ်တော့ စာထဲမှာ လူကြီးမင်းအား ခေါ်ယူစစ်ဆေးစရာရှိတယ်ဆိုပီး ပါသွားတယ်လို့ သိရပါတယ်။ အဲဒါကို မကျေနပ်တဲ့ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက ငါက တရားခံ မဟုတ်ဘဲ ဘာကြောင့် ခေါ်ယူ စစ်ဆေးစရာတွေ ရှိတယ်လို့ ရေးရမလဲဆိုပြီး မြို့နယ် မယက ရုံးကိုသွားပြီး စာရေးတွေကို ကလော်တုတ် ရိုက်ပုတ်ဆဲဆိုမူတွေ လုပ်တယ်လို့ သိရပါတယ်။ ချက်ချင်းဘဲ မယက ဥက္ကဌကနေပြီး ၀န်ကြီးဌာန အဆင့်ထိ ထူးခြား ဖြစ်စဉ် ခေါင်းစဉ်တပ်ပြီး ချက်ချင်း သတင်းပို့လိုက်တော့ အထက်က ချက်ချင်း လာစစ်တယ်။ စစ်ဆေးတဲ့ အခါ သူအမှား ကိုယ့်အမှားတွေကိုတော့ စွပ်စွဲကြတော့ နှစ်ယောက်စလုံးကို အလုပ်က ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။မယက ဥက္ကဌမှာ လာဒ်ပေးလာဒ်ယူမူကြောင့် ပြည်သူများ အမုန်းပွားနေသဖြင့် အလုပ်မှ ဖြုတ်ပစ်သည့် အပေါ် မြို့ လူထုမှ ၀မ်းသာကြသော်လည်း ဦးထွန်းစံယုံမှာ လူကောင်း ဖြစ်သဖြင့် မြို့လူထုက စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

ထိုင်း ၌ မြန်မာသံဃာ ၈ ပါး ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၀ပ်တလုံဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက် ၄ နာရီခန့်က ထိုင်းအာဏာပိုင်များ ၀င်ရောက်ရှာဖွေရာ နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာသံဃာ ၈ ပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ထိုကျောင်းတိုက်နေ မြန်မာစာသင်သားသံဃာတပါးက“ထိုင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ ၊ သံဃနာယက အဖွဲ့ ၊ ရဲ ၊ ထောက်လှမ်း ရေး ၊ ပြည်သူ့စစ် စတဲ့ အားလုံး အဖွဲ့ ၈ ဖွဲ့ ၊ လူအင်အား ၅၀ လောက်နဲ့ ကျောင်းတိုက်ကို ၀င်ရောက်စစ်ဆေးတယ်။ အဲဒီအချိန်မှာ နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာပြည်က သံဃာ ၈ ပါးကို တွေ့ပြီး လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ယူထိန်းသိမ်းထားလိုက်တယ်”ဟု မိန့်သည်။ဝပ်တလုံကျောင်းတိုက်တွင် ထိုင်းသံဃာများအပြင် သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့မှ သံဃာတော်များလည်း သီတင်းသုံးနေကြောင်း သိရသည်။“တချို့နိုင်ငံတွေက သံဃာတွေက နေ့လယ် ၁၁ နာရီလောက်အထိ ဆွမ်းခံနေတာတွေ ၊ အပြင်က စားသောက်ဆိုင်တွေမှာ ၀ယ်ယူစားသောက်နေတာတွေ ရှိတော့ ပတ်ဝန်းကျင်က အမြင်မကြည်လင်ပြီး တိုင်တဲ့အတွက် ၀င်ရောက်စစ်ဆေးခံရတာလို့ ကြားတယ်”ဟု မြန်မာစာသင်သားသံဃာက မိန့်သည်။
ဝပ်တလုံ ကျောင်းတိုက်သို့ ထိုင်း အာဏာပိုင်များ လာရောက်တွေ့ဆုံသည်ကို ထိုင်းမန်နေဂျာ အွန်လိုင်း၌ မတ် ၁၇ ရက်စွဲဖြင့် ဖော်ပြထားသည်။(ဓာတ်ပုံ - http://manager.co.th/Crime)ထိုကျောင်းတိုက်တွင် မြန်မာသံဃာ အပါး ၁၀၀ ကျော် သီတင်းသုံးလျက်ရှိပြီး အပါး ၈၀ ကျော်သည် ချူလာလောင်ကွန်း ၊ မဟာမကု ၊ IPC တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် စာသင်သား သံဃာများဖြစ်ကြောင်း သိရသည်။“အခု အဖမ်းခံလိုက်ရတဲ့ သံဃာ ၈ ပါးမှာ ၅ပါးက ထိုင်းသာသနာဝင်ကတ် ရှိတယ်။ တပါးက UN (ကုလသမဂ္ဂ ဒုက္ခသည် အသိ အမှတ်ပြု)ကတ်နဲ့ နောက်တပါးက တောင်ပေါ်သားကတ်(ထိုင်းအစိုးရ အသိအမှတ်ပြုကတ်) ရှိတယ်။ ဒါပေမယ့် အဲဒီကတ်တွေလည်း တရားမ၀င်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးသွားတာပဲ။ သံဃာ အတုအယောင်တွေတော့ မဟုတ်ကြပါဘူး ၊ နိုင်ငံကူး လက်မှတ်မရှိတာ တခုပါပဲ”ဟု မြန်မာစာသင်သား သံဃာက ဆိုသည်။ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံတကာရဟန်းသံဃာများအတွက် Bachelor(တက္ကသိုလ် ပထမဘွဲ့)ဘွဲ့ သင် တန်း ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာစာသင်သားသံဃာများလည်း လာရောက်သင်ကြားနေကြခြင်းဖြစ်သည်။“နိုင်ငံတကာ သံဃာတွေအတွက် မဟာချူလာလောင်ကွန်း တက္ကသိုလ်သစ်ကို အယုဒ္ဓယမြို့မှာ ၂၀၀၈ ခုနှစ်မှ စဆောက်ပြီး ၂၀၀၉ ခုနှစ်မှ ပြီးစီးတာဆိုတော့ ၂၀၀၇ ခုနှစ်ကတည်းက ကျောင်းတက်ဖို့ ရောက်နေတဲ့ သံဃာတွေ သီတင်းသုံး နေထိုင်ရေး အဆင်မပြေတာကို ငဲ့ကွက်ပြီး ၀ပ်တလုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ လက်ခံထားတာပါ။ အခုတော့ သူ့ကိုပါထိခိုက်စေသလိုဖြစ် ရတဲ့အတွက် ဦးပဉ္ဇင်းတို့လည်း စိတ်မကောင်းဖြစ်ရတယ်”ဟု မြန်မာသံဃာက ဆက်လက်မိန့်ဆိုသည်။

After Sunami in Japan

Sunami in Japan

Thursday, March 10, 2011

ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ရန်ကင်းတရားရုံးတွင် တရားစွဲတင်ထားရာ အမှုစွဲတင်ချိန် တနှစ်ပြည့်လုသည်အထိ တရားလိုတင်ပြသော ပုဒ်မများဖြင့် တရားစွဲရန် သင့်မသင့်ကို တရားရုံးက ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရသည်။
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး (ဓာတ်ပုံ - myanmarcelebrity.com)ထိုအမှုကို စောင့်ကြည့်နေသည့် ပြည်တွင်းသတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့က တရားသူကြီးက စွဲချက်၊ လျှောက်လဲချက်တွေကို ကြည့်ရှုပြီး စွဲချက်ပါ ပုဒ်မတွေနဲ့ တရားစွဲတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့ တရားလိုရော တရားခံရော နှစ်ဖက်စလုံးကို ခေါ်ထားတာပါ။ ဒါပေမယ့် ထက်ထက်မိုးဦးက တရားရုံးကို မလာဘူး၊ သူ့ရှေ့နေပဲ လာရောက်ပြီး နောက်ရုံးချိန်း ပြန်ခေါ်ပေးဖို့ လျှောက်လဲသွားတယ်” ဟု ပြောသည်။ဆီဒိုးနားဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးမျိုးက “တရားရုံးက ဆင့်ခေါ်တာကို သုံးကြိမ်အထိ တရားရုံးကို မလာဘဲ နေနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်းမှာတော့ မျက်ကွယ်မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချနိုင်သလို၊ ၀ရမ်းလည်း ထုတ်နိုင်ပါတယ်။ တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီအမှု ဒီလောက်ကြီး ကြာနေတာကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်ယွင်းနေတာကို ပြတာပဲ။ မင်းသမီးအမှုမို့ ကြာနေတာလည်း ဖြစ်နိုင်တယ်။ သာမန်နာကျင်စေမှုတွေမှာ ဒီလောက် ကြာလေ့မရှိပါဘူး” ဟု ပြောသည်။အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သည်။“လာမယ့် ၂၄ ရက်နေ့ဆို အမှုတင်ထားတာ တနှစ်ပြည့်ပြီ။ ရုံးချိန်းကလည်း အခါ ၂၀ လောက်ချိန်းပြီးပါပြီ။ အခုထိ တရားစွဲတင်သင့်မသင့် မဆုံးဖြတ်နိုင်သေးဘူး” ဟု ရန်ကုန်ရှိ သတင်းထောက်တဦးက ပြောသည်။ထက်ထက်မိုးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခု၌ ယခုနှစ် ဇန်နဝါရီလထဲတွင် သမီးတဦး မွေးဖွားခဲ့ပြီး လာမည့် ၁၅ ရက်နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း ထက်ထက်မိုးဦးနှင့် နီးစပ်သူတဦးက ပြောသည်။ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ဆိုသည်။ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။မတ်လ ၇ ရက်နေ့က တရားရုံးသို့ ထက်ထက်မိုးဦး မလာရောက်ခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း သိရသည်။အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး လမ်းလုပ်နေသူများကို တိုက်ခိုက်သဖြင့် နစက တပ်ဖွဲ့မှ သေနတ် ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။
မောင်တောမြို့အ၀င် ဂိတ်“ ဖြစ်တာက ငခူရ ကျေးရွာမှာ တနင်္လာနေ့ နံနက်မှာ ဖြစ်ပွားတာပါ။ လမ်းလုပ်နေတဲ့ ဘီအီးကကား တိုက်တဲ့ အတွက် မွတ်ဆလင် တစ်ဦးသေသွားတယ်။ အဲဒါကို မကျေနပ်တဲ့ ဒေသခံ မွတ်ဆလင်တွေက ဘီအီးတပ်က လူတွေကိုရော၊ လမ်းလုပ်တဲ့ သူတွေကိုပါ တုတ်တွေ၊ ဂဲတွေနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ လူအုပ်က အရမ်းများလာတော့ အနီးအနားစခန်းက နစကတွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ သေနတ် ခုနှစ်ချက်တောင် ပစ်ဖေါက်ခဲ့ရပါတယ်” ဟု ငခူရ ကျေးရွာ မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။ငခူရ ကျေးရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယခုအခါ ဘီအီးခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ အဆိုပါ ကျေးရွာ အနီးတွင် လမ်းဖေါက်နေကြောင်း သိရသည်။“ အခုတော့ အခြေအနေကို သက်ဆိုင်ရာက ထိန်းသိမ်းထားလိုက်ပါပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းမှာ ကိုယ်နေထိုင်ကြဖို့ ရွာသားတွေကို သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ တိုက်တဲ့ကားနဲ့ တိုက်တဲ့ ကားမောင်းတဲ့ လူကိုလည်း အခု ကြိမ်ချောင်းမှာ ထိန်းသိမ်းထားပြီး လမ်းလုပ်တဲ့ သူတွေကို တိုက်ခိုက်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု သူက ဆက်ပြောသည်။ အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ငခူရ ကျေးရွာ အနီးတ၀ိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပြီး ဘီအီး တပ်သားများကို တိုက်ခိုက်သူ မွတ်ဆလင်များအား တစ်ဦးပြီး တစ်ဦး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။သေဆုံးသူ အလောင်းအား အနီးအနား ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယနေ့တွင် မိသားစုထံ လွဲပေးဖွယ်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ပူပြင်းခြောက်သွေ့သော အချိန်ဖြစ်သဖြင့် မီးလောင်မှုများ မကြာခဏဖြစ်ပေါ်၊ မတ်လနှင့်ဧပြီလများသည် နှစ်စဉ်မီးလောင်မှု အဖြစ်များသောကာလများဖြစ်သဖြင့် မီးဘေးသတိပေး

နှစ်စဉ်မီးလောင်မှု အဖြစ်များသော ပူပြင်းခြောက်သွေ့သည့်အချိန် ကာလရောက်ရှိလာ၍ အများပြည်သူများအနေဖြင့် မီးဘေးသတိရှိရန် လိုအပ်လာကြောင်း မီးသတ်ဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက သတိပေးပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် မီးလောင်မှုအဖြစ် အများဆုံးအချိန်ကာလ အပိုင်းအခြားမှာ ပူပြင်းခြောက်သွေ့သော မတ်လ နှင့်ဧပြီလတို့ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် မတ်လနှင့် ဧပြီလအတွင်းက ရာသီဥတုပူပြင်းမှုများကြောင့် တစ် နိုင်ငံလုံးတွင် မီးလောင်မှုများအဖြစ် များခဲ့ကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလ၏မီးလောင်မှုစာရင်း များအရ မတ်လနှင့်ဧပြီလတွင် မီး လောင်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ၂၀၀၆ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး၌ မီး လောင်မှု (၁၅၉)ကြိမ်၊ ဧပြီလတွင် မီးလောင်မှု (၁၁၂)ကြိမ်တို့ ဖြစ်ပွား ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် မီးလောင်မှု (၁၈၄)ကြိမ်နှင့် ဧပြီလတွင် (၁၁၂)ကြိမ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။ ၂၀၀၈ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး၌ မီးလောင်မှု (၁၆၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ဧပြီလတွင် (၈၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မတ်လတွင် မီးလောင်မှု (၁၀၁)ကြိမ် နှင့်ဧပြီလတွင် မီးလောင်မှု (၉၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် တစ်နိုင်ငံလုံး၌မီးလောင်မှု (၁၅၉)ကြိမ်နှင့် ဧပြီလတွင်မီးလောင်မှု (၁၃၈)ကြိမ်တို့ အသီးသီးတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
"နှစ်စဉ်မီးလောင်မှု အဖြစ်များတဲ့ မတ်လကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် အများပြည်သူအနေနဲ့ မီးသတိရှိဖို့လို အပ်လာပါပြီ။ မီးလောင်မှုဖြစ်စဉ်တွေ ကို ကြည့်မယ်ဆိုရင် ပေါ့ဆမှုကြောင့် မီးလောင်မှုဟာအများဆုံးဖြစ်နေပြီး နောက်ဆက်တွဲဆုံးရှုံးမှုတန်ဖိုးတွေက လည်းမြင့်တက်နေပါတယ်။ ဒါကြောင့် အခုအချိန်မှာမီးနဲ့ပတ်သက်ပြီးပေါ့ဆမှု တွေမရှိအောင်၊ နေ့စဉ်ထုတ်သတင်းစာ တွေမှာဖော်ပြထားတဲ့ မီးသတိပြုဖို့ တိုက်တွန်းနှိုးဆော်မှုတွေ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကတစ်ဆင့်ဖော်ပြတဲ့သတင်း တွေ၊ အကြံပြုချက်တွေကိုဖတ်ရှုလိုက်ဖို့ လည်း လိုပါတယ်။ ပြီးတော့ နှစ်စဉ် လစဉ်တွေမှာလည်း မီးလောင်မှုတွေ လျော့နည်းလာအောင်လို့ မီးသတ် ဦးစီးဌာနအနေနဲ့လည်း စစ်ဆေးမှုတွေ များများလုပ်၊ မီးလောင်မှုဖြစ်တဲ့နေရာ ကို မြန်မြန်ရောက်ပြီး မြန်မြန်ငြှိမ်း သတ်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေ များများလုပ်ထားမှုတွေ ဆောင်ရွက်ထားဖို့ အရေးကြီးပါတယ်" ဟု မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြော ပြခဲ့သည်။
လက်ရှိအနေအထားအရ ပူပြင်းသည့် မတ်လအတွင်းရောက်ရှိလာ၍ တစ်နိုင်ငံလုံးတွင်မီးလောင်မှုများမကြာ ခဏဖြစ်ပွားနေသည်ဟု သိရသည်။
ယခု ၂၀၁၁ ခုနှစ်အတွင်း မီး လောင်မှု အခြေအနေစာရင်းများအရ ပေါ့ဆမှုကြောင့် မီးလောင်မှုမှာ အများ ဆုံးဖြစ်ပြီး မီးဖိုမီးမှာဒုတိယအများဆုံး ဖြစ်ကာ လျှပ်စစ်ကြောင့် မီးလောင်မှု မှာ တတိယအများဆုံးဖြစ်နေကြောင်း သိရှိရသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီး လောင်မှု စုစုပေါင်း (၇၂)ကြိမ်ဖြစ်ပွား ခဲ့ပြီး ယင်းအထဲတွင်ပေါ့ဆမီးမှာ (၃၆) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ၅ ဒသမ ၀၄ သန်းကျော်ဖိုးရှိခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းများ အရသိရှိရသည်။ ၂၀၁၁ ခုနှစ် ဖေဖော် ၀ါရီလတွင်မူ တစ်နိုင်ငံလုံးတွင် မီး လောင်မှုစုစုပေါင်း (၁၀၇)ကြိမ်ဖြစ်ပွား ခဲ့ပြီး မီးလောင်မှုအများဆုံးဖြစ်ပွားခဲ့ သည့်နေရာမှာမန္တလေးတိုင်းဒေသကြီး၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယအများဆုံးမှာ စစ် ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရှိရသည်။
"ရန်ကုန်တိုင်းဒေသကြီးဟာ လူနေ ထူထပ်တဲ့အတွက် မီးလောင်မှုအဖြစ် များတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဓိက ရန်ကုန်မှာက အထပ်မြင့် အဆောက်အအုံများတယ်။ အထပ်မြင့် အဆောက်အအုံတွေမီးလောင်မှုဖြစ်ပြီ ဆိုရင် အဲဒီအတွက်လိုအပ်တဲ့ မီးသတ် အထောက်အကူပြုယာဉ်တွေ လိုလာ တယ်။ အခု ရန်ကုန်တိုင်းဒေသကြီးမှာ က မီးသတ်အထောက်အကူပြုယာဉ် (လှေကားတင်ယာဉ်) ခုနစ်စီးလောက်ပဲ ရှိတယ်။ အဲဒီယာဉ်က ပေ ၁၂၀အမြင့် ရှိတဲ့ အဆောက်အအုံတွေအထိပဲ ရေ ပက်လို့ အဆင်ပြေတယ်။ ပေ ၁၂၀ ကျော်ရင်မရဘူး။ ဟိုတယ်တွေအများစု ကိုတော့ ဒီယာဉ်က ရေပက်လို့မမီဘူး" ဟုရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
"ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်း ကျင်မှာပဲဖြစ်ဖြစ် မီးလောင်ရင်ကြိတ်ပြီး ငြှိမ်းမယ့်အစား မီးသတ်ကိုအကြောင်းကြား သတင်းပေးသင့်တယ်။ အကြောင်းကြားဆိုတဲ့နေရာမှာလည်း လူအတော်များများက မီးသတ်ကိုအကြောင်း ကြားရမယ့် ဖုန်းနံပါတ်တွေကို မသိကြဘူး။ ဒါတွေလည်း သိထားဖို့လိုတယ်။ မီးသတ်သတ်တဲ့အပိုင်းနဲ့ ပြောရရင်တော့ တချို့မြို့နယ်ရပ်ကွက် တွေက မီးငြှိမ်းသတ်ဖို့ တော်တော် အခက်အခဲဖြစ်တယ်။ လူတွေကလည်း မီးလောင်ပြီဆိုရင် ၀ိုင်းအုံကြည့်တဲ့ အတွက် ဒါကလည်း အခက်အခဲ တစ်ခုပဲ။ ပြီးတော့ တချို့ မြို့နယ် ရပ်ကွက်တွေရဲ့ လမ်းတွေက တစ်ဝက် တစ်ပျက်ခင်းထားတာ မပြီးသေးတဲ့ အတွက် အဲဒီအတွက်လည်း မီးငြှိမ်း သတ်ရေးအတွက် အဟန့်အတားဖြစ် စေတယ်။ နောက်တစ်ခုကတာ့ ဒီနှစ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလမှာ မီးလောင်မှု အဖြစ်များလာတယ်။ နှစ်စဉ် မတ်နဲ့ ဧပြီမှာ မီးလောင်မှုအဖြစ်များတော့ အများကဂရုစိုက်ကြတယ်။ ဖေဖော် ၀ါရီလကတော့ မီးလောင်မှု သိပ်မဖြစ် နိုင်ဘူးလို့တွေးပြီး ဂရုမပြုကြတော့ ဖေဖော်ဝါရီလက မတ်လနဲ့ ဧပြီလကိုကျော်ပြီး မီးလောင်မှုအများဆုံး ဖြစ်လာတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါသည်။
မီးလောင်မှု အဖြစ်များသော ကာလဖြစ်၍ တစ်နိုင်ငံလုံးရှိ မြို့နယ် နှင့်ရပ်ကွက်များတွင် မီးသတိပြုရန် နှိုးဆော်မှုများ တွန်းအားပေးပြုလုပ် လျက်ရှိသကဲ့သို့ မီးဘေးလုံခြုံမှုနှင့် ပတ်သက်သော စစ်ဆေးမှုများ၊ စက်ရုံ အလုပ်ရုံများတွင် ဟောပြောမှုများ၊ ဈေးများအား စစ်ဆေးခြင်းနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေး စစ်ဆေးမှုများကို ပိုမိုဆောင်ရွက်လျက် ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် မီးဘေးအန္တရာယ် အများဆုံး ကျရောက်နိုင်သည့်နေရာများ မှာ လူနေထူထပ်သော ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ကို သန္ဓေ ၄၇၀၀ ကျော်၊ အရန် ၂၄၀၀၀၀ ကျော်၊ မီးသတ်ယာဉ် ၇၂၀ ကျော်၊ ရေသယ်ယာဉ် ၂၆၀ ကျော်၊ အထောက်အကူပြုယာဉ် (လှေကား တင်မီးသတ်ကား) ၁၉၀ ကျော်တို့ဖြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ယူအန်မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ရခိုင်အမျိုးသား တဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။အဆိုပါ သေဆုံးသူမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျားရှည်ကျေးရွာမှ အဘ ဦးစိန်မြထွန်းနှင့် အမိ ဒေါ်လှစိန်တို့၏သား ကိုစိန်ကျော်ဝင်း (၄၁နှစ်) ဖြစ်ကြောင်း ARRC (KL) မှ ဥက္ကဌ ကိုထွန်းထွန်းက ပြောသည်။"သူက မလေးရှားနိုင်ငံ ကွမ်တန်းမှာနေတာပါ။ သူ့ဆွေမျိုးတွေလည်း အဲဒီမှာ ရှိတယ်လို့ သိရပါတယ်။ နေမကောင်းလို့ ဆေးကုသဖို့ ကွမ်တန်းကနေပြီးတော့ ကွာလာလမ်ပူမြို့ကို တက်လာတာပါ။ သူသေဆုံးတာကတော့ ပူချန်းမြို့နယ်မှရှိတဲ့ သူ့ အသိမိတ်ဆွေ တဦးရဲ့ နေအိမ်မှာ သေဆုံးတာဖြစ်ပါတယ်။ ကျနော်တို့ သိရတာကတော့ အဲဒီအိမ်က အိမ်သာမှာ ကြိုးဆွဲချပြီး သေဆုံးနေတာကို အဲဒီအိမ်က လူတွေက မနက် ၄နာရီ ခွဲလောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်"� ဟု ပြောသည်။ကိုစိန်ကျော်ဝင်းမှာ မတ်လ ၁ရက်နေ့တွင် သေဆုံးခြင်းဖြစ်ပြီး သူ့ရုပ်အလောင်းကို ၅ ရက်အကြာ ယမန်နေ့(မတ်လ ၆ရက်) နေ့လည်ပိုင်းက သင်္ဂြိုလ် ခဲ့ကြောင်း သိရသည်။အဆိုပါ ကိုစိန်ကျော်ဝင်း သေဆုံးသွားရခြင်းနှင့် ပတ်သက်၍ ကိုထွန်းထွန်းက သူသိရသလောက်ကို ယခုကဲ့သို့ ဆက်ပြောသည်။"ကျနော်တို့ သိရတာက ဒီနှစ်ထဲမှာ သူထောင်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက သူ့ကို ထောင်ထဲမှာ သီးသန့်အခန်းတခုမှာ ထားတယ်လို့ ပြောပါတယ်။ အဲဒါကို သူ့စိတ်ထဲမှာ HIV ရှိနေတဲ့အတွက် အခုလို သူ့ကို သီးသန့်ထားတယ်လို့ သံသယဖြစ်သွားတယ်လို့ ကြားပါတယ်။ ထောင်က ထွက်လာတဲ့နောက် နေမကောင်း ဖြစ်တဲ့ အတွက် သူ့စိတ်ထဲမှာ ပိုပြီးတော့ သံသယ စိတ်တွေ ၀င်သွားတယ်နဲ့ တူပါတယ်။ ဒါနဲ့ ဆေးကုဖို့ ကွာလာလမ်ပူကို တက်လာတာပါ။ ဒီရောက်တော့ စိတ်တွေ ကယောင်ကတမ်း ဖြစ်ပြီး အခုလို အဆုံး စီရင်သွားခဲ့တာပါ။"� သို့သော်လည်း မိမိကိုယ်ကို အဆုံးစီရင်မူနှင့် ပတ်သက်ပြီး သူအနေဖြင့် တစုံတရာ စာဖြင့်သော်၎င်း၊ နုတ်ဖြင့်သော်၎င်း ထုတ်ဖေါ်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။သူအဆုံးစီရင် သွားပြီးနောက် ရုပ်အလောင်းကို သက်ဆိုင်ရာ ဌာနများမှ စစ်ဆေးမှုများပြုလုပ်ခဲ့သလို အဆိုပါ နေအိမ်(သေဆုံးခဲ့သည့်အိမ်)တွင် နေထိုင်သူများကိုပါ မလေးရှား ရဲမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။မလေးရှားနိုင်ငံတွင် ရခိုင်လူမျိုး ၃သောင်းကျော်ခန့်ရှိပြီး ယူအန်မှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံထားရသူ ၉၀၀၀ ခန့် ရှိကြောင်း သိရသည်။ ကိုစိန်ကျော်ဝင်း၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသည့် နံပတ်မှာ 791-08C01347 ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ရခိုင်တစ်ဦး မလေးရှားတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မတ်လ ၄ ရက်နေ့က ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သတင်း ရရှိသည်။ဒုတိယအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာမှာ တောင်ထောင်ဟာရွာ ဖြစ်ပြီး မွတ်ဆလင် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာဖြစ်ကာ ကျောက်တော်မှ သုံးမိုင်ခန့် အကွာတွင် တည်ရှိကြောင်း သိရသည်။လောင်ကျွမ်းခဲ့ကြောင်းကို ဒေသခံတဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။“ အခုမီးလောင်မှုက ကျောက်တော်မှာ တပတ်အတွင်း ဒုတိယ အကြိမ်မီးလောင်မှုဖြစ်တာပါ။ မူဆလင်တွေ နေထိုင်တဲ့ တောင်ထောင်ဟာ ရွာမှာ မီးလောင်တာ ဖြစ်ပါတယ်။ ညနေပိုင်း ထမင်းချက်ရာကနေ မီးလောင်တာ ဖြစပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော် လောက် ဆုံးရှုံးသွား ပါတယ်။ စုစုပေါင်း လူ ၁၀၀၀ လောက်တော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။” မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ကျား(ကလေး၊ လူကြီး) ၄၃၆ ဦး နှင့် မ(ကလေး၊ လူကြီး) ၄၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းနှင့် အဆိုပါ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသည့် ရွာသားများကို ယခုအခါတွင် စာသင်ကျောင်းများနှင့် အခြားသော နေရာများတွင် ယာယီ နေရာ ချပေးထားကြောင်း သိရသည်။မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ပထမဆုံး မီးလောင်ခဲ့ရာတွင် ကျောက်တော်မြို့ပေါ်မှ အစိုးရပိုင် ဂိုဒေါင် ၆ လုံး မီးထဲပါသွားခဲ့သည်။ အဆိုပါ ဂိုဒေါင်များကို အစိုးရမှ လေလံပစ်ရန် စီစဉ်ထားချိန်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ မီးလောင်ကျွမ်းသွားသော ဂိုဒေါင် ၆ လုံးထဲတွင် တစ်လုံးမှာ စစ်တပ်မှ ဌားရမ်းပြီး ရိက္ခာ သိုလှောင်ထားသော ဂိုဒေါင်ဖြစ်သဖြင့် အများစုက ရှို့မီး အဖြစ် ထင်မြင် ယူဆနေကြသည်ဟု သိရသည်။ရခိုင်ပြည်တွင် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံမှု များပြားရခြင်းမှာ မီးသတ်ဌာနတွင် မီးသတ်ယာဉ်များ အဆင်သင့် မရှိခြင်းကြောင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

Wednesday, March 2, 2011

နယ်မြို့များ၌ စက်သုံးဆီဈေး ပိုမိုမြင့်တက်

ရန်ကုန်မြို့ထက် နယ်မြို့များရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းပိုမို မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။အစိုးရ သတ်မှတ်ဈေး ဓာတ်ဆီ တဂါလန်လျှင် ကျပ် ၂၅၀၀ ရှိသော်လည်း မှောင်ခိုဈေးကွက်တွင် ရန်ကုန် မြို့၌ ၃၈၀၀ ကျပ် ၊ မန္တလေး မြို့တွင် ၅၅၀၀ကျပ်၊ မုံရွာမြို့တွင် ၄၆၀၀ ကျပ်၊ စစ်ကိုင်းမြို့တွင် ၅၅၀၀ ကျပ် အထိ ထိုးတက်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မကွေးမြို့၌ ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိက စက်သုံးဆီဆိုင် တဆိုင်တွင် ဆီဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - shwelanngwelan.blogspot.com)ယင်းကဲ့သို့ မှောင်ခိုဈေးကွက်၌ ဈေးနှုန်းမြင့်မားလာ၍ ပုဂ္ဂလိက အရောင်းဆိုင်များတွင် တန်းစီ ထုတ်သူများ ပိုမိုများပြားလာပြီး သတ်မှတ်ရောင်းချပေးသည့် ဂါလန် နှင့် လောက်ငမှုမရှိသောကြောင့် ဈေးနှုန်းမြင့်သည့် မှောင်ခိုဈေးကွက်ကို အားကိုးနေရ သည်ဟု မန္တလေးမြို့တွင်နေထိုင်သည့် စာရေးဆရာ တဦးက ဧရာဝတီကို ပြောသည်။“ဆိုင်ကယ် က ဓာတ်ဆီ ပဲသုံးတာ။ တခါထုတ် တဂါလန်ပဲ။ ဒီတဂါလန်လေး ရဖို့လည်း ဆိုင်တွေမှာ မြင်မကောင်းအောင် ကား တွေ ၊ ဆိုင်ကယ်တွေ အတန်းလိုက်ကြီး။ အရင်တုန်းက မှောင်ခိုဈေးနဲ့ ကွာလှ ၅၀၀ လောက်ပဲဆိုတော့ ဒုက္ခခံ မနေတော့ဘူး။ အပြင်မှာပဲ ၀ယ်လိုက်တော့တယ်။ အခုအခြေအနေကတော့ အပြင်ဈေးနဲ့ အရမ်းကွာနေတော့ တဂါလန်လေး ရဖို့လည်း ဒုက္ခခံနေရတာပေါ့”ဟု ၎င်းက ဆိုသည်။ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်နည်းပါးသည့် နယ်မြို့များတွင် ဆီတဂါလန်ရရှိရန် ၂ နာရီ ခန့် တန်းစီနေရသည်ဟု စစ်ကိုင်း မြို့ခံ တက္ကသိုလ် ကျောင်းသား တဦးက ဧရာဝတီကို ပြောပြသည်။“ဓာတ်ဆီ ဆိုင်မှာ မတန်းစီ နိုင်တော့လို့ ရေသန့်ဘူး နဲ့ ၁ ကွာတားဆိုပြီး ၀ယ်ထည့်တာ အရင် တဘူး ကို ကျပ် ၇၀၀ ၊ ၈၀၀ က နေ ၁၃၀၀ ဖြစ်သွားတယ်။ ဒီမြို့မှာ အကုန်လုံးက ဆိုင်ကယ်ပဲသုံးတာ။ ဒီက ကျောင်းသားတွေ မန္တလေးကို ဆိုင်ကယ်နဲ့ ကျောင်း တက်တာ။ အခု အခြေအနေ က ဓာတ်ဆီ ၀ယ်နိုင်မှ ကျောင်းသွားတက်ရတော့မယ်”ဟု ၎င်းက ပြောသည်။ထို့အပြင် ပြင်ဦးလွင်မြို့မှ စစ်ကိုင်းဈေးသို့ နေ့စဉ် ဆိုင်ကယ်ဖြင့်လာရောက် ရောင်းချနေသည့် ပန်းဈေးသည်များ လျော့နည်း သွားပြီး ရောင်းချနေသည့် ပန်းဈေးများလည်း မြင့်တက်သွားသည်ဟု စစ်ကိုင်းမြို့ဈေးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောဆိုသည်။စစ်ကိုင်းမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်၂ ဆိုင်ရှိပြီး ရွှေတောင် လုပ်ငန်းစု ကုမ္ပဏီ မှ ဖွင့်လှစ်ထားသည် ဟု သိရသည်။မန္တလေးမြို့ အနီးတ၀ိုက်ရှိ ရွာများတွင် နေထိုင်သူများသည် ထော်လာဂျီ အဓိကထား ကုန်စည် သယ်ဆောင်မှု ပြုလုပ်နေ သော ကြောင့် အဆိုပါ တရုတ်လုပ် ထော်လာဂျီများတွင် သုံးစွဲရသည့် ဒီဇယ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မြိ့နှင့် ရွာအကြား သယ်ယူရောင်းချနေသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်သွားသည်ဟု သိရသည်။ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဒီဇယ် တဂါလန် ၄၀၀၀ ကျပ် ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင် ဈေးမြှင့် ရောင်းချခဲ့ပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။မှောင်ခို ဈေးကွက်တွင် ဒီဇယ် ၁ ဂါလန် ရန်ကုန်မြို့၌ ကျပ် ၄၀၀၀၊ မန္တလေးမြို့တွင် ၅၀၀၀ ၊ မုံရွာမြို့တွင် ၅၀၀၀ ကျပ် ရှိသည် ဟု သိရသည်။“မှောင်ခို ဈေးကွက်မှာတွင် ဈေးက တနေရာနဲ့ တနေရာတော့ မတူဘူး။ မှောင်ခို လက်ကြီး ဈေးကွက်လို့ ခေါ်မှာပေါ့။ သူက ပေပါလိုက် ၀ယ်ပြီး ပြန်ရောင်းတာ။ သူ့ဆီမှာဆို နည်းနည်း ဈေးသက်သာတယ်။ ဥပမာ ဒီဇယ် ၁ ဂါလန် ကျပ် ၄၈၀၀၊ ဆီ ပုလင်း လေးတွေ ထောင်ရောင်းတဲ့ လမ်းဘေးဆိုင်အများစုကတော့ တဂါလန် ၅၅၀၀ ပေါ့။ တနေကုန် တန်းစီရအောင် အလုပ် မသွားရတော့ဘဲ နေမယ်။ ဒီတော့ လမ်းဘေးကဟာ ၀ယ်ထည့်ရုံပေါ့”ဟု မန္တလေးမြို့တွင် နေထိုင်သူ တဦးက ပြောပြသည်။မန္တလေးတိုင်း မတ္တရာ မြို့တွင် နေ ထိုင်သူ တဦးကလည်း“လယ်သမားအတွက်က အဓိက စပါး သယ်ဖို့ ထော်လာဂျီ မသုံးမဖြစ် သုံးတော့ ဒီဇယ် ဈေး ဒီလို တက်ပုံနဲ့ မသယ်နိုင်ဘဲ ဒီ အတိုင်း ထားတာတွေရှိတယ်။ ကံကောင်းတာ က မိုးမဖျက်လို့ မိုးသာ ရွာချလိုက်ရင် ကုန်ပြီ။ မြို့ထဲကနေ အပြင်ထွက် လိုက် တာနဲ့ ရွာလေးတွေရှိတော့ ရွာမှာ အိမ်ဆိုင်လေးတွေ ဖွင့်ပြီး တနိုင်တပိုင် ရောင်းနေတဲ့ သူဆို ၀န်စည်စလယ် သယ်ဖို့ ထော်လာဂျီပဲ သုံးတာများတယ်။ တချို့ အိမ်ဆိုင်လေးတွေလည်း မကိုက်လို့ ပိတ် လိုက်ပြီ”ဟု ပြောသည်။ယခင် မန္တလေး - မုံရွာ ခရီးစဉ် ၁၇၀၀ ကျပ်မှ ၂၅၀၀ ကျပ် သို့ ဈေးတက်သွားပြီး ကုန်ပစ္စည်းပို့ဆောင်စရိတ်များ ၂ ဆ ခန့် မြင့် တက်သွားသည်ဟု မုံရွာမြို့ နေထိုင်သူတဦးက ပြောပြသည်။မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း အတွင်းရှိနယ်မြို့များ၏ လမ်းပန်းဆက်သွယ်ရေးတွင် ဆိုင်ကယ် အဓိက သုံးစွဲ၍ သွားလာ ရသောကြောင့် စက်ဘီး အစားထိုး သုံးစွဲရန် စဉ်းစားနေကြသည်ဟု ၎င်းက ဆိုသည်။ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသောကြောင့် ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သကဲ့သို့ အရှေ့အလယ်ပိုင်း ရေနံ ထွက် ရှိရာ ဒေသတွင်ဖြစ်ပေါ်နေသည့် လူထု အုံကြွမှုများကြောင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ အာဏာပိုင်များက ပြောဆိုသည်။သို့သော် ရေနံစိမ်းဈေးနှုန်း မမြင့်တက်မီကပင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း ၊ ပုဂ္ဂလိက အရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ပမာဏနှင့် လုံလောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးကွက်သည် မှောင်ခို ဈေးကွက် ကို ပိုမိုကြီးမားကျယ်ပြန့်လာစေပြီး သုံးစွဲသူ ပြည်သူများသာ အခက်အခဲနှင့် ကြုံတွေ့ရကြောင်း၊ စစ်အစိုးရနှင့် ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေးကုမ္ပဏီကြီးများသာ အကျိုးဖြစ်ထွန်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန သွင်းကုန် လုပ်ငန်းဌာနမှ အရာရှိ တဦးက ပြောဆိုသည်။

ကျောက်တော်တွင် ယနေ့မီးလောင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယနေ့ နံနက်ပိုင်းက ကုန်သည်လယ်ယာ ခြံဝင်းထဲတွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ ဂိုဒေါင် ၆လုံး မီးထဲပါသွားခဲ့ကြောင်း သတင်းရရှိသည်။ယနေ့နံနက် ၈နာရီခွဲခန့်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၁၀နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။“ဂိုဒေါင် ၆လုံး၊ ရုံးခန်းတခန်းနဲ့ ထမင်းချက်ရုံတရုံ လုံးဝ ပြာကျသွားပါတယ်။ ဂိုဒေါင်ကြီးတွေ မီးလောင် တယ်ဆိုတော့ မီးအားက ပြင်းပါတယ်။ မီးသတ်ဌာနက မီးသတ်ကားလည်း ရောက်လာခြင်း မရှိတော့ ဒေသခံ ပြည်သူတွေက တတ်နိုင်တဲ့ နည်းတွေနဲ့ ဝိုင်းပြီးတော့ မီးငြိမ်းလိုက်ရပါတယ်။” အဆိုပါ မီးမှာ ကုန်သည်လယ်ယာ ဦးစီးဌာနမှ တဆင့် ထောက်/ပို့ စစ်တပ်(ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး) မှ ငှါးရမ်းထားသော ဂိုဒေါင်မှ စတင်လောင်းကျွမ်းခြင်း ဖြစ်သည်ဟု သိရသည်။“ဒီကုန်သည်လယ်ယာ ခြံထဲမှာက ငှါးရမ်းထားတဲ့ ဂိုဒေါင်တွေနဲ့ ရောင်းပစ်ဖို့ စီစဉ်နေတဲ့ ဂိုဒေါင် ဟောင်းကြီး အလုံး ၁၀ကျောက်လောက် ရှိပါတယ်။ ဘယ်လို မီးစလောင်တာဆိုတာကတော့ အတိကျ မသိသေးပါဘူး။ လူတွေ ပြောနေကြတာကတော့ ရှို့မီးလို့ ပြောကြပါတယ်။” ယခုကဲ့သို့ အစိုးရ ဌာနတခု၏ ဂိုဒေါင်များ ရုတ်တရက် မီးလောင်ကျွမ်းသွားခြင်းအပေါ် ဒေသခံပြည်သူများ အကြား အမျိုးမျိုး ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်း ၄ နှစ်ပြည့်ပြီ


ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ထူထောင်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်း တည်ထောင် ခဲ့သည်မှာ ယနေ့ ၄ နှစ်ပြည့်ပြီဖြစ်သည်။

သုခ ကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားတွင် စေတနာဆရာဝန်များအား ဦးကျော်သူက ဂါရ၀ပြု လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ်သုခကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ် နာရေးကူညီမှု အသင်း အဆောက်အအုံသစ်တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက ကြိုတင် ကျင်းပခဲ့သည်ဟု ဦးကျော်သူက ပြောသည်။အဆိုပါ အခမ်းအနားသို့ သုခ ကုသိုလ်ဖြစ် ဆေးခန်း၏ စေတနာ့ဝန်ထမ်း ဆရာဝန် ၄၈ ဦး တက်ရောက်ခဲ့ပြီး ဆေးခန်း၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။“တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်လို့ နှစ်ပတ်လည်ကို ကြိုကျင်းပခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဇန်န၀ါရီကနေ ဒီဇင်ဘာလအထိ သုခ ကုသိုလ်ဖြစ် ဆေးခန်းက ကုသပေးခဲ့တဲ့ လူနာဦးရေ၊ ပြည်သူ့ဆေးရုံ ၈ ရုံမှာ သုခ ကုသိုလ်ဖြစ်ဆေးခန်းကနေ တဆင့် တက်ရောက်ခဲ့တဲ့ လူနာတွေကို ဆေးဝါး အထောက်အပံ့ ကိစ္စတွေ ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ဂါရ၀ပြု လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။သုခကုသိုလ်ဖြစ် ဆေးခန်းတွင် ၂၀၁၀ ပြည့်နှစ် တနှစ်တာအတွင်း အထွေထွေလူနာ ၁၉၁၄၁ ဦး၊ အသေးစားခွဲစိတ် ကုသရသည့် လူနာ ၂၄၂၇ ဦး အပါအ၀င် လူနာ ၄ သောင်းကျော်ကို ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။ဂျပန်နိုင်ငံမှ မှာယူထားသည့် မျက်စိ ခွဲစိတ်ခန်းသုံး ပစ္စည်းများမှာ ယခုလအတွင်း ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ ပြင်ဆင်ပြီး လာမည့် ဧပြီလတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ နေ၍ မျက်စိခွဲစိတ်ခန်းကို စတင် လုပ်ဆောင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း X.RAY, E.C.G, U.S.G စက်များ အသုံးပြု၍ လူနာများကို ကုသပေးလျက်ရှိကြောင်း ဦးကျော်သူက ပြောသည်။နာရေးကူညီမှုအသင်း (ရန်ကုန်) သည်လည်း လာမည့် ဧပြီလတွင် ၁၀ နှစ်ပြည့်ပြီဖြစ်သောကြောင့် နှစ်ပတ်လည်အဖြစ် ဧပြီ ၂၃ ရက်နေ့တွင် အသင်းသူ အသင်းသားများ ပျော်ရွှင်မှုအတွက် ဈေးရောင်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုနေ့တွင်ရောက်လာမည့် အလှူရှင်များနှင့် ဧည့်သည်များအား နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို ရှင်းပြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။“မဇ္ဈိမလှိုင်း ကိုရဲလွင်၊ ဆောင်းဦးလှိုင်နဲ့ လူငယ်တေးသံရှင်တွေရဲ့ သီချင်း ၃၆ ပုဒ် သွင်းထားတာ ရှိတယ်။ အလှူရှင်တွေကို ကန့်သတ်အနေနဲ့ အဲဒီအခွေတွေ ဝေပေးမယ်။ လာနိုင်တဲ့ အဆိုတော်တွေလည်း လာဖျော်ဖြေကြလိမ့်မယ်။ ပြီးတော့ အခြေခံ အင်္ဂလိပ်စာ သင်တန်း တက်နေတဲ့ ဒီက ကလေးတွေရဲ့ သီချင်းတွေ၊ အကတွေ တင်ဆက်မယ်” ဟု သူက ဆိုသည်။ဧပြီ ၂၄ ရက်နေ့တွင် မြန်မာပြည်အနှံ့ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်းများကို ဖိတ်ခေါ်၍ စကားဝိုင်း ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲကို နားထောင်ကာ မည်သို့ ဆက်လက် လုပ်ဆောင်ကြမည်ကို စဉ်းစားကြံစည် ကြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။နာရေးကူညီမှု အသင်း အနေဖြင့် ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့အထိရုပ်အလောင်းပေါင်း ၉၇၅၆၇ လောင်းကို ပို့ဆောင် ကူညီပေးခဲ့ပြီး ယခု မတ်လအထိ ဆိုလျှင် နာရေး ၁ သိန်း နီးပါး ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ တနေ့လျှင် လူနာ ဦးရေ ၂၀၀ ခန့် ကုသပေးနေပြီး နာရေးကူညီမှု အသင်းအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ကို နေ့စဉ်ပို့ဆောင် ကူညီလျက်ရှိကြောင်း သိရသည်။ထို့ပြင် နာရေးကူညီမှု အသင်း (ရန်ကုန်) က သောက်သုံးရေ ရရှိရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။“မနှစ်က သောက်သုံးရေ ပြတ်လပ်တာတွေ စကတည်းကနေ ဒီနေ့အထိ သောက်သုံးရေ ရရှိရေးအတွက် ကူညီပေးနေပါတယ်။ဒေသ အတော်များများမှာ အ၀ီစိတွင်းတူး၊ အုတ်ကန်ဆောက်၊ ရေစုပ်စက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။ လက်ရှိမှာ နတ်မောက်မြို့နဲ့ ပေါက်ခေါင်းမြို့က ကျေးရွာ တချို့မှာ အ၀ီစိတွင်းတွေ တူးဖော်နေပါတယ်။ အများပြည်သူအတွက် အများပြည်သူကောင်းမှု (နာရေး ကူညီမှုအသင်း - ရန်ကုန်) ဆိုပြီး ကမ္ဗည်းတပ် လှူဒါန်းနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။ဒေသ အာဏာပိုင်များအနေဖြင့် လတ်တလော ကန့်သတ်မှုမရှိသေးဘဲ စောင့်ကြည့်မှုသာ ရှိနေကြောင်း၊ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က လာမည့် နာရေးကူညီမှု အသင်း ၁၀ နှစ်ပြည့်အခမ်းအနားကိစ္စကို လာရောက် မေးမြန်းစုံစမ်းခြင်းမျှသာ ရှိကြောင်း သိရသည်။

ဗုံးကွဲမှုကြောင့် ရန်ကုန်တွင် ရခိုင်များကို စစ်ဆေးမှု ပိုများပြားလာ

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် စနေနေ့က ဗုံးပေါက်ကွဲမှုကြောင်း ရန်ကုန် အင်းစိန်မြို့နယ်အတွင်း ရခိုင် အမျိုးသားများနေထိုင်သည့် နေအိမ်များနှင့် ရခိုင်စာသင်သားများနေထိုင်သည့် ဘုန်းတောင်ကြီး ကျောင်းများကို အာဏာပိုင်များမှ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ များမကြာမှီက ပေါက်ခွဲခဲ့သည့် ဗုံးဖောက်ကွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင် အရ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမှ ဇော်မင်းသန်း ၂၆ နှစ်ဟု ဖော်ပြထားသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားများ နေအိမ်များကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်နေ ရခိုင်အမျိုးသားများက ပြောသည်။“ ဧည့်စာရင်းမတိုင်ရတာတော့ကြာပြီ ဒီကျောင်းမှာ။ ဘုန်းကြီးကျောင်းတွေ ဧည့်စာရင်းမတိုင် ရတာ ကြာပြီ ။ မနေ့က ညနေကလာပြီးတော့ ဧည့်စာရင်းတိုင်ထားတော့ ကိုယ့်ဘက်က လုံခြုံတယ်ဆို တာမျိုးလာပြောတယ်။ ဒီမှာဆေးကူးဖို့ရောက်နေတဲ့ ဧည့်သည်တွေကိုလည်း နည်းနည်း မေးသွား တယ်။” ဟု ဓည၀တီကျောင်းတိုက်မှ ဘုန်းတော်ကြီးတပါးက ပြောသည်။အလားတူ မြောက်ဥက္ကလာပရှိ ရခိုင်အမျိုးသားများနေအိမ်ကိုလည်း စစ်ဆေးခဲ့ကြောင်း ရခိုင် အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။“များသောအားဖြင့် ရခိုင်တွေနေတဲ့ အိမ်တွေကို စစ်သွားတယ်ပေါ့။ အဲဒီနေ့က ငါတို့မှာ လူပိုတ ယောက်ရှိတယ်။ ဧည့်စာရင်းတိုင်မထားဘူး။ ဒါနဲ့ အိမ်ထောင်ဦးစီးကို ရယကရုံးကို ခေါ်သွားပြီးတော့ ရုံးမှာ ရခိုင်လူမျိုးတွေ အင်းစိန်တံတားမှာ ဗုံးဖောက်ခွဲတယ်လို့ပြောတယ်တဲ့။ အဲဒီမှာ ဗုံးခွဲသူ အမည်တွေ မိဘအမည်တွေကိုလည်း ပြောလိုက်ပါတယ်” ဟု ပြောသည်။အဆိုပါ ဗုံးမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး ကွမ်းယာဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်း ၂၁ နှစ်၊ မသင်သင်း ၂၅ နှစ်၊ မငြိမ်းငြိမ်းထွန်း ၃ နှစ်၊ ဇော်မင်းထိုက် ၁၃ နှစ်၊ တင့်လွင်ဦး ၂၇ နှစ်၊ ကေသီမျိုးကျော် ၂၂ နှစ်နှင့် ဝေပပဆွေ ၃၁ နှစ်တို့ ဒဏ်ရာရှိခဲ့ကြောင်း သိရ သည်။ဇော်မင်းသန်း နေထိုင်ခဲ့သည့်အခန်းမှလည်း ယမ်းတောင့်တခုအပါအ၀င်တခြားပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု သတင်းစာတွင်ဖော်ပြသည်။အလားတူး ရခိုင်အမျိုးသားများနေထိုင်သည့် လှိုင်ယာ၊ ကျောက်မြောင်းနှင့် ဂွတ္တလိတ်မြို့နယ်များတွင် လည်း တအိမ်ထွက် တအိမ်ဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။နောက်ထပ် တော်ဝင်ပလာဇာ ကိုလည်း ဗုံးဖောက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် ရခိုင်လူငယ်တဦးက ပြောသည်။

တပ်ပြေးများ ထိုင်းနိုင်ငံဘက် ရောက်လာ

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင် တပ်နယ်မှ နအဖ တပ်ဖွဲ့ဝင်၂ ဦးသည် မိသားစုဝင်များနှင့်အတူ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသည်။
နအဖ တပ်မှ ထွက်ပြေးလာသည့် စစ်သည် ၂ ဦး(ဓာတ်ပုံ - ဧရာဝတီ)ထွက်ပြေးလာသူ၂ ဦးမှာ သင်္ကန်းညီနောင်တပ်နယ်ရှိ (စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (တ/၂၆၆၈၈၁) ဒု တပ်ကြပ် ကျော်မျိုးသူ ၂၇ နှစ်နှင့် ကိုယ်ပိုင်အမှတ် (တ/၄၁၇၂၉၆) တပ်သား အောင်ကျော်မိုး ၁၉ နှစ် တို့ဖြစ်ပြီး မဲဆောက်မြို့ရှိ ပြည့်သူ့ စေတနာ့ဝန်ထမ်း အသင်း(PVA)သို့ ရောက်ရှိလာခြင်းဖြစ်သည်။နအဖ တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုများကို မခံနိုင်သောကြောင့် တပ်ကိုစွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သည် ဟု ယခုထွက်ပြေးလာသူများက ပြောသည်။ဒု တပ်ကြပ် ကျော်မျိုးသူ က“တပ်မှာက ဖိနှိပ်မှုအတော့ကိုဆိုးတယ်၊ ရဲဘော်ရဲဘက်စိတ်ဆိုတာက တပ်ထဲမှာမရှိတော့ဘူး၊ ကြီးနိုင်ငယ်ညှဉ်းပဲ၊ အထက်အရာရှိကနေစပြီး အကြပ်တွေအထိ၊ အောက်ခြေရဲဘော်တွေဆိုရင် လူလိုသူလို သူတို့မဆက် ဆံဘူး၊ ရှေ့တန်းမှာဆိုပိုဆိုးတယ်၊ သတ်ကွင်းထဲရဲဘော်တွေကို အတင်းတိုးခိုင်းတာတွေ၊ မိုင်းကွင်းထဲတိုးခိုင်းတာတွေက အစ အမိန့်ဆိုပြီးအတင်းတက်ခိုင်းတယ်၊ ဒီထက်မက ဆိုးတဲ့ပြဿနာတွေ အများကြီးရှိသေးတယ်”ဟု ဧရာဝတီသို့ ပြော သည်။နအဖ တပ်အတွင်း ဒု တပ်ကြပ်တဦး၏ လစာမှာ ကျပ် ၄ သောင်း ၇ ထောင်ဖြစ်သော်လည်း ဘဏ်စုငွေ ၃ ထောင်ကိုမဖြစ် မနေဖြတ်တောက်သည့်အပြင် အခြားသာရေးနာရေးအမည်ခံခေါင်းစဉ်များဖြင့်လည်းဖြတ်သဖြင့် လစာ၏ ၃ ချိုး ၁ ချိုးခန့်ပုံမှန်ဖြတ်တောက်ခံရကာ မိသားစုဝမ်းရေးနှင့်ရှေ့ရေးအတွက် တပ်ကိုစွန့်ခွာရခြင်းဖြစ်သည်ဟုလည်း ဒု တပ်ကြပ်ကျော်မျိုးသူ က ပြောဆိုသည်။မိသားစုဝင် ၃ ဦးရှိသည့် ဒုတပ်ကြပ် ကျော်မျိုးသူနှင့်အတူ လိုက်ပါလာသည့် အိမ်ထောင်သည် တပ်သား အောင်ကျော်မိုး ကလည်း သာမန်အရပ်သားအဖြစ် နေထိုင်လိုသဖြင့် ဇနီးသည်နှင့်အတူ တပ်ကိုစွန့်ခွာလာခြင်းဖြစ်သည်ဟု ပြောသည်။၎င်းကလည်း"တပ်ထဲမှာရဲဘော်တွေရဲ့ဘ၀က ရှေ့တန်းမှာဆိုရင်အသေခံပြီးတိုက်နေရတယ်၊ ကျနော်တို့နဲ့အတူ ဖလူး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ကျန်ခဲ့တဲ့မိသားစုတွေကို တပ်ကဘာအကူအညီမှပေးတာမရှိဘူး၊ ဒါကိုလည်း အား လုံး သိကြပါတယ်၊ အပြင်လောကမှာဆိုရင်လည်း အရပ်သားတွေကစစ်သားဆိုရင် သိတ်ပြီးတော့ အလေးပေးတာ တွေ မေတ္တာထားတာတွေမရှိသလောက်ဘဲ၊ ဒါကြောင့် တပ်ထဲကထွက်လာတာဖြစ်တယ်”ဟု ဆိုသည်။အဆိုပါစစ်သည် ၂ ဦးကို အကူအညီပေးထားသည့် PVA အသင်း၏တာဝန်ခံ ဦးသိန်းဆန်း က“ဒုက္ခရောက်လာတဲ့လူတွေကိုကူညီပေးတာဖြစ်တယ်၊ စစ်သား ဖြစ်စေ၊ အရပ်သားဖြစ်စေ ကူညီပေးပါတယ်၊ လူမှုရေးအဖွဲ့ဖြစ်တဲ့အတွက် လူသားခြင်း စာနာစိတ်နဲ့ အကူအညီပေးတာဖြစ်ပါတယ်"ဟု ပြောသည်။ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့်ဖြစ်ပွားနေ သည့် တိုက်ပွဲများတွင် အထက်အရာရှိများ၏ မဆင်မခြင်လုပ်ရပ်များကြောင့် အောက်ခြေရဲဘော်အများစုမှာ ထိခိုက်သေ ကြေ မှုများနှင့်ရင်ဆိုင်ကြရသဖြင့် စိတ်ဓာတ်ကျကာ တပ်မှထွက်ပြေးမှုများ နေ့စဉ်နီးပါးရှိသည်ဟု ဒုတပ်ကြပ် ကျော်မျိုးသူ က ဆိုသည်။ယမန်နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ ကရင်ပြည်နယ် အတွင်းရှိ စစ်မြေပြင်များမှ နည်းမျိုးစုံဖြင့် တပ်ကိုစွန့်ခွာ ထွက်ပြေး ရောက်ရှိလာသည့် နအဖ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် DKBA အဖွဲ့ တာဝန်ရှိသူများက ပြောသည်။ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီများ ၀န်ထမ်းလစာတိုးရန် စီစဉ်

အစိုးရ၀န်ထမ်းလစာ တိုးမြင့်သည်နှင့်အညီ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ ၀န်ထမ်းလစာများကိုလည်း တိုးရန် စီစဉ်နေသည်ဟု သိရသည်။စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ထူထောင်ထားသော အေးရှားဝေါလ်၊ မက်စ်မြန်မာ ၊ ထူးကုမ္ပဏီ ၊ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ၊ Alpine ကုမ္ပဏီ စသည့် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီကြီးများ ၊ အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ထူထောင် ထားသည့် ကုမ္ပဏီကြီးများရှိ ၀န်ထမ်း လစာများ တိုးမည်ဖြစ်သည်ဟု ပုဂ္ဂလိက ကုမ္ပဏီ အသိုင်းအ၀ိုင်းက ပြောသည်။“အေးရှားဝေါလ် ဆိုရင် ဌာနတွေ အများကြီးရှိသလို စီမံကိန်းအလိုက် မြို့တွေမှာ ၀န်ထမ်းအင်အားတွေက အများကြီးလေ။ ပြီး ခဲ့တဲ့ တပတ်လောက်ကစပြီး လူစာရင်းနဲ့ လုပ်သက်နှစ်တွေ ဘယ်လောက်ရှိလဲကို စာရင်းကောက် နေတယ်”ဟု အေးရှားဝေါလ် ရေအားလျှပ်စစ် စီမံကိန်း အင်ဂျင်နီယာတဦးက ပြောသည်။၎င်းက ဆက်၍“လစာတိုးပေးဖို့ အတွက် စာရင်းကောက်တာလို့ ပြောတယ်။ အခြေခံဝန်ထမ်းက အစ ၀န်ထမ်း အကုန်လုံး လစာ တိုးမယ်ကြားတယ်။ ဒါပေမယ့် လုပ်သက်နှစ်ပေါ်မူတည်ပြီး တိုးတဲ့ပမာဏ ကွာခြားတာတော့ ရှိမယ်”ဟု ပြောသည်။မည်သည့်လမှ စတင်၍ လစာတိုးမည်ကိုမူ တိတိကျကျမသိရသေးဟုလည်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်တွင် ပြုလုပ်သွားသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် အာဏာပိုင်များက တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ၆၃ ခုကို ၀င်ရောက် လာ မည့် နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် ၀န်ထမ်းလစာနှုန်းများတိုးမြှင့်ပေးရန် ပြောဆိုခဲ့သည်ဟု နေပြည်တော် ဆောက် လုပ်ရေး စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။“အဲဒီတုန်းက နေပြည်တော်အဆောက်အအုံတွေကို မြန်မြန်ပြီးစီးအောင်လုပ်ဖို့အပြင် ထူးခြားတာတခုကို ထည့်ပြောသွားတယ်၊ နောက်ပိုင်းမှာ ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို လက်ခံလို့ ၀င်လာရင် အဲဒီကုမ္ပဏီမှာ လစာ အခြေခံ ကျပ် ၁ သိန်း ပေးနေပြီး ပြည် တွင်း ကုမ္ပဏီက ၄-၅ သောင်းဖြစ်နေလို့ မရဘူး ဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့်လည်း ပြည်တွင်းကုမ္ပဏီတွေ အင်အားကြီး အောင် တခုခုဆို ပုဂ္ဂလိကကိုပဲ လုပ်ပိုင်ခွင့်တွေ ချပေးနေတာဆိုပြီး ပြောသွားဖူးတယ်။ ဒီအတိုင်း အကောင်အထည်ဖော်ပြီး လူကြီးတွေ ကျေနပ်အောင်လုပ်ပေးတော့ သူတို့အတွက်လည်း လုပ်ငန်း အလားအလာ ကောင်းမယ်။ အာဏာပိုင်တွေ ဘက်က လည်း အစိုးရ လစာ တခုတည်းတိုးတာ မဟုတ်တော့ဘူး ဆိုပြီး ပြန်ပြောလို့ ရသွားတာပေါ့”ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။လက်ရှိ အခြေအနေတွင် လစာနှုန်း တိုးမြှင့်ပေးသည်ထက် ရှားပါးစရိတ် ၊ ကျန်းမာရေး စရိတ် ၊ ခရီးစရိတ် ကဏ္ဍများတွင် တိုးပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆိုသည်။“သူတို့ပြောသလို လိုက်တိုးဖို့ဆိုတာလုပ်ငန်း ၄ ၊ ၅ ခုလောက်ပိုင်နေပြီး ၀င်ငွေ နည်းပေါင်းစုံနဲ့ရနေတဲ့ ကုမ္ပဏီတွေပဲ တိုးနိုင်မှာ၊ အစိုးရ ၀န်ထမ်းတွေ၊ ကုမ္ပဏီကြီးတွေ လိုက်တိုးနိုင်ရင်တောင် ကုမ္ပဏီ အသေးစားလေးတွေက ၀န်ထမ်းတွေ ကြားထဲက ဒုက္ခ ရောက်မှာပေါ့”ဟု မက်စ်မြန်မာ ကုမ္ပဏီ စာရင်းဌာနမှ အရာရှိတဦးက ပြောသည်။အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသော စည်းကမ်းချက်များတွင် ကုမ္ပဏီ ၀န်ထမ်း လစာသည် အစိုးရ လစာ ထက် မကျော်ရဟု ပါရှိကြောင်း ၎င်းက ဆိုသည်။မက်စ်မြန်မာ အရာရှိကဆက်၍“လောလောဆယ် ဘတ်ဂျက်ကို ချိန်နေရတာပေါ့၊ ကုမ္ပဏီကြီးတွေတိုင်းမှာတော့ တနှစ်စာ တွက်ချက် ထားတာတွေ ရှိတယ်။ တယောက်တည်း တိုးတာ မဟုတ်ဘူး။ တလတည်းတိုးတာ မဟုတ်တော့ ချိန်ရတာတွေနဲ့ ကုမ္ပဏီ ၀င်ငွေအင်အားတောင့်မှဖြစ်မှာလေ။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းစီ တိုးမယ် ဆိုတာတော့ တိတိကျကျ မသတ်မှတ် ရ သေးဘူး။ အခြေခံ ကတော့ ၀န်ထမ်းရဲ့ လုပ်သက်ပေါ်မူတည်ပြီး ရတဲ့ အချိုးတွေက ပြောင်းလဲမယ်”ဟု ပြောသည်။“လစာအနေနဲ့ ကျော်ပေးလို့ မရတော့ ခေါင်းစဉ် အမျိုးမျိုးတပ်ပေးရတာပေါ့။ အစိုးရ ၀န်ထမ်းလစာ တက်ရင် ကုမ္ပဏီတွေက လည်း ရှားပါးစရိတ်ဆိုပြီး အမည်ခံ တက်ပေးကြတယ်။ အရင်က တက်တုန်းကလည်း ဒီလိုပဲ ပေးတာဆိုတော့ အတွေ့အကြုံ တော့ ရှိတယ်။ မတိုးပေးလို့ကလည်း မရဘူးလေ။ အပြင်မှာ ဈေးတွေက အကုန်တက်နေတော့ လိုက်မညှိပေးနိုင်ရင် ပြဿနာ ရှိတယ်။ အခု လတော့ မသေချာဘူး။ ဧပြီလ လောက်မှ စတိုးလောက်မယ်”ဟု Alpine ကုမ္ပဏီ ၀န်ထမ်းရေးရာ ဌာနမှ ၀န်ထမ်း တဦး က ပြောသည်။မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်က ၀န်ထမ်းများကို အာဆီယံနှုန်းထားနှင့်အညီ လစာများပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်း လစာများကို ဧပြီလကုန်မှ စတင်၍ နဂိုရှိရင်းစွဲလစာထက် ၃.၈ ဆခန့် တိုးမြှင့်ပေးတော့မည်ဟု သတင်းများထွက် ပေါ်နေသည်။အဆိုပါ သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း ဆန်၊ ဆီမှစ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သွားသည်။

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်


မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။ MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

Tuesday, February 8, 2011

ရန်ကုန်တွင် “ရှမ်းပြည်နယ်နေ့” အမည်တပ်ကျင်းပခွင့် မပေး

ခိုင်သွယ် Tuesday, 08 February 2011 16:12

ယမန်နေ့က ၆၄ နှစ် ပြည့်ခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ အောင်မြေဘုံသာ ၉ မိုင် သျှမ်းကျောင်းတွင် ကျင်းပခွင့် ပေးခဲ့သော်လည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားဟု အသုံးပြုခွင့်မပေးဘဲ ရှမ်းပြည်နယ် တိုင်းရင်းသား ပေါင်းစုံ ပဒေသာ ကပွဲအခမ်းအနားနှင့် အစားအစာ ဈေးရောင်းပွဲနေ့ ဟူ၍သာ အမည်တပ်ခွင့် ပြုခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်တွင် ၆၄ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ ကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)“ရှမ်းပြည်နယ်နေ့ဆိုပြီး ကျင်းပလို့ မရတာ ကြာပြီပဲ။ ဒီနှစ်လည်း ပွဲလုပ်ခွင့် ၁ ရက်ပဲ ပေးတယ်။ ရှမ်းပြည်နယ် တိုင်းရင်းသားများ ရိုးရာပဒေသာကပွဲနဲ့ ဈေးရောင်းပွဲ ဆိုပြီး လုပ်ပေါ့ ဆိုပြီး ချပေးလာတာပဲ” ဟု ၎င်းက ဆိုသည်။ရှမ်းပြည်နယ်နေ့ကို ရှမ်းတိုင်းရင်းသားများက အလေးအမြတ်ထား ကြသော်လည်း ရှမ်းပြည်နယ်နေ့ဟု သုံးခွင့် မရသည့်အတွက် စိတ်မကောင်းကြောင်း၊ ရှမ်းတိုင်းရင်းသားများသည် မြန်မာနိုင်ငံအနှံ့အပြား၌ နေထိုင်သော တိုင်းရင်းသားကြီးမျိုး ဖြစ်သည့်အတွက် ရှမ်းတိုင်းရင်းသားနေ့ သို့မဟုတ် ရှမ်းပြည်နယ်နေ့ဟု သတ်မှတ်ကာ ကျင်းပခွင့် ပေးသင့်ကြောင်း၊ ရန်ကုန်တိုင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။ရှမ်းပြည်နယ်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ နေရာဒေသ အသီးသီး၌ နေထိုင်ကြသော ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု စသည့် တိုင်းရင်းသားတို့ လာရောက်တွေ့ဆုံကြပြီး ပဒေသာကပွဲတွင် ၀င်ရောက်ကပြခြင်း၊ ဒေသထွက်ကုန်နှင့် အစားအသောက်များ ရောင်းချခြင်းတို့ ပြုလုပ်ကြသည်။ရှမ်းတိုင်းရင်းသားများ၏ ရှမ်းရိုးရာ အစားအစာများ၊ ရိုးရာအ၀တ်အထည်များနှင့် ရှမ်းစာပေနှင့် ရေးသားထားသည့် စာအုပ်များကိုလည်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရောင်းချပေးလျက်ရှိသည်။“ရှမ်းဘာသာစကားနဲ့ ယဉ်ကျေးမှု မပျောက်အောင် ပဒေသာ ကပွဲ လုပ်ခွင့်ပြုတာကိုပဲ ကျေးဇူးတင်ရမယ်” ဟု ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။အဆိုပါ ရှမ်းပြည်နယ်နေ့ပွဲသို့ လားရှိုးအသင်း၊ သီပေါအသင်း၊ ကျောက်မဲအသင်း၊ တောင်ကြီးအသင်း စသည်ဖြင့် ပြည်နယ်ဆိုင်ရာ အသင်းအဖွဲ့ များကလည်း အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသည်။ရန်ကုန်တိုင်းအတွင်း ရှမ်းတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသား အနွယ်ဝင် စုစုပေါင်း ၂ သိန်းဝန်းကျင် နေထိုင်ကြကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ပြည်ပ ထွက်ခွာသူများ ရွှေတကျပ်သားထက် ပိုမယူရ

နရီလင်းလက် Monday, 07 February 2011 15:07

ပြည်ပသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများကို ရွှေတကျပ်သားသာ ၀တ်ဆင် ယူဆောင်ခွင့်ပြုပြီး မည်သည့် ကျောက်မျက် များကိုမှ ယူဆောင်ခွင့် မပြုတော့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။အဆိုပါ လုပ်ရပ်သည် ကိုယ်ပေါ်တွင် ၀တ်ဆင်သော နည်းလမ်းဖြင့် ပြည်ပသို့ အဖိုးတန် ကျောက်များနှင့် ရွှေထည်များ သယ်ဆောင်ကာ စီးပွားရေးတခုသဖွယ် လုပ်ကိုင်နေခြင်းကို တားမြစ်သည့် လုပ်ရပ်တခု ဖြစ်သည်ဟု ရန်ကုန် လေဆိပ်တွင် တာဝန် ကျနေသည့် အကောက်ခွန် ဦးစီးဌာနမှ အရာရှိတဦးက ဆိုသည်။စစ်ဆေးတွေ့ရှိပါက နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၉ (၂) ဖြင့် အရေးယူ ခံရမည့်အပြင် ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၃၉ နှင့်လည်း အရေးယူ သွားမည်ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။“ဒီ လဆန်း ကနေစပြီး ဥပဒေ တိတိကျကျ သတ်မှတ်ပြီး အကောင်အထည် စဖော်နေပြီ။ နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားပါ ဘယ်သူမှ ယူဆောင်ခွင့် မပြုတော့ဘူး။ ဥပမာ-နိုင်ငံခြားသား တယောက်က ကျောက်မျက်ပြပွဲက ၀ယ်ထားတာကို သယ်သွားချင်တယ် ဆိုရင်တော့ သက်ဆိုင်ရာဆိုင်ကနေ ထုတ်ပေးတဲ့ စာရွက်၊ ကျသင့်တဲ့ တန်ဖိုး ပေးဆောင် ပြီးရင်တော့ အဲဒီ စာရွက်ပြပြီး သယ်လို့ရတယ်”ဟု သူက ပြောသည်။အဆိုပါ လက်ဝတ်ရတနာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက် အကောက်ခွန် ဦးစီးဌာနမှ ပြုလုပ်သော နိုင်ငံခြားငွေ ကြီးကြပ်မှု အုပ်ချုပ်ရေးအဖွဲ့၏ ဒသမ အကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်ခြင်းဖြစ် သည်။“အဓိက ကိုယ့်နိုင်ငံသားတွေ ကိုယ်ပေါ်မှာ အပြည့်ဝတ်ပြီး သယ်နေတာကို မလိုချင်လို့ လုပ်တာ။ ဘာ အခွန်အခမှ မပေးဘဲ ကိုယ်ပေါ်မှာ အပြည့်ဝတ်ပြီး သယ်နေတာ သူတို့ အတွက်လည်း အခွန်အခ မရဘူးလေ။ မြန်မာ လူမျိုးဆိုတာ ရွှေကြိုက်တော့ မ၀တ်ဘူး ဆိုရင်တောင် တကျပ်သား လောက်တော့ အနည်းဆုံး ကိုယ်ပေါ်မှာရှိတယ်”ဟု ပြည်ပ လေကြောင်းလိုင်း တခု မှ အမျိုးသမီး ၀န်ထမ်း တဦးက ပြောသည်။ လေကြောင်းလိုင်း ၀န်ဆောင်မှုလက်မှတ်အရောင်း ၀န်ထမ်းတဦးက“လာမယ့် သင်္ကြန်အတွက် ခရီးသည်တချို့က ဘိုကင်တွေ ကြိုပေးနေတာရှိသလို ပုံမှန်သွားလာနေတဲ့ ခရီးစဉ် တွေလည်းရှိတော့ ခရီးသွားတွေကို လေဆိပ်ရောက်မှ မသိလို့ ဒီပြဿနာမျိုးမဖြစ်အောင် လက်မှတ်ရောင်းတာနဲ့ တခါတည်း ကြိုရှင်းပြနေရတယ်။ တချို့ခရီးသည်တွေ ကျတော့လည်း ကိုယ့်လွတ်လပ်ခွင့် တောင် အပြည့်အ၀ မရဘူးဆိုပြီး ပြောတာတွေ ရှိပေမယ့် ကိုယ်တွေကပဲ အာဏာပိုင်တွေက ဒီလို ဥပဒေ ထုတ်ထားတယ်ဆို တာသေချာရှင်းပြရတာပေါ့။ ကြိုရှင်းပြထား တော့လည်း ခရီးသည်က ကိုယ့်ကို ပြဿနာ ရှာတယ်။ မရှင်းပြထားလို့ လေဆိပ်ရောက်မှ ပြဿနာ တက်ရင် ကိုယ့်တာဝန် မကင်းဘူးဆိုပြီး တော်တော် စိတ်ရှုပ်ရတယ်”ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံသားများအနေနှင့် ပြည်ပသို့ ကျောက်မျက်ရတနာနှင့် ရွှေ ယခင်က တရားဝင်သယ်ဆောင်၍ စီးပွားရေးတခုသဖွယ် ရောင်းချခဲ့သည်များရှိသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များသို့ သယ်ယူမည့် ကျောက်မျက်ရတနာ အလိုက် တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပေးဆောင်နေရသောကြောင့် ယင်းကဲ့သို့ ကိုယ်ပေါ်တွင် ၀တ်ဆင်သယ်ဆောင်သည့် နည်းလမ်း ပေါ်ပေါက် လာခြင်းဟု ဗိုလ်ချုပ်ဈေးတွင် ကျောက်မျက်ရတနာ ဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောသည်။“မြန်မာပြည် အခြေအနေက တရားဝင် လုပ်လို့ မရအောင်ကို တမင်လုပ်နေသလို ဖြစ်နေတာ။ တရားဝင် သယ်ရင် အခွန်အခ တန်းဖိုးကို ပေးဆောင်ရတာ ကြီးတယ်။ ဒီတော့ ကိုယ်ပေါ်မှာ ၀တ်သယ်တယ်။ အမှန်ဆို သင့်တော်တဲ့ တန်ဖိုးတခု သတ်မှတ် ပေးမယ်ဆို ဒီလိုကဏ္ဍ ကနေ ရလာမယ့် ၀င်ငွေတခုတိုးမယ်။ ကျောက်မျက်ရတနာ ပွဲတွေ လုပ်ပြီး သူတို့ပဲ ရောင်းလို့ရအောင် လုပ်တော့ အပြင်က ကျောက်ကုန်သည်တွေက ထိုင်နေရမယ့် ကိန်း ဖြစ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ALP ရခိုင်ပြည် လွတ်လပ်ရေး လမ်းစဉ် ယတိပြတ် ပြည်သူရှေ့မှောက် ကျေညာပြီ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ခေါင်းဆောင်းများနှင့် မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ တရပ်ကို ယခုလ ၆ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Wisma Belia ခန်းမတွင် ကျင်းပရာ ALP ပါတီ၏ ရည်မှန်းချက် ပန်းတိုင်မှာ ရခိုင်ပြည် လွတ်လပ်ရေးသာ ဖြစ်ကြောင်း တရားဝင် ပါတီခေါင်းဆောင်များက ကျေညာပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါ ပြောကြားမူကို တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ပါတီ ဒုဥက္ကဌ ခိုင်မျိုးမင်းနှင့် ပါတီ အထွေအထွေ အတွင်းရေးမှူး စောမြရာဇာလင်းတို့က တက်ရောက်လာသူများကို အပြန်အလှန် မေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ALP(မလေးဌာနခွဲ) အတွင်းရေးမှူး ခိုင်ဇော်မိုးက ပြောသည်။“ အခုလက်ရှိ တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ထဲမှာ ALP ပါတီအနေနဲ့ ပါဝင်ခြင်း မရှိတာနဲ့ ပတ်သက် ပြီးတော့ တက်ရောက်လာသူတွေက မေးမြန်းကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ALP ဟာ ဖက်ဒရယ်နဲ့သွားနေတာ မဟုတ်တဲ့ အကြောင့်၊ ပြီးတော့ ALPဟာ အရင်ကတည်းက NDF ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ NDF ထဲမှာ ပါဝင်တယ်ဆိုတာကလည်း တယောက်ကို တယောက် လေးစား ယုံကြည်မှုရှိတယ်။ တယောက်ကိုတယောက် အသိမှတ် ပြုတဲ့ အတွက်ဖြစ်ပါတယ်။ ALP ဟာ ရခိုင်ပြည် လွတ်မြောက်ဖို့နဲ့ ရခိုင့် အချုပ်အချာ အာဏာ ပြန်လည်ရရှိဖို့ အတွက် သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ALP အပေါ်မှာ တခြား ဖက်ဒရယ် ထူထောင် လိုတဲ့ တိုင်းရင်းသားပါတီတွေက အသိအမှတ်ပြုရင် ALP ကလည်း အသိမှတ်ပြုပါတယ်။ တကယ်လို့ ALP ကို လက်နက်ကိုင် တပ်မတော်တခုလို့ အသိမှတ်မပြုရင် ALP အနေနဲ့လည်း ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် ALP ဟာ မည်သည့် လူမျိုး အဖွဲ့အစည်းကိုမှ အားမကိုးပဲနဲ့ ရခိုင်လူထု အပေါ် အဓိက အခြေခံပြီး အင်အားကြီးထွား လာအောင် တည်ဆောက် ပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေးကို ချီတက် သွားမယ်။ စစ်ရေး မြင့်တင်တဲ့နေရာမှာ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်း တွေကို ပြောခဲ့ပါတယ်။” ၎င်းပြင် သူက “ တက်ရောက်လာတဲ့ ရခိုင်အမျိုးသားတွေကို ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ဖက်ဒရယ်ကို လိုချင်လား လွတ်လပ်ရေး Independence ကို လိုချင် သလားလို့ မေးတဲ့အခါ တက်ရောက် လာသူတွေက Independence ၊ Independence လို့ သုံးကြိမ်သုံးခါ အော်ဟစ် ဖြေကြားခဲ့ကြပါတယ်။”
အဆိုပါ အခမ်းအနားကို မလေးရှားနိုင်ငံတွင် ရောက်နေကြသော ရခိုင် အလုပ်သမား ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ALP ခေါင်းဆောင်းများအား လက်ရှိ မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည် အရေးများနှင့် ပတ်သက်ပြီး အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ယခုကဲ့သို့ အခမ်းအနားကို မလေးရှားတွင် ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ခိုင်မိုးဇော်က ယခုကဲ့သို့ ဆက်ပြောသည်။“ကျွန်နော်တို့ အခုလို ကျင်းပရတာက မလေးရှားရောက် ရခိုင်တွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိ နေကြတဲ့ ရခိုင်ပြည်သူတွေ အမျိုးသားရေး စိတ်ဓာတ် ရှင်သန် ထက်မြက် လာဖို့နဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ နအဖစစ်အုပ်စုက တရာမဝင် ရွေးကောက်ပွဲကြီး ပြုလုပ် သွားခဲ့တာကို ရခိုင်သူ ရခိုင်သားတွေက နားလည်သိရှိဖို့၊ နောက်ပြီးတော့ ရခိုင်ပြည်သူတွေ သူ့ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် စစ်ဆင်ရေးတွေ မြှင့်တင်လာတဲ့ အခါ ပြည်သူတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေက အမျိုးသားရေးစစ်ပွဲကို ပါဝင်လာနိုင်ဖို့နဲ့ နောက်တ ချက်က ရခိုင်ပြည် လွတ်မြောက်အတွက် ရခိုင်ပြည်သူ ပြည်သားတွေအားလုံး ပူးပေါင်းပါဝင် လာနိုင်ရန် အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။” အခမ်းအနားကို ALP ပါတီမှ ဒု-ဥက္ကဌ(၂) ခိုင်မျိုးမင်းနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ အပြင် မလေးဌာနခွဲမှ တာဝန်ရှိများလည်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို ALPပါတီရုံခွဲရှိရာ နိုင်ငံများတွင်လည်း ကျင်းပပြုလုပ်သွားရန် အစီစဉ်များ ရှိကြောင်း ခိုင်ဇော်မိုးက ပြောသည်။အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို နေ့လည် ၁နာရီတွင် စတင်ခဲ့ပြီး ညနေ ၆နာရီခွဲတွင် ရခိုင့် အလံတော်နှင့် ALP ပါတီ အလံတော်အား ဝှေ့ရမ်းကာ ရခိုင်စစ်ချီတေးကို ဖွင့်လှစ်၍ အဆုံး သတ်ခဲ့ကြကြောင်း သိရသည်။ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ၁၉၆၈ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် ဥက္ကဌကြီးက ခိုင်မိုးလင်းက ပြန်လည် ထူထောင် ဖွဲ့စည်း ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဥက္ကဌကြီး ခိုင်မိုင်းလင်း အာဇာနည်ပီသစွာဖြင့် ချင်းပြည်နယ် တနေရာတွင် ဗမာ စစ်တပ်နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပြီး လက်ရှိ ကျန်နေခဲ့သော ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပါတီကို ပြန်လည် ထူထောင်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှာ ရခိုင့် လွတ်လပ်ရေး အတွက် လက်နက်ကိုင်နေသော ရခိုင်ပြည်မှ အင်အားအကြီးဆုံးနှင့် စည်းလုံးညီညွတ်မူ အတောင့်တင်းဆုံး ပါတီ တရပ် ဖြစ်သည်။ပါတီ၏ လက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဌ (၁) ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဌ (၂) ခိုင်မျိုးမင်း၊ အထွေထွေ အတွင်းရေးမှူး အောင်မိုးဝေ(ခေါ်) စောမြရာဇာလင်း၊ တွဲဘက်အတွင်းရေးမှူး (၁) ခိုင်ရန်နောင်စိုး၊ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခတို့ ဖြစ်ကြသည်။

ငွေသွားညှစ်သည့် နစက သုံးဦး ဓါးခုတ်ခံရ

တာကလူး
------------
ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၁) ရပ်ကွက် ဖေဇီရွာတွင် ငွေသွားညှစ်သည့် နစက သုံးဦးကို အိမ်သူအိမ်သားများက ဓါးဖြင့် ၀ိုင်းခုတ်လိုက်သည့် အခင်းတစ်ခု ယမန်နေ့ ညနေပိုင်း အချိန်တွင် ဖြစ်ပွားခဲ့သည်။၎င်း နစက သုံးဦးမှာ ပီအိုအီ နယ်စပ် ၀င်ထွက် စခန်းတွင် တာဝန်ကျနေသူများဖြစ်ကြပြီး အမှတ် (၁) ဖေဇီရပ်ကွက်နေ ဦးဆောယော့ကော်ရိမ်၏ နေအိမ်သို့ အရပ်ဝတ်ဖြင့် သွားရောက် ငွေညှစ်ကာ မဖွေမရာ အာဏာသုံး ဆက်ဆံခဲ့ခြင်းကြောင့် မိသားစုဝင်များက မကျေနပ်၍ ဓါးဖြင့် ၀ိုင်းခုတ် ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ အိမ်နီးချင်း တစ်ဦးက နိရဉ္စရာကို ပြောသည်။“မနေ့က ညနေပိုင်း ၄ နာရီကျော်လောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ နစကတွေက ဦးဆောယော့ ကော်ရိမ်ရဲ့ နေအိမ်ကို အရပ်ဝတ်နဲ့လာပြီးတော့ ယာဘား မြင်းဆေး လုပ်တယ် ဘာညာ ဆိုပြီး ငွေလာညှစ်ကြတာ ဖြစ်ပါတယ်။ သူတို့ တောင်းခံတဲ့ ငွေကို မပေးနိုင်တော့ ဆော့ယော့ကော်ရိမ်ကို ရိုက်ပုတ်ဆဲဆိုကြပြီးတော့ စခန်းကို ဖမ်းယူသွားဖို့လုပ်ကြပါတယ်။ ဒီလို ဆော့ယော့ကော်ရိမ် အပေါ် အနိုင်ကျင့် စော်ကားနေတာကို မခံမရပ်နိုင်ကြတော့ မိသားစုဝင်တွေက ဓါးနဲ့ ၀ိုင်းခုတ်လိုက်ကြတာပဲ ဖြစ်ပါတယ်” ၄င်း အိမ်နီးချင်းက ပြောသည်။ထို့သို့ မိသားစုဝင်များက ၀ိုင်းခုတ်ခဲ့ကြခြင်းကြောင့် ၄င်း နစက သုံးဦးမှာ သွေးတန်းလန်းဖြင့် ထိုအိမ်ထဲမှ ထွက်ပြေးခဲ့ကြသည်ကို တွေ့မြင်ခဲ့ရကြောင်း သူ ကဆက်ပြောခဲ့သည်။အဆိုပါ ဓါးခုတ်ခံခဲ့ရသည့် နစက သုံးဦးမှာ ပီအိုအီး ခေါ် နယ်စပ် ၀င်ထွက်စခန်းတွင် တာဝန်ကျ နေကြသူများ ဖြစ်ကြသည်။ သူတို့ထဲမှ နှစ်ဦးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် ဓါးခုတ် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားကာ မောင်တော ဆေးရုံတွင် တင်ထားရကြောင်း သိရှိရသည်။ထိုနောက် နာရီဝက်ကျော်ခန့် အကြာတွင် ပီအိုအီး စခန်းမှ နစက ၂၀ ကျော်ခန့် လက်နက်များ ကိုင်ဆောင်ကာ အခင်းဖြစ်ပွါးရာနေရာသို့ ရောက်ရှိလာကြပြီး၊ ဆောယော့ကော်ရိမ်၏ ဇနီးအပါအ၀င် သားသမီးများနှင့် သူပိုင်ဆိုင်သည့် ဂျစ်ကားနှစ်စီးကို ဖမ်းဆီးယူဆောင်သွားခဲ့ကြသည်။အိမ်ထောင်ဦးစီး ဦးဆော့ယော့ကော်ရိမ် အပါအ၀င် မိသားစုဝင်တစ်ချို့မှာ ထွက်ပြေးလွတ်မြောက် သွားကြောင်းလည်းသိရှိရသည်။အခင်းတွင် ပါဝင်ခဲ့သည့် နစက တစ်ဦး၏ အမည်မှာ နစက အဖွဲ့ (၁) စစ်ဦးစီးဌာနမှ တပ်သား သန်းဇော်ဖြစ်ကြောင်း သိရှိရသည်။ ကျန်နှစ်ဦးနှင့် မှုခင်းအသေးစိတ်ကို အတည်ပြုနိုင်ရန် နိရိဉ္စရာမှ ဆက်လက်စုံစမ်းနေပါသည်။

Tuesday, January 25, 2011

၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိ

ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အချိန်မရွေး ကြားဖြတ်၍ တရားဝင် စစ်ဆေးကာ ဖြတ်တောက် ပိတ်ပင်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။
ကျပ် ၅ သိန်းတန် ဖုန်းဖြင့် အင်တာနက် အသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Popular News)မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဦးတေဇပိုင် E-light tech ကုမ္ပဏီတို့ ပူးပေါင်း ရောင်းချသော ကျပ် ၅ သိန်းတန် ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ တရားဝင် ခွင့်ပြုခဲ့ သောကြောင့် ရန်ကုန်တွင် လျှောက်ထားသူ များပြားလျှက် ရှိကြောင်း၊ ထိုသို့ လျှောက်ထား သူတိုင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အချက် ၁၅ ချက် ပါဝင်သော စည်းကမ်းချက် စာရွက်အား လျှောက်လွှာနှင့် အတူ ပေးအပ်ပြီး လက်မှတ်ရေးထိုး သဘောတူမှသာလျှင် အင်တာနက် အသုံးပြုခွင့် ပေးကြောင်း သိရသည်။“စည်းကမ်းချက် အမှတ်စဉ် ၉ မှာ ငှားရမ်း အသုံးပြုသူ၏ ၀ါယာလက်စ် အော်တို တယ်လီဖုန်းကို ဌာနအနေနှင့် အချိန်မရွေး ၀င်ရောက် စစ်ဆေးရန် ငှားရမ်း အသုံးပြုသူက သဘောတူညီပါသည် ဆိုတဲ့ အချက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တယ်လီဖုန်း ဆက်သွယ်မှုကို အချိန်မရွေးဖြတ်တောက် ထားနိုင်ကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်ချို့ယွင်းမှုကြောင့် ဖုန်းကိုင်ဆောင်အသုံးပြုသူတွင် ဆုံးရှုံးမှု၊ ပျက်စီးမှု တစုံတရာအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်မရှိကြောင်း ဆိုသည့် အချက်များလည်း စည်းကမ်းချက်ထဲတွင် ပါဝင်သည်။စစ်အစိုးရက တယ်လီဖုန်းလိုင်း သိန်းချီချထားပေးခြင်း၊ အင်တာနက်လိုင်းများ တိုးချဲ့ချထားပေးခြင်းများ ပြုလုပ်နေသော်လည်း အသုံးပြုသော အများပြည်သူအတွက် လုံခြုံစိတ်ချရမှု မရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကမီဒီယာကြီး တခုမှ အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။“ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဘယ်လိုမှ လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်။ တဦးချင်း လွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ ကျပ် ၅ သိန်းတန် တယ်လီဖုန်းအသုံးပြုသော ရန်ကုန်မြို့ခံ အများစုမှာ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိသည့် အတွက် မိမိဖုန်းပြောနေစဉ်နှင့် အင်တာနက်အသုံးပြုစဉ် မြန်မာ့ဆက်သွယ်ရေးက ကြားဖြတ် နားထောင်နိုင်သည် ဆိုသော အချက်ကို သတိမထားမိကြပေ။ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက စစ်အစိုးရသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပြီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။“ဖုန်းတွေ ကြားဖြတ်နားထောင်တယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေ လုပ်နေတာပဲ။ ဥပမာ-လယ်သိမ်းတယ်၊ မြေသိမ်းတယ်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ မီဒီယာလွတ်လပ်ခွင့် မပေးဘူး၊ တရားရုံးတွေ၊ ရဲတွေလာဘ်စားတယ်၊ စီးပွားရေးမှာ လက်လှမ်းသင့်ရာ စီးပွားရေးပုံစံနဲ့ လုပ်တယ်၊ ဆွေမျိုးသားသမီး ကောင်းစားရေးလုပ်ကြတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီတဲ့ လုပ်ရပ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော်ရှိပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

အကယ်ဒမီဆုကို ပထမဆုံး ရရှိခဲ့သည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သော ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်တွင် ကျင်းပ


၂၀၀၉ ခုနှစ်အတွက် ဆုချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် ပြုလုပ်ခဲ့ရာ အကယ်ဒမီဆုကို ပထမဆုံးရရှိသည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု ပြုလုပ်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲသည် (၅၄)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့သော ထူးချွန်ဆုပေးပွဲ ဖြစ်ပါသည်။
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများ၌ အံ့အားသင့်ဖွယ်ရာ ရလဒ်များ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် ဆုပေးပွဲ အပြီးတွင်မူ ပရိသတ် မျှော်မှန်းထားကြသည့် အနုပညာရှင်များနှင့် ဆုရခဲ့သည့် အနုပညာရှင်များ ထပ်တူနီးပါး တူညီခဲ့သည့်အတွက် ပရိသတ်များ စိတ်ကျေနပ်မှု ရရှိခဲ့သည့် ဆုပေးပွဲဟု ဆိုနိုင်မည် ဖြစ်ပါသည်။ ယခုနှစ် ဆုပေးပွဲသည် အမျိုးသမီး ဇာတ်ဆောင်ဆုကို ပေးအပ်နိုင်ခဲ့ခြင်း မရှိသော်လည်း အခြားသောဆုများဖြစ်သည့် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ အသံဆု၊ တေးဂီတဆု၊ အမျိုးသမီးဇာတ်ပို့ဆုနှင့် အမျိုးသားဇာတ်ဆောင်ဆုများကို ပေးအပ်ခဲ့ပါသည်။ ထိုသို့ ပေးအပ်ခဲ့ရာတွင် ၂၀၀၉ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကား ၁၆ ကားအနက် ဇာတ်ကား လေးကားက ဆုများကို အသီးသီး ရရှိသွားပြီး ထိုဇာတ်ကားများမှာ ဇော်က ကနေသည်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ အတိတ်ရဲ့အရိပ်နှင့် ကျောက်စက်ရေ ဇာတ်ကားတို့ ဖြစ်ကြပါသည်။ ယခုနှစ် ဆုပေးပွဲတွင် ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိသော အမျိုးသမီး ဇာတ်ဆောင်ဆုသည် ၁၉၈၉ ခုနှစ်နောက်ပိုင်း ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိသော ဒုတိယမြောက် ဆုပေးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် အတွက် ချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆုကို ပေးအပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။
ဇာတ်ကားဆု ကြိုးကြာတောင်ပံခတ်သံ (စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး)ဒါရိုက်တာ စင်ရော်မောင်မောင် ဖန်တီးရိုက်ကူးခဲ့သည့် ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဇာတ်ကားဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆုသည် စင်ရော်ရုပ်ရှင် ထုတ်လုပ်ရေး အတွက် တတိယမြောက် ရရှိခဲ့သော ထူးချွန်ဆု ဖြစ်ပြီး ၁၉၉၄ ခုနှစ်က တစ်ပြည်သူမရွှေထား ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၄ ခုနှစ်က လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် လည်းကောင်း ဆုများ ရရှိထားခဲ့ပါသည်။
ဒါရိုက်တာဆု မီးပွား (ဇော်က ကနေသည်)အကယ်ဒမီဆုများနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့သူ ဒါရိုက်တာမီးပွားက ဇော်ကကနေသည် ဇာတ်ကားဖြင့် ၂၀၀၉ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဒါရိုက်တာဆုကို ပထမဆုံးအကြိမ် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
ဒါရိုက်တာမီးပွားသည် ၁၉၉၇ ခုနှစ်က အရိပ်ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ခါကဧရာဝတီညများ ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၅ ခုနှစ်က မင်္ဂလာပါ ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်က ကြိုးတန်း ဇာတ်ကားဖြင့် တစ်ကြိမ် အကယ်ဒမီ ဒါရိုက်တာဆုကို ရရှိရန် အကြိမ်ကြိမ် ခန့်မှန်းခံရပြီး လွဲချော်ခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဒါရိုက်တာဆုကို ရရှိရန်အတွက် ဒါရိုက်တာမီးပွားသည် မိုးညအိပ်မက်မြူ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျင်၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ စင်ရော်မောင်မောင်တို့နှင့် အပြိုင် ရေပန်းစားခဲ့ရာမှ ဆုရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားဇာတ်ဆောင်ဆု နေတိုး (မိုးညအိပ်မက်မြူ)အမျိုးသားဇာတ်ဆောင်ဆုကို ရရှိရန် ပရိသတ်များက ခန့်မှန်းခဲ့ကြပြီး ရေပန်းစားခဲ့သည်နှင့်အညီ အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ပထမဆုံးအကြိမ် အဖြစ် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ နေတိုးသည် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိသွားခဲ့သူ ဖြစ်ပါသည်။ နေတိုးသည် ၂၀၀၉ ခုနှစ် အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၁၆ ကားအနက် ခြောက်ကားတွင် ပါဝင် သရုပ်ဆောင် ထားခဲ့ပြီး ယင်း ဇာတ်ကားများအနက် ဇော်က ကနေသည်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ စသည့် ဇာတ်ကားတို့ဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိရန် ကြိုတင်ခန့်မှန်းခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။
အမျိုးသမီးဇာတ်ပို့ဆု စိုးပြည့်သဇင် (မိုးညအိပ်မက်မြူ)ဇာတ်ကားတွင် ပါဝင်သော အနုပညာရှင်များ ဆုရရှိရန် ရေပန်းစားခဲ့သည့် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် စိုးပြည့်သဇင်က အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ စိုးပြည့်သဇင်သည် ယင်းဇာတ်ကားတွင် ကိုမြင့်ဝေနှင့် ချစ်ကြိုးနွယ်ခဲ့သည့် တက္ကသိုလ်ကျောင်းသူ ထားအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ ယခု ထူးချွန်ဆုသည် စိုးပြည့်သဇင် အတွက် ပထမဆုံးဆွတ်ခူးခဲ့သည့် ဆု ဖြစ်ပါသည်။ စိုးပြည့်သဇင်သည် ယင်းဇာတ်ကား၌ပင် အငြိမ့်မင်းသမီး ချစ်သက်နွယ် အဖြစ် သရုပ်ဆောင်ခဲ့သော သင်ဇာဝင့်ကျော်နှင့်အပြိုင် အမျိုးသမီး ဇာတ်ပို့ဆုအတွက် ရေပန်းစားခဲ့ရာမှ ဆုရရှိခဲ့ခြင်း ဖြစ်ပါသည်။
ဇာတ်ညွှန်းဆုမြင့်ဦးဦးမြင့် (ကြိုးကြာတောင်ပံခတ်သံ)၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် ဇာတ်ကားဆု အပါအ၀င် အခြားသော ဆုများရရှိရန် ရေပန်းစားခဲ့သည့် ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားဖြင့် မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းဆုကို ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ထူးချွန်ဆုသည် မြင့်ဦးဦးမြင့် အတွက် ပထမဆုံး ရရှိခဲ့သည့် ထူးချွန်ဆုလည်း ဖြစ်ပါသည်။ မြင့်ဦးဦးမြင့်သည် ဇော်က ကနေသည် ဇာတ်ကားကို ဇာတ်ညွှန်းရေးသားခဲ့သူ နေ၀င်းမြင့်၊ မိုးညအိပ်မက်မြူ ဇာတ်ကားကို ဇာတ်ညွှန်းရေးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ကျောက်စက်ရေ ဇာတ်ကားကို ဇာတ်ညွှန်းရေးခဲ့သူ ဆုသြချယ်တို့နှင့် အပြိုင် ဆုရရှိရန် ရေပန်းစားခဲ့ရာမှ ဇာတ်ညွှန်းဆုကို ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
ဇာတ်ညွှန်းဆုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများတွင် ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၀၉ ခုနှစ်အတွက်ကိုမူ မြင့်ဦးဦးမြင့်က ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
တေးဂီတဆုဓိရာမိုရ် (ဇော်က ကနေသည်)၂၀၀၉ ခုနှစ်အတွက် ရုပ်ရှင် တေးဂီတဆုကို ဇော်က ကနေသည် ဇာတ်ကားဖြင့် ဓိရာမိုရ်က ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဓိရာမိုရ်သည် ဇော်က ကနေသည် ဇာတ်ကားနှင့် မိုးညအိပ်မက်မြူ ဇာတ်ကားတို့တွင် နောက်ခံ တေးဂီတများ ဖန်တီးပေးခဲ့သူ ဖြစ်ပြီး ယင်းဇာတ်ကားများဖြင့်ပင် ရုပ်ရှင်တေးဂီတဆု ရရှိရန် ရေပန်းစားခဲ့သူ ဖြစ်ပါသည်။ ယခု ရရှိသော ထူးချွန်ဆုသည် ဓိရာမိုရ်အတွက် ပထမဆုံး ရရှိခဲ့သည့် အကယ်ဒမီဆု ဖြစ်ပါသည်။ တည်းဖြတ်ဆုဇော်မင်း (ဟံသာမြေ) (ကျောက်စက်ရေ)ဇော်မင်း(ဟံသာမြေ)သည် ကျောက်စက်ရေ ဇာတ်ကားဖြင့် ရုပ်ရှင် တည်းဖြတ်ဆုကို ငါးကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဇော်မင်း(ဟံသာမြေ)သည် ၂၀၀၂ ခုနှစ်က ငါသူတစ်ပါးယောက်ျားမိန်းမ၊ ၂၀၀၄ ခုနှစ်က လျှို့ဝှက်သောနှင်း၊ ၂၀၀၆ ခုနှစ်က မျှော်လင့်ခြင်းများစွာ၊ ၂၀၀၈ ခုနှစ်က မြင့်မိုရ်ထက်ကသရဖူ အစရှိသော ဇာတ်ကားများဖြင့် ရုပ်ရှင်တည်းဖြတ်ဆုများကို ရရှိထားခဲ့ပါသည်။ အသံဆု ဆန်းဦးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တစ်ခုဖြစ်သော အသံဆုကို ဆန်းဦးနှင့်အဖွဲ့က အတိတ်ရဲ့အရိပ် ဇာတ်ကားဖြင့် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆုသည် ဆွစ်ဇာလန် နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူးခဲ့သည့် အတိတ်ရဲ့အရိပ် ဇာတ်ကား အတွက် ပွဲဦးထွက် အနေဖြင့် ရရှိသွားခဲ့သော ဆု ဖြစ်ပါသည်။
ဓာတ်ပုံဆု ကိုကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)အဆိုပါဆုသည် အတိတ်ရဲ့အရိပ် ဇာတ်ကားအတွက် ဒုတိယမြောက် ဆွတ်ခူးပေးနိုင်ခဲ့သည့် ထူးချွန်ဆု တစ်ဆု ဖြစ်ပါသည်။ ယင်းဇာတ်ကားတွင် ကိုကိုဌေးနှင့်အတူ သုံးပေါင်နှင့် Martin Fucts တို့က ရုပ်ရှင်ဓာတ်ပုံဆိုင်ရာ ဖန်တီးမှုများကို တွဲဖက် လုပ် ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ကိုကိုဌေးအတွက်မူ ယခုရရှိသောဆုသည် ငါးကြိမ်မြောက် ရရှိခဲ့သော ထူးချွန်ဆု ဖြစ်ပါသည်။ ကိုကိုဌေးသည် ၁၉၉၄ ခုနှစ်က မသုဓမ္မစာရီ၊ ၁၉၉၇ ခုနှစ်တွင် မြင့်မြတ်နှလုံးသား၊ ၂၀၀၁ ခုနှစ်တွင် ကောင်းကင်ထက်ကပန်းတစ်ပွင့်၊ ၂၀၀၄ ခုနှစ်တွင် လျှို့ဝှက်သောနှင်း အစရှိသော ဇာတ်ကားများဖြင့် ထူးချွန်ဆုများ ရရှိထားပါသည်။
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ရရှိသူများ
ဇာတ်ကားဆု - ကြိုးကြာတောင်ပံခတ်သံ
ဒါရိုက်တာဆု - မီးပွား(ဇော်က ကနေသည်)
အမျိုးသားဇာတ်ဆောင်ဆု - နေတိုး (မိုးညအိပ်မက်မြူ)
အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် (မိုးညအိပ်မက်မြူ)
ဇာတ်ညွှန်းဆု - မြင့်ဦးဦးမြင့် (ကြိုးကြာတောင်ပံခတ်သံ)
တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) (ကျောက်စက်ရေ)
ဓာတ်ပုံဆု - ကိုကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
အသံဆု - ဆန်းဦးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
တေးဂီတဆု - ဓီရာမိုရ် (ဇော်က ကနေသည်)

Friday, January 14, 2011

အင်္ဂတေအပိုင်းအစ ပြိုကျသဖြင့် လူတဦးသေဆုံး

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အောက်ဘလောက်) ရှိ တိုက်တတိုက်မှ အင်္ဂတေ အပိုင်းအစတခု ယမန်နေ့က ပြိုကျခဲ့ရာ အောက်တွင် ရှိနေသော အမျိုးသမီးတဦး သေဆုံးခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ယခင် ပြိုကျခဲ့ဖူးသော တိုက်နှင့် ကပ်လျက် ၄ ထပ် အဆောက်အအုံကို ဒုတိယထပ်ချင်း ဆက်ထားသည့် အလျား ၃ ပေ၊ အနံ ၄ ပေရှိ အင်္ဂတေတုံး ပြိုကျခဲ့ခြင်း ဖြစ်ပြီး အောက်ရှိ လမ်းဘေး လက်ဘက်ရည်ဆိုင်တွင် လက်ဘက် ရည် သောက်နေသော အမျိုးသမီးမှာ အင်္ဂတေတုံးပိ၍ ဦးခေါင်းခွံပွင့်ထွက် သေဆုံးသွားရကြောင်း မျက်မြင်တွေ့ရှိသူ များက ဆိုကြသည

အင်္ဂတေတုံးပိ၍ သေဆုံးသွားသူ အမျိုးသမီးကို ရဲဝန်ထမ်းတဦး မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေစဉ်
“အဲဒီ အမျိုးသမီးကြီးက ဒလမှာနေတာ။ ဒီ ပန်းဘဲတန်းကိုလာပြီး အိမ်တွေမှာ အ၀တ်လျှော်၊ ပန်းကန်ဆေး လုပ်တယ်။ အရင်နေ့ ကလည်း အဲဒီ ဆိုင်လေးမှာ လက်ဘက်ရည် သောက်နေတဲ့သူ ၃၊ ၄ ယောက်လောက်ရှိတယ်။ ဒီနေ့တော့ သူ တယောက်တည်း ရှိတာ။ သူက တကယ် ကံဆိုးသွားတာပါ။ ကျနော်တို့လည်း ၀ုန်း ဆိုတဲ့အသံ ကြားရတော့ ပြေးကြည့်ကြတာ။ သူက သေနေပြီ” ဟု ၂၉ လမ်း ဒေသခံတဦးက ပြောသည်။

ယခု ပြိုကျခဲ့သည့် တိုက်နံပါတ် ၂၄ ၏ မြေညီထပ်တွင် ဗိုလ်မှူးကြီးဟောင်း ဦးလှထွန်း နေထိုင်ကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ကြောင်း အဆိုပါအဆောက်အအုံကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ဖြိုဖျက်ရန် သက်ဆိုင်ရာမှ စီစဉ်ခဲ့သော်လည်း ဦးလှထွန်း၏ အရှိန်အ၀ါကြောင့် အစီအစဉ် မစနိုင်သေးကြောင်း ၂၉ လမ်းတွင် နေထိုင်သူများက ဆိုသည်။

“အမှန်ဆို ဒီအဆောက်အအုံတွေက ဖျက်သင့်နေပြီ။ အရင် ပြိုသွားတဲ့ တိုက်နဲ့ ဒီတိုက်က သက်တမ်း အတူတူပဲ။ အဲဒီတိုက်မှာ ကြံ့ဖွံ့ အမတ်လောင်း တယောက်နေတော့ ဘယ်သူမှ မဖျက်ရဲ ကြဘူး” ဟု ပြိုကျခဲ့သည့်တိုက် အနီးတွင် နေထိုင်သူ တဦးကပြောသည်။

အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ထားသည့် ၂၉ လမ်း အတွင်းမှ ၃ ထပ်တိုက်သည် မတ်လ ၁၄ ရက်နေ့က ပြိုကျခဲ့ပြီး အမျိုးသမီးငယ် တဦး သေဆုံး၍ လူ ၁၂ ဦး ဒဏ်ရာ ရခဲ့သည်။ ယမန်နေ့က ပြိုကျသည့် အင်္ဂတေတုံးမှာ ယခင်ပြိုကျသည့် တိုက်နှင့် ဆက်လျက် လက်ကျန်ဖြစ်သည်။

၂၀၁၀ မတ်လ ၁၈ ရက်နေ့မှ စ၍ အန္တရာယ်ရှိအဆောက်အအုံများ ဖြိုချဖျက်ဆီးမည် ဖြစ်ကြောင်း၊ နေထိုင်သူများမှာ ၃ ရက်အတွင်း ဖယ်ပေးရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုပြိုကျသည့် အဆောက်အအုံကိုမူ ဖြိုချခြင်း မပြုသေးပေ။ ယခင်ပြိုကျခဲ့သည့် တိုက်နေရာကို အသစ်ဆောက်ရန် ဖောင်ဒေးရှင်းအတွက် မြေတူးနေပြီဖြစ်သည်။

၂၀၁၀ မတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ ရန်ကုန်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ် ထားသည့် အဆောက်အအုံများသည် တာမွေမြို့နယ်တွင် ၈ လုံး၊ ပန်းဘဲတန်းမြို့နယ်တွင် ၈လုံး၊ လသာမြို့နယ်တွင် ၆လုံး၊ ဗိုလ်တထောင် မြို့နယ်တွင် ၄ လုံး ရှိသည်ဟု သိရသည်။

ထိုအဆောက်အအုံ ၂၆ လုံးကို ဖြိုဖျက်ပြီး အသစ် ပြန်လည် တည်ဆောက်မည်၊ အန္တရာယ်ရှိ အဆောက် အအုံများ စာရင်းကို ဆက်လက် ကြေညာ သွားမည် ဖြစ်ကြောင်း မြို့တော်စည်ပင် အရာရှိ တဦးက ဆိုသည်။

သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အရပ်ဘက်ပြောင်း ဗိုလ်ချုပ်ဟောင်းများ။ (ဓာတ်ပုံ - AP)
ဒု သမ္မတနေရာအတွက် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဟု ပြောဆိုမှုများ ရှိနေသည်။

စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။

နေပြည်တော်တွင် ၅ သိန်းတန် GSM စရောင်း

ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများကို ပထမ အဆင့်အနေဖြင့် နေပြည်တော်တွင် လိုင်းအရေအတွက် တသိန်းခွဲ စတင် ချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် အဆိုပါ GSM မိုဘိုင်းဖုန်းလိုင်းသည် ယခင်က ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော်လည်း ယခုကျပ် ၅ သိန်းဖြင့် ဈေးနှုန်းလျှော့ကာ စတင်ချပေးခြင်းဖြစ်ကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

MTHK-6

နေပြည်တော်ရှိ ရာဇဌာနီလမ်းမကြီး ဘေးတနေရာတွင် တည်ဆောက်နေသော မိုဘိုင်းဖုန်း ဆက်သွယ်ရေး တာဝါတိုင် တခု။ (ဓာတ်ပုံ - Popular News)

၎င်းက ဆက်လက်၍ “ဆက်သွယ်ရေး နည်းစနစ်တွေရဲ့ ထိရောက်မှုတွေကို အာဏာပိုင်တွေဘက်က ပိုပြီး သိလာတော့ နည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ပြီး ပြည်သူတွေ သုံးစွဲမှုများလာတဲ့အချိန်မှာ သူတို့အနေနဲ့ ချုပ်ကိုင်ရ လွယ်မယ်ဆိုပြီး မြင်လာတယ်။ ဒါကြောင့် တယ်လီဖုန်းနဲ့ ပတ်သက်ပြီး အင်တာနက်သုံးလို့ရတဲ့ ၀န်ဆောင်မှုတို့ အဲဒီလိုမျိုး တိုးချဲ့လာတာတွေ အများကြီးပဲ။ အကောင်းဘက်က ကြည့်ရင်တော့ အလယ်အလတ်တန်းစား လူထုကအစ တယ်လီဖုန်း ကိုင်လာနိုင်နေပြီ။ ဆက်သွယ်မှုတွေ လွယ်ကူ လျှင်မြန်လာတယ်။ တဘက်မှာတော့ လူထုအသုံးများလာလေ သတင်းပိုရလေ၊ အာဏာပိုင်တွေအတွက် ထိန်းချုပ်ရလွယ်ကူလေ ဖြစ်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အသစ်ချထားပေးမည့် မိုဘိုင်းဖုန်းနံပါတ်များသည် ဂဏန်း ၁၀ လုံးရှိပြီး ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေအဖြစ် ကျပ် ၅ သောင်း ပေးသွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။

တည်ဆောက်နေသည့် GSM တာဝါတိုင်များ ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ ဆက်လက်ချထားပေးသွားရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ ဝန်ထမ်းက “နေပြည်တော်ကတော့ ပထမဆုံးဦးစားပေးဆိုတော့ အရင်ဆုံး ချပေးတာပေါ့။ မြို့ကြီးတွေကို ဆက်ချပေးသွားဖို့ ရှိတယ်။ တာဝါတိုင်တွေနဲ့ ဆာဗာတွေ နိုင်သလောက် ချပေးသွားမှာ” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခကို သတ်မှတ်နယ်မြေအတွင်း သုံးစွဲပါက ၁ မိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်လွန် ခေါ်ဆိုပါက ၆၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့တွင် ဇန်န၀ါရီလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော ၉ ကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် အင်တာနက်အသုံးပြုနိုင်သည့် ကျပ်ငွေ ၅ သိန်းတန် McWill ဖုန်း ရောင်းချခြင်းနှင့် ကျပ် ၅ သိန်းတန် ဖုန်းများကို အင်တာနက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းများ စတင်ခဲ့သည်။

အဆိုပါ ပွဲတော်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့မှ နည်းပညာကုမ္ပဏီ ၂၀ ခန့် ပါဝင်ပြသခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှု အများအပြားရရှိခဲ့ကြောင်း သိရသည်။

အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို တိုးချဲ့ပြီး သေချာစွာ ကိုင်တွယ်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အာဏာပိုင်များနှင့် နည်းပညာရှင်များပါ ပူးပေါင်းပြီး လုပ်နေကြောင်း၊ အင်တာနက်သုံးစွဲပါက အချက်အလက်များကို ကြည့်ရှုနိုင်သည့် စနစ်၊ တယ်လီဖုန်းလိုင်းဆိုပါကလည်း ကြားဖြတ်နားထောင်နိုင်သည့် နည်းပညာများ သုံးစွဲလိမ့်မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့နှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးကလည်း ယခုလအစောပိုင်းတွင် ဧရာဝတီသို့ ပြောခဲ့သည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CD MA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းတခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီသည် FTTX ဖိုက်ဘာ ဆက်ကြောင်းနှင့် ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက်တို့ကို ၀န်ဆောင်မှု ပေးနေသည်။

မြန်မာရေတပ်မှ ဘင်္ဂလာဒေခ်ျ့ ငါဖမ်းဘုတ် ၅ စီးကို ကျပ် ၇၅ သိန်းယူပြီး ပြန်လွတ်ပေး

မြန်မာရေတပ်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေ့ခ်ျ ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁၀ ဦးကို ကျပ် ၇၅ သိန်းယူကာ ယနေ့နံနက်က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

မြန်မာရေတပ်မှ အဆိုပါ ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁၀ ဦးကို တခြား ငါးဖမ်းစက်လှေ တစ်စီး၊ ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ မြန်မာ့ ရေပြင်ပိုင်နက် အနီး ငါဖမ်းနေစဉ် ဇန္န၀ါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။

fishing-boat-in-Naf-river
ငါးဖမ်း ဘုတ်ပိုင်ရှင် တစ်ဦးဖြစ်သူ အိစ္စမန်မှ “ နံနက်စောစောဆိုတော့ ပင်လယ်ပြင် တစ်ခုလုံးကို နှင်းမြူတွေ ဖုံးအုပ်နေတယ်လေ။ ဒါကို အခွင့်ကောင်းယူပြီး မြန်မာရေတပ်က စက်လှေကြီး တစီးနဲ့ ၀င်လာတယ်။ ငါဖမ်းသမားတွေက ရိုးရိုး ကုန်တင်ဘုတ်ထင်တာပေါ့လေ။ အနီးရောက်တော့ ငါးဖမ်း စက်လှေ ၆ စီးကို သေနတ်တွေနဲ့ တည့်ပြီး ဖမ်းယူသွားခဲ့တယ်။”

ရှင်မဖြူကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဖမ်းဆီးသည့် မြန်မာ ရေတပ်မှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် မြန်မာရေတပ် ဖြစ်သည်ဟု သူကပြောသည်။ ဖမ်းဆီးပြီး နောက်တစ်နေ့တွက် ငါးဖမ်းလှေ ၆ စီးထဲမှ ငါးဖမ်း စက်လှေ တစ်စီးကို ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ ပြန်လည် လွတ်ပေးလိုက်ပြီး စက်လှေ ၅ စီးနှင့် လှေပိုင်ရှင် ၁၀ ဦးကိုမူ ငွေနှင့် ပြန်ရွေးရန် ဆက်လက် ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

“ သူတို့ကို လူဆယ်ဦးနဲ့ ငါဖမ်းဘုတ် ၅ စီးကို တစီး ကျပ်သိန်း ၂၀ နဲ့ ရွေးရမယ်။ မရွေးရင် ထောင်ချ ပစ်မယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တဲ့ ငါးဖမ်းတွေနဲ့ မှာလိုက်တယ်။ အထက်ကို တိုင်ကြားရင် သူတို့ လုံခြုံရေးကို တာဝန်မယူဘူးလို့ ပြောတဲ့ အတွက် အထက်ကိုလည်း မတိုင်ကြားရဲဘဲ မနေ့က သိန်း ၁၀၀ တောင်းတာကို ၇၅ သိန်း ပေးပြီး ရွေးယူခဲ့ရပါတယ်။ ဒီကနေ့ နံနက်က ဆံမဖြူကျွန်းကို ပြန်ရောက်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ငါးဖမ်းစက်လှေများမှာ ရှင်မဖြူကျွန်းတွင် နေထိုင်သော ချောဖိလ်ဟောဆန်း၊ မိုဟာမတ်အီးဆူလ်၊ ကာဆိမ်း အာလီ၊ မိုဟာမတ်မီယာ၊ နူရ်အာမိန်တို့ပိုင်ဆိုင်သော ငါးဖမ်း စက်လှေများ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းစက်လှေများကို မြန်မာဘက်မှ ၀င်ရောက် ဖမ်းဆီးခြင်းနှင့် ပတ်သတ်ပြီး အုန်းကျွန်း အခြေစိုက် ဘင်္ဂလာရေတပ်မှ တစုံတရာ မသိရှိလိုက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် Dainikcoxsbazar သတင်း စာတွင် ရေးသားသည်။

မြန်မာရေတပ်သားများသည် ငါးဖမ်းဘုတ်ပေါ်ရှိ ပိုက်များနှင့် တခြား ငါးဖမ်းကရိယာများ အားလုံးကိုလည်း သိမ်းဆည်းထားလိုက်ကြောင်း သိရှိရသည်။

သုံးရက်အတွင်း မောင်တောတွင် အိမ် ၄ဆောင် မီးလောင်

ရခိုင်ပြည်နယ်စပ် မောင်တောမြို့နယ်တွင် သုံးရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွါးခဲ့ပြီး လူနေအိမ် ၄ ဆောင် မီးထဲပါသွားသည်ဟု သိရသည်။

ယနေ့(၁၃ရက်) နံနက် ၁နာရီခွဲခန့်တွင် မောင်တောမြို့နယ် အောင်ဆိပ်ပြင်ကျေးရွာတွင် လူနေအိမ်ကြီးတဆောင် မီးလောင်သွားခဲ့ပြီး ကျပ်သိန်း၁၀၀ ခန့်ဆုံးရှုံးသွားခဲ့ကြောင်း အဆိုပါ အိမ်မီးလောင်သွားခဲ့သော မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

“မီးလောင်တဲ့အိမ်က ဦးဖော်ရိတ်အိမ်ဖြစ်ပါတယ်။ ဘာမှမကျန်လိုက်ပါဘူး။ အကုန်လုံး မီးထဲ ပါသွားပါတယ်။ လူတွေအိပ်နေတဲ့အချိန်မှာ လောင်တယ်ဆိုတော့ ဘယ်လိုမှ မီးငြိမ်းလို့ မရလိုက်ပါ။ သူတို့မှာရှိတဲ့ ရွှေတွေ၊ ငွေတွေ အတွင်းပစ္စည်းအားလုံး ပါသွားတယ်လို့ပြောပါတယ်။ ကျပ်သိန်း ၁၀၀နီးပါးဖို့လောက် ဆုံးရှုံးသွားပါတယ်။”

အဆိုပါအိမ်မှာ ပျဉ်စီပျဉ်ထောင် သံဖြူမိုးထားသော အိမ်ဖြစ်သောကြောင့် ထိုအိမ်ကဲ့သို့ ပြန်လည်ဆောက် လုပ်မည်ဆိုလျှင် ကာလပေါက်တန်ဖိုး ကျပ်သိန်း၄၀ခန့် ကုန်ကျနိုင်ကြောင်း အဆိုပါနီးစပ်သူက ဆက်ပြောသည်။

အလားတူ ယခုလ ၁၀ရက်နေ့က မောင်တောမြို့နယ် အထက်ပြူးမကျေးရွာတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ လူနေအိမ် ၃ဆောင် မီးထဲပါသွားကြောင်း ဒေသခံများကပြောသည်။

အဆိုပါမီးမှာ နေ့လည် ၁၂နာရီခွဲခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုမှာ ကာလပေါက်တန်းဖိုး ကျပ်သိန်း ၆၀ခန့် ရှိသည်ဟု သိရသည်။

တတိယ အကြိမ်မြောက် ဖလောင်းချိတ်တွင် လူမျိုးပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော် ယနေ့ စတင်မည်

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်မြို့ Cox’sbazar တွင် တတိယအကြိမ်မြောက် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သော ရိုးရာ ယဉ်ကျေးမှု အကပွဲတော်ကို ယနေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပွဲတော်ကို ဒေသ အခေါ် အာဒိဘာချိ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော်ဟု အမည်ရပြီး ဘင်္ဂလာဒေခ်ျ့တွင် နေထိုင်သော တိုင်းရင်းသား လူမျိုးပေါင်း ၂၀ မှ ပါဝင် ကပြ ကြမည် ဖြစ်သည်။

Bangladesh-an-Indigenous-people's-fair-2010
ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်သော ရခိုင်လူမျိုးများမှာလည်း ယခုပွဲတော်တွင် ရခိုင်ရိုးရာ အကများကို တင်ဆက် ကပြကြမည် ဖြစ်ကြောင်းနှင့် ဖလောင်းချိတ်မြို့ ယဉ်ကျေးမှူးဌာနမှ ဦးကျော်မင်းက ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများကို တင်ပြခွင့် ရ၍ အကျိုးရှိပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့အတွက် အကျိုးရှိတာက လွတ်လွပ်စွာ မိမိယဉ်ကျေးမှူးကို ထုတ်ဖော်ခွင့်ရတယ်။ တခြားတိုင်း ရင်းသားလူမျိုးတွေအတွက်လည်း မိမိတို့ရဲ့ ယဉ်ကျေးမှူးတွေကို အားလုံးတန်းတူ ထုတ် ဖော်ပြပိုင်ခွင့် ရရှိတဲ့ အတွက် တကယ့်အကျိုးရှိပါတယ်။”

ဖလောင်းချိတ်မြို့တွင် အဆိုပါ ပွဲတော်ကို ၂၀၀၉ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တတိယ အကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ရခိုင် လူမျိုးကိုယ်စားပြုသည့် အကအဖွဲ့ ၂ဖွဲ့မှ “ခါသင်္ကြန်”သီချင်းနှင့် “ဝေသာလီ” သီချင်း တို့ဖြင့် ကပြ တင်ဆက် ဖြေဖျော်ခဲ့ကြပြီး ယခုနှစ်တွင် တင်ဆက်မည့် အစီအစဉ်ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ဒီနှစ်တော့ ကျွန်တော်တို့အဖွဲ့က အဆိုတော် ဒိုရ်းရီ ဆိုထားတဲ့“ဗီဇ”သီချင်းနဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။ နောက် တဖွဲ့ကတော့ ဘယ်သီချင်းနဲ့ တင်ဆက်မှာဆိုတာကို မသိသေးဘူး။”

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင်ကျင်းပခဲ့သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အကပြိုင်ပွဲ အပြီးတွင် တိုင်းရင်းသူ လှပျိုဖြူများ အလှမယ်ပြိုင်ပွဲကိုလည်း ပြုလုပ် ကျင်းပခဲ့ရာ ဖလောင်းချိတ်မြို့မှ မဖြူမချေမှ အလှမယ်ဆုကို ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း တိုင်းရင်းသူ အလှမယ်ပြိုင်ပွဲကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြိုင်ပွဲများကို ယခင်က အန်ဂျီအိုများမှ စီစဉ် ပြုလုပ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ် မှ စပြီး ဘင်္ဂလားဒေ့ခ်ျ အစိုးရမှ စတင် ကျင်းပလာခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၄၅ ရှိပြီး ရခိုင်တိုင်းရင်းသားများမှာ အမှတ်စဉ် ၁၆ တွင်ရှိသည်။

အဆိုပါပွဲကို နေ့လည် ၂ နာရီတွင် ဖလောင်းချိတ်မြို့ရှိ ပင်လယ်ကမ်းခြေတွင် ဆောက်လုပ် ထားသော စတိတ်စင်တွင် စတင်ကျင်း ပမည်ဖြစ်ပြီး လူပေါင်းထောင်ချီကာ တက်ရောက် အားပေးကြမည် ဖြစ်ကြောင်း သိရသည်။

Sunday, January 2, 2011

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ယာယီ မြန်မာနိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ မြန်မာရွှေ့ပြောင်းလုပ်သား တစ်သိန်းသုံးသောင်းကျော် ရှိလာ




ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော ရနောင်းမြို့တွင် ယာယီဖွင့်လှစ်ထားရှိထားသည့် ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွင် လာရောက်လျှောက်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေမှာ ၁၃၄၈၁၀ ဦးထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံတွင်းတွင် ဖွင့်လှစ်ထားသော နယ်စပ်ရုံးများဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် လာရောက်လျှောက်ထားကြသည့် ရွှေ့ပြောင်းလုပ်သားဦးရေ စုစုပေါင်း အရေအတွက်နီးပါးသို့ ရောက်ရှိလာ ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် မြန်မာရွှေ့ ပြောင်းလုပ်သားများအား မြန်မာ- ထိုင်းနယ်စပ် တစ်လျှောက်တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးလေးရုံး ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ စုစုပေါင်း ၂၈၅၁၇၆ ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းတွင် မြန်မာ နယ်စပ်မြို့ များဖြစ်သည့် တာချီလိတ်မြို့တွင် လာရောက်လျှောက်ထားသူ ဦးရေ ၅၄၂၂၅ ဦး၊ မြ၀တီမြို့တွင် ၆၄၁၁၂ ဦး၊ ကော့သောင်းမြို့တွင် ၃၂၀၂၉ ဦး စုစုပေါင်း ၁၅၀၃၆၆ ဦး ရှိလာခဲ့ ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းမြို့တွင် သွားရောက် ဖွင့်လှစ်ထားသော ရုံး၌ လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သားဦးရေမှာ စတင်ဆောင်ရွက်ပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာ လ ၁၂ ရက်နေ့အထိ စာရင်းများအရ ၁၃၄၈၁၀ ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းမြို့တွင် ဖွင့်လှစ်ပေးထားသော ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် ငါးလအတွင်း လာရောက် လျှောက်ထားသူ ဦးရေမှာ ၁၃၄၈၁၀ ဦးထိ ရှိခဲ့ပြီး ယင်းသို့ သိသိသာသာ တိုးတက်များပြားလာခြင်းမှာ ယာယီမြန်မာနိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံတွင်းမှ လာရောက်လျှောက်ထားရခြင်း ဖြစ်သောကြောင့် သွားလာရေးလွယ်ကူ အဆင်ပြေသည့်အပြင် အခြားသော ကုန်ကျစရိတ်များလည်း နည်းပါးသက်သာမှုကြောင့် ရနောင်းမြို့ရုံးတွင် လျှောက်ထားသူ ဦးရေ ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကာလတွင် မြန်မာ- ထိုင်းနယ်စပ် တစ်လျှောက် ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး လေးရုံးအနက် မြ၀တီရုံးကို ခေတ္တပိတ်ထား ပြီး ကျန်ရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။ မန္တလေးကျုံးအတွင်းမှ တံတားတစင်း။အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။
အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။ ၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

ကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားများက နယူးယောက် UN ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

ဆန္ဒပြပွဲကို စီစဉ်ရာတွင် ဦးဆောင် ပါဝင်သူ တစ်ဦး ဖြစ်သည့် ကိုလှဌေးမှ ဆန္ဒပြပွဲတွင် တောင်းဆို ခဲ့သည် တောင်းဆိုချက်ကို ယခုသို့ ပြောကြားသည်။ " အဓိက ကျွန်တော်တို့ UN ရုံးရှေ့ကို သွားရောက်ပြီ ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။၎င်းပြင်သူက ရခိုင်ပြည်တွင် ကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် တောင်ဆိုရသည့် အကြောင်းအရင်း ကိုလည်း ယခုကဲ့သို့ ပြောသည်။ "ကျွန်တော်တို့ ဘာကြောင့် ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့တောင်းဆိုရသလဲ ဆိုရင် ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည် တပြည်ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ ဗမာ ဘုရင် ဘိုးတော် မောင်ဝိုင်းက ကျူးကျော် ၀င်ရောက် သိမ်းပိုက်တဲ့ အတွက် ကိုလိုနီ လက်အောက်ခံ အဖြစ် ကျရောက် ခဲ့ကြရပါတယ်။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့မှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မရှိဘူး။ ကိုယ့်သမိုင်းကို ဖေါ်ထုတ် ပိုင်ခွင့်မရှိ။ ကျွန်တော်တို့မှာ ကိုယ့်စာပေကို ကိုယ်သင်ပိုင်ခွင့် မရှိဘူး။ ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမူကို ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် မရှိဘူး။ ကျနော်တို့ဟာ လူမျိုး တစ်မျိုးရဲ့ အခြေခံကျတဲ့ အခွင့်အရေးတွေကို အကြီးအကျယ် အကုန်လုံး ရှုံးဆုံးနေရပါတယ်။ ကျနော်တို့မှာ ခုချိန်မှာလူသား တစ်ဦးရဲ့ အခွင့်အရေး၊ လူမျိုးတစ်မျိုးရဲ့ အခွင့်အရေး ဆိုတာ လုံးဝ တစ်ခုလည်း မရှိပါ။ ခုလို ဖြစ်နေတာဟာ ရခိုင်ပြည်ကို ကိုလိုနီ ကျွန်ပြုထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်က ဗမာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။" ဆန္ဒြုပပွဲကို ၀မ်းနည်း အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ လူပေါင်း ၃၀ ခန့်တက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသားထဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာအေးကျော်လည်း တက်ရောက်ကာ အဖွင့် မိန်းခွန်းပြောကြားခဲ့သည်ဟု သိရသည်။ အခမ်းအနားအပြီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အပါအ၀င် အမေရိကန် အစိုးရနှင့် အီယူးနိုင်ငံများ၊ တခြားနိုင်ငံ အသီးသီးရှိ ကိုလိုနီဖျက်သိမ်းရေး ရုံးများသို့လည်း ရခိုင်ပြည်တွင် တည်ရှိနေသော ကိုလိုနီ စနစ်ကို ဖျက်သိမ်း ပေးရန် တောင်းဆိုခဲ့ကြသည်။ စာထဲတွင် ရေးသားထားသော အကြောင်းအရာ များကိုလည်း ကိုလှဌေးက ယခုကဲ့သို့ ပြောသည်။
" စာထဲမှာ ပါတဲ့ အဓိက အချက်လက်တွေကတော့ အထက်မှာ ပြောခဲ့သလိုပါဘဲ။ ရခိုင်ပြည်ဟာ လူ့အခွင့်အရေး ချိုးဖေါက်မူကို နည်းမျိုးစုံနဲ့ ခံနေရပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ခံခဲ့ရတယ်။ စစ်အစိုးရ တက်လာတဲ့ အချိန်မှာလည်း ဗမာတွေနဲ့ မတူတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ခံနေကြရတယ်။ လူမျိုး တစ်မျိုးရဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် ဘာမှ မရှိဘူး။ ဒါတွေကို ထောက်ပြပါတယ်။ ၁၉၆၀ ဒီဇင်္ဘာ ၁၄ ရက်နေ့မှာ ကမ္ဘာ ကုသမဂ္ဂကနေပြီး ကိုလိုနီ စနစ်ကို ဖျက်သိမ်းခဲ့တယ်။ ကိုလိုနီပြုခံရတဲ့ နိုင်ငံတွေ လွတ်မြောက်ရမယ်ဆိုပီး ထုတ်ပြန်ကျေညာချက်တွေ ရှိပါတယ်။ ဒါတွေကို ထောက်ပြပြီး ကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်" ဟု ပြောသည်။၎င်းပြင် ဦးဆောင်သူ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးခိုင်အောင်ကျော်မှလည်း မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ယူအန်ရုံးရှေ့တွင် ရခိုင်သားများ စုရုံး ဆန္ဒပြရသည်ကို ယခုကဲ့သို့ ပြောသည်။" ရခိုင်ဆိုတာ ကိုယ့်ထီး ကိုယ့်ချင်း ကိုယ့်ထီးနန်းနဲ့ နေထိုင်လာခဲ့တဲ့ လူမျိုး ဖြစ်ပါတယ်။ ကိုယ့်ထီး ကိုယ့်ချင်း ကိုယ့်ထီးနန်းနဲ့ နေထိုင်လာခဲ့တဲ့ ရခိုင်နိုင်ငံတော်ဟာ ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့မှာ ဗမာ ဘုရင် ဘိုးတော်မောင်ဝိုင်းက ကျူးကျော် နယ်ချဲ့ ၀င်ရောက် သိမ်းပိုက်တဲ့ အတွက် ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရတယ်။ အခု ကျဆုံးခဲ့တာ နှစ်ပေါင်း ၂၂၆ နှစ် ရှိနေပြီ ဖြစ်တယ်။ နယ်ချဲ့ သိမ်းပိုက်ခံရတဲ့ အချိန်မှာ ရခိုင်လူမျိုး နှစ်သိန်းကျော် သေဆုံးခဲ့ရတယ်။ ကျန်တဲ့ လူတွေလည်း အိန္ဒိယကိုထွက်ပြေးပြီး တချို့ကလည်း အခု ဘင်္ဂလာဒေခ်ျ့ဖြစ်တဲ့ နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်။ မသေဘဲ ကျန်နေလိုက်တဲ့ ရခိုင်အမျိုးသားထဲက မျိုးဆက်သစ် ၅ ဆက်မြောက် ဖြစ်တဲ့ ကျွန်တော်တို့ဟာ ရခိုင်လူမျိုး အဖြစ် ရပ်တည်ပြီး ရှိနေတယ်။ ရခိုင်လူမျိုး အဖြစ် ရပ်တည် နေထိုင်လာတဲ့ ကျွန်တော်တို့ဟာ ရခိုင်ပြည်ရဲ့ အချုပ်အချာအာဏာကို ပြန်လိုချင်တဲ့ အတွက် ကုလသမဂ္ဂရုံးရှေ့ကို လာပြီး ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ ဒါဟာ တရားတယ်။ မှန်ကန်တယ်။" နောက်ထပ် တက်ရောက်လာသူ ကိုကျော်မင်းကလည်း ယခုပြုလုပ်ရသည်မှာ နယူးယောက်မှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဆီကို တိုက်ရိုက် စာရေးသား ပေးပို့ရတဲ့ အတွက်လည်း ကျွန်တော်ကတော့ တော်တော် ၀မ်းသာပါတယ်။ နောက်ထပ်ပီးလည်း လူပ်ရှားမူတွေ ဆက်ပြုလုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုသည်။ဦးဆောင်ရာတွင် ပါဝင်သူ ရခိုင်လူငယ် တစ်ဦးဖြစ်သူ ကိုဘခင်မှလည်း အောင်မြင်မူ ၇၅ ရာခိုင်နုန်း ရရှိသည်ဟု ပြောကြားပြီး မိမိတို့မှာ ရခိုင်ပြည်မှ မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးကွာနေသော နေရာတွင် ရောက်ရှိနေသော်လည်း ရခိုင်ပြည်သူတွေ အနီးဆုံးနေရာမှာ ရှိနေကြောင်း ပြောဆိုသည်။ ပြည်ပတွင်ရောက်ရှိနေသော ရခိုင်အမျိုးသားများအားလည်း သူတို့နှင့် အတူ လက်တွဲ ဆောင်ရွက်သွားကြရန် သူက ပြောကြားသည်။အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် စတင်ခဲ့ပြီး ၂ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းတွင်ရှိသော ဘဏ်အများစု ငွေစု ဘဏ်အပ်ငွေ (Saving Account) အား ပြန်လည် လက်ခံလာကြောင်း သိရ

၂၀၁၀ ပြည့်နှစ်တွင် ဘဏ်လုပ်ငန်းများ ပြန်လည်အားယူမှုနှင့် အတူ ဘဏ်သစ်လေးခု ပေါ်ပေါက်လာခဲ့ကြောင်းနှင့် ယင်းဘဏ်သစ် လေးခု ပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင်က စာရင်းရှင်အပ်ငွေ (current account) များကိုသာ လက်ခံခဲ့သောဘဏ်များ အပါအ၀င် ဘဏ်အများစု ငွေစုဘဏ်အပ်ငွေ (saving account) များကို ပြန်လည်လက်ခံလာခဲ့ကြောင်း ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ် က ပုဂ္ဂလိကဘဏ်များ ပြိုလဲခဲ့ပြီးနောက် ဘဏ် ၁၂ ခုသာ ကျန်ရှိခဲ့ပြီး ယခုအသစ်ဖွင့်သော ဘဏ်သစ်လေး ခုနှင့်ဆိုပါက လတ်တလောတွင် ပုဂ္ဂလိကပါဝင်သည့် ဘဏ်စုစုပေါင်း ၁၆ ခုရှိကြောင်း သိရသည်။
"ဘဏ်က ငွေချေးယူတဲ့အခါ အတိုးကို ၁၂ ရာခိုင်နှုန်း ပေးပါတယ်။ သူ့ဆီက ပြန်ချေးတဲ့အခါ ၁၆ ရာခိုင်နှုန်း ပြန်ယူပါတယ်။ ဒီနှစ်ခုကြားထဲမှာ ဘဏ်က လေးရာခိုင်နှုန်း ကို အမြတ်ယူလိုက်တယ်။ ဒါပေမယ့် ဘဏ်စရိတ်က နှစ်ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင် လေးရာခိုင်နှုန်းမှာ နှစ်ရာခိုင်နှုန်းလောက် မြတ်ပါတယ်။ ဒါက ယေဘုယျအားဖြင့် ပြောတာပါ။ ဒါပေမယ့် ဘဏ်တိုးနှုန်းနဲ့ ကိုက်မကိုက်ဆိုတာကတော့ Inflation rate နဲ့ ပြန်တွက်ကြည့်ရမှာပါ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူးချုပ် ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေတွင် အမေရိကန်ဒေါ်လာ ဈေးကျဆင်းနေပြီး မြန်မာငွေတန်ဖိုး မြင့်တက်နေသည့် သဘောများ တွေ့ရသောကြောင့် ဘဏ်တွင် အတိုး ၁၂ ရာခိုင်နှုန်းဖြင့် အပ်နှံခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင် သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေကြောင်းလည်း သိရှိရသည်။
"အာရှမှာ မြန်မာနိုင်ငံက ဘဏ်တွေရဲ့ အတိုးနှုန်းက အမြင့်ဆုံးလို့ ပြောတာရှိပါတယ်။ ဘဏ်တိုးနှုန်း အများဆုံးဆိုတာက nominal value ကို ပြောတာပါ။ အဲဒါက normal rate of interest လို့ ခေါ်တယ်။ ဒါပေမယ့် အဲဒါကို ငွေဖောင်းပွမှုနှုတ် လိုက်လို့ရှိရင် အဓိပ္ပာယ်က တစ်မျိုး ဖြစ်သွားလိမ့်မယ့်။ ငွေဖောင်းပွမှု နှုတ်ထားတဲ့ အတိုးနှုန်းကိုတော့ real interest rate လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က ဆိုရင် အတိုးနှုန်းများနေပေမယ့် တကယ် တမ်းမှာ real interest rate က အနှုတ်ပြနေတယ်။ အဲဒီ အတိုးနှုန်းကနေ ဖောင်းပွနှုန်းကို နှုတ်လိုက်ရင် ဘဏ်ကိုအပ်တဲ့အတွက် အတိုးမခံစားရတာ မျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် ဖောင်းပွနှုန်း နိမ့်တဲ့အခါကျတော့ real interest rate က အပေါင်းလက္ခဏာ ဆောင်တယ်။ လက်ရှိမှာတော့ တစ်နေရာမှာ ကောင်းပေမယ့် တခြားတစ်နေရာမှာတော့ မကောင်းဘူးပေါ့။ တချို့နေရာတွေမှာ ဖောင်းပွမှုကျဆင်းတာကို သဘောကျပေမယ့် တစ်ဖက်က ဒေါ်လာဈေးပေါပြီး မြန်မာငွေ မာနေတော့ ပို့ကုန်သမားတွေ ထိခိုက်ပြန်ရော၊ import မှာလည်း သိပ်အဆင်ပြေပုံ မပေါ်ပါဘူး"ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က ပြောပြခဲ့သည်။
လတ်တလောတွင် ဘဏ်ကို အသုံးပြုသည့် အလေ့အကျင့် နည်းနေသေးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း ငွေပေးငွေယူလုပ် ရာတွင်လည်း ချက်လက်မှတ်ကို အသုံးပြုခြင်းထက် ငွေသားအတိုင်း သာ အပေးအယူလုပ်ကြပြီး ဘဏ်မှ တစ်ဆင့်ပေးချေမှု နည်းနေသေးကြောင်း နှင့် ဘဏ်များကလည်း ပုဂ္ဂလိကပိုင်း နှင့် ရင်းနှီးကျွမ်းဝင်မှုမဖြစ်သေးသည် ကိုတွေ့ရကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ ဘဏ်က ကျပ် ၁၀၀၀၀ ကိုအနည်းဆုံးထားပြီး saving account အဖြစ် အကန့်အသတ် မရှိ လက်ခံပါတယ်။ တကယ်လို့ စအပ်တဲ့ တစ်လရဲ့အတိုးလိုချင်ရင် ပထမပတ်အတွင်း လာသွင်းရပါမယ်။ ပထမပတ် ကျော်သွားရင်တော့ နောက်လကစပြီးပဲ အတိုးရတော့မှာပါ။ current account ကျတော့ တချို့ဘဏ်တွေမှာလည်း အကြိမ် အကန့်အသတ် လုပ်တာတွေရှိပေမယ့် တချို့ဘဏ်တွေကျတော့ မရှိပါဘူး။ အတိုးနှုန်းကတော့ အားလုံးအတူတူပါပဲ"ဟု Asia Green Development Bank မှ တာဝန်ရှိသူတစ်ဦး ကလည်း ပြောပြခဲ့သည်။
" အခုဘဏ်တွေက saving account ကိုလက်ခံတယ်ဆိုရင် မြန်မာငွေ မာနေတဲ့သဘော ရှိတဲ့အတွက် အပ်တဲ့သူဘက်က အပ်နိုင်တယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကျတော့ အခု ပို့ကုန်ကလည်း သိပ်မကိုက်တဲ့ အတွက် သိပ်မချေးကြဘူး။ အရင်တုန်းက လက်မခံဘူးဆိုတာကတော့ ငွေထပ်မထည့်နိုင်လို့ ကန့်သတ်ပြီး လက်ခံတဲ့သဘောပါ။ ဆိုလိုတာက ကြိုက်သလောက် ထည့်လို့မရဘူးပေါ့။ အခုဘဏ်တွေက လက်ခံတယ် ဆိုတာက ထပ်ပြီးငွေဖြည့်နိုင်တဲ့ သဘောပါ။ မဖြည့်နိုင်ရင်တော့ လက်ခံခွင့်မရှိဘူး"ဟု ဦးခင်မောင်ညို(ဘောဂဗေဒ)ကပြောပြခဲ့သည်။