ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Thursday, September 30, 2010

ကော့တောင်ကျွန်းbowthoung အလုပ်သမားတန်းလျှားရဲဖမ်း


30၊09၊10နေ့ညနေ ၅:၄၅
ကော့တောင်ကျွန်းbowthoung
အလုပ်သမားတန်းလျှားတွင်ရဲများ
ဝင်ဖမ်းခဲ့ကြောင်းသတင်းရရှိသည်။
အလုပ်သမားများ နားချိန်တွင်ဝင်
ဖမ်းတာဖြစ်ကြောင့်အလုပ်သမား
တန်းလျှားနေတဲ့ထိုင်းမိန်းမတစ်
ယောက်က kohtaonews ကိုအခုလိုပြောသွားပါတယ်"ကျွန်မနားချိန်
မှာရေလာချိုးတဲ့အချိန်ပါ၊ဗမာအလုပ်သမားတွေလည်းကျွန်မနည်းတူ
ရေလာချိုးတဲ့အချိန်ပေါ့ ရဲတွေကကားနဲ့ရုပ်တရက်ကြီးရောက်လာပြီး
တော့ဝင်ဖမ်းတာပါ။ကျွန်မကိုရဲတွေက ထိုင်းလား၊ဗမာလား မေးပါတယ်
ကျွန်မကထိုင်းလို့ပြောလိုက်တော့ အဆင်ပြေသလိုနေနိုင်ပါတယ်လို့
ပြောလိုက်ပြီး အလုပ်သမားလက်မှတ်မရှိတဲ့ဗမာတွေကိုဖမ်းသွားပါတယ်
တချို့ဗမာတွေက ရဲဖမ်းမှာကြောက်ပြီး အခန်းတံခါးကို ပိတ်ထားကြတယ်
ဒါပေမဲ့ ရဲတွေက ခြေနဲ့ဆောင့်ကန် တံခါးပွင့်သွားလို့ဗမာတွေထွက်လာရင်
ပါးရိုက်ပါတယ်၊ဗမာတွေ bowthoung မှာလုပ်နေတာ အယောက် ၂၀
ကျော်ပါတယ်၊ရဲဖမ်းသွားတာက ၁၅ ယောက်လောက်ပါသွားတယ်၊ ကျန်
တဲ့အလုပ်သမားတွေကတော့ စားသောက်ဆိုင်မှာဖြစ်နေတော့ သူတို့အ
တွက်ကံကောင်းတယ်လို့ဆိုရမယ်" ထိုင်းမိန်းမတစ်ယောက်ကပြောပြသွား
တာပါ။ရဲ တွေကရောက်နေတာ သုံး လေးရက်လောက်ရှိနေပြီ ကျွန်တော်တို့
ဗမာ (ဘတ်)ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ လမ်းသွားလမ်းလာအထူးသတိ
ထားရမှာဖြစ်ပါတယ်။bowthoung လို့မဟုတ်ဘူးတစ်ခြားနေရာတွေမှာလည်း
ရဲတွေဝင်ဖမ်းနေကြောင့်သတင်းရရှိပါတယ်။အခုဖမ်းထားတဲ့ဗမာတွေကိုအိမ်
ပြန်ပို့မယ်လို့လည်းသိရပါတယ်။

Thursday, September 9, 2010

ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြု စကားဝိုင်း အခန်းအနားကို ကော့တောင်ကျွန်းတွင် ကျင်းပ

စက်တင်ဘာလ-၉ ရက်နေ့





၇၁-နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြု စကားဝိုင်း အခန်းအနားကို

ကော့တောင်ကျွန်း(haad sairee) ရပ်ကွက်တစ်နေရာတွင်ရခိုင်အသင်း

ခေါင်းဆောင်များနှင့်တက်သစ်စလူငယ်မောင်မယ်များတက်ရောက်ဂုဏ်ပြုခဲ့

ကြပါတယ်။ အခန်းအနားကို မနက် ၆ နာရီ ၃၀ မိနစ်တွင် စတင်ဖွင့်ခဲ့ကြပြီး

၉ နာရီ ၃၀ မိနစ်တွင် အခန်းအနားပြီးဆုံးခဲ့ပါတယ်။အခန်းအနားကိုလာရောက်

်ကြသော ဧည့်သည်တော်များကိုလည်း ရခိုင်မုန့်တီ ဖြင့်ကျွေးမွေးခဲ့ကြပါတယ်။

ဆရာတော်၏ ဂုဏ်ပြုပွဲကို တက်ရောက်လာသူ ကျောက်တော်သား တစ်

ယောက်ကအခုလိုမျိုးပြောခဲ့ပါသေးတယ်။ " ကျွန်တော်တို့နေတဲ့ရွာမှာ

ဆရာတော်၏ ဂုဏ်ပြုပွဲကို တစ်ကြိမ်တစ်ခါမှလည်း မလုပ်ခဲ့ဖူးပါ။အခုလိုမျိုး

ကိုယ်ကိုတိုင် ၀င်ရောက်လုပ်ကိုင် ဂုဏ်ပြုရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါ

တယ်။ နှစ်စဉ်နှစ်တိုင်းလည်း ဂုဏ်ပြုပွဲတော်များ ဒီထက်မကစည်ကား သိုက်

မြိုက်စွာ ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် "






















Wednesday, September 8, 2010

ရခိုင်ပြည်ကို အာသျှတိုက်က ထုတ်ပယ်


ရခိုင်ပြည်ကို အာသျှတိုက်က ထုတ်ပယ် ခိုင်မြဲရေသမိုင်းစာအုပ်ထဲမှာ
September ကိုး
၁၉၃၉ ရက်စွဲနန့်
အသျှာနီဝန်း၏ဘဝ
နိဂုံးချုပ်လားရေရက်...။

မမိနိုင်သူရို့
နှစ်ပတ်လည်လို့
September ရောက်တိုင်း
ရင်ထဲမှာတလှိုင်လှိုင်ဆန္ဒ
၉ရက်နိန့်ကိုမှန်းဆ...။

သူ့ဇွဲနန့်သတ္တိကို
နပိုလီယွန်ထက်
တဝက်ကျော်ဗျာလ်နှိုင်း
စာပီဝိုင်းပြောပွဲလေ့ဟိသီးယင်း.....။

အာဇာနည်ကြီး
ကိုယ်ကျိုးကိုစွန့်
ခိုင်ခံ့ရေဇွဲကိုတင်း
အာသျှမြီမျက်နှာပြင်မှာ
နီရောင်ရဖို့သူစွမ်းနိုင်ခ..။

သူလုပ်ခအလုပ်နန့်
သူဆင်ခရေဂုဏ်ပုဒ်ကြောင့်
သမိုင်းစာမျက်မှာ
အာသျှနီဝန်းဆိုရေစာကြောင်း
အမှန်ပင်တွိနီရဗျာလ်...။

သူမွီးခရေဒေသက
ဆွီမျိုးသားရင်းတိ
ရိုးတောင်ကွယ်လို့
ဂျောင်ပိတ်ဗျာလ်အမှောင်မိ
သူပီးလားရေအလင်းရောင်
တဖေ့ချေတောင်အရောင်မဟပ်ခ.......။

အကြောင်းစုံကိုသိဖို့
သမိုင်းစာမျက်နှာထဲက
သူ့အတ္တုပ္ပတ္တိလှန်ကြည့်ရေခါ
ဟေမာလယတောင်တန်းကြီးကိုကျော်
အိန္ဒိယတိုင်းပြည်ကြီးကိုတောင်
နီမင်းကြီး၏အလင်းတန်းက
အရောင်တဖြတ်ဖြတ်ဆင်းသက်ခသီးလာတ်..။

ယပိုင်ဆိုကေ
အာသျှနီဝန်းဆိုရေအဆိုကို
အမှန်ပင်လက်ခံလိုက်ပါဗျာလ်...။

အာသျှတခွင်ကိုအလင်းပီးခ
အာသျှနီမင်းကြီး၏
အလင်းတန်းမထင်ဟပ်နိုင်ခ
ရခိုင်ပြည်စွာ
သန်းပါင်းလေးဆယ်ကျော်ကျယ်ပြန့်ရေ
အသျှတိုက်ကြီး၏
မြီမျက်နှာပြင်အတွင်းကမဖြစ်နိုင်.....။

--------------
အသျှင် AMP