ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Thursday, September 30, 2010

ကော့တောင်ကျွန်းbowthoung အလုပ်သမားတန်းလျှားရဲဖမ်း


30၊09၊10နေ့ညနေ ၅:၄၅
ကော့တောင်ကျွန်းbowthoung
အလုပ်သမားတန်းလျှားတွင်ရဲများ
ဝင်ဖမ်းခဲ့ကြောင်းသတင်းရရှိသည်။
အလုပ်သမားများ နားချိန်တွင်ဝင်
ဖမ်းတာဖြစ်ကြောင့်အလုပ်သမား
တန်းလျှားနေတဲ့ထိုင်းမိန်းမတစ်
ယောက်က kohtaonews ကိုအခုလိုပြောသွားပါတယ်"ကျွန်မနားချိန်
မှာရေလာချိုးတဲ့အချိန်ပါ၊ဗမာအလုပ်သမားတွေလည်းကျွန်မနည်းတူ
ရေလာချိုးတဲ့အချိန်ပေါ့ ရဲတွေကကားနဲ့ရုပ်တရက်ကြီးရောက်လာပြီး
တော့ဝင်ဖမ်းတာပါ။ကျွန်မကိုရဲတွေက ထိုင်းလား၊ဗမာလား မေးပါတယ်
ကျွန်မကထိုင်းလို့ပြောလိုက်တော့ အဆင်ပြေသလိုနေနိုင်ပါတယ်လို့
ပြောလိုက်ပြီး အလုပ်သမားလက်မှတ်မရှိတဲ့ဗမာတွေကိုဖမ်းသွားပါတယ်
တချို့ဗမာတွေက ရဲဖမ်းမှာကြောက်ပြီး အခန်းတံခါးကို ပိတ်ထားကြတယ်
ဒါပေမဲ့ ရဲတွေက ခြေနဲ့ဆောင့်ကန် တံခါးပွင့်သွားလို့ဗမာတွေထွက်လာရင်
ပါးရိုက်ပါတယ်၊ဗမာတွေ bowthoung မှာလုပ်နေတာ အယောက် ၂၀
ကျော်ပါတယ်၊ရဲဖမ်းသွားတာက ၁၅ ယောက်လောက်ပါသွားတယ်၊ ကျန်
တဲ့အလုပ်သမားတွေကတော့ စားသောက်ဆိုင်မှာဖြစ်နေတော့ သူတို့အ
တွက်ကံကောင်းတယ်လို့ဆိုရမယ်" ထိုင်းမိန်းမတစ်ယောက်ကပြောပြသွား
တာပါ။ရဲ တွေကရောက်နေတာ သုံး လေးရက်လောက်ရှိနေပြီ ကျွန်တော်တို့
ဗမာ (ဘတ်)ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ လမ်းသွားလမ်းလာအထူးသတိ
ထားရမှာဖြစ်ပါတယ်။bowthoung လို့မဟုတ်ဘူးတစ်ခြားနေရာတွေမှာလည်း
ရဲတွေဝင်ဖမ်းနေကြောင့်သတင်းရရှိပါတယ်။အခုဖမ်းထားတဲ့ဗမာတွေကိုအိမ်
ပြန်ပို့မယ်လို့လည်းသိရပါတယ်။

No comments: