ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Saturday, October 23, 2010

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင်

22/10/2010
news eleven


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်အလံ ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နှင့် ပတ်သက်သည့် ဥပဒေများကို ယနေ့ (အောက်တို ဘာလ ၂၁ ရက်) နေ့စွဲဖြင့် နိုင်ငံပိုင် ရုပ်သံမီဒီယာမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

အဆိုပါ ကြေညာချက်အရ နိုင်ငံတော်အလံမှာ အောက်ပါအတိုင်း ဖြစ်သည်။










Tuesday, October 19, 2010

ဘတ်လက်မှတ် သက်တမ်းဆက်ရန် အသိပေး

မြတ်ခိုင်ဦး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်းအလုပ်သမားများအား မိမိတို့ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ဘတ်လက်မှတ် နောက်ထပ်တနှစ် သက်တမ်းဆက်ရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အသိပေးလိုက်သည်။လာမည့်ဖေဖေါ်ဝါရီလ (၂၀) နှင့် (၂၈) ရက်နေ့တို့တွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံသားစိစစ်မှု လုပ်ထားဆဲ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက သက်တမ်းတိုးပေးမည် ဖြစ်သဖြင့် ပေးအပ်ထားသော ကာလအတွင်း သက်တမ်းတိုးရမည်ဖြစ်ကာ ဘတ်လက်မှတ်သက်တမ်း ပြန်မဆက်သောသူများအား နိုင်ငံအတွင်း နေထိုင်ခွင့် ပြုမည်မဟုတ်ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူး ခွန် ဂျီယာဆတ် ဆူခွန်သာက အောက်တိုဘာ (၁၄) ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ လာမည့် ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမား (၃၉,၂၇၂) ဦးသည် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမား (၈၉၂,၉၈၃) ဦးသည် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီ (၂၈) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ အုပ်စုနှစ်မျိုးစလုံးသည် နောက်ထပ်တနှစ်စီ နေထိုင်အလုပ်လုပ်ခွင့်ရမည် ဖြစ်သည်။ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နိုင်ငံသားစိစစ်ရေးပြုမှသာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုမည့်အစီအစဉ်အရ အလုပ်သမားများသည် ယမန်နှစ်ကတည်းက ယာယီပတ်စပို့စ် လျှောက်ထားခဲ့ကြသည်။ ထိုသို့လျှောက်ထားသူများအနက်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) သိန်း (၆) သောင်းကျော်သာ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရသေးပြီး ကျန်ရှိသော အလုပ်သမားများမှာ လျှောက်ထားဆဲဖြစ်သည်။ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ခန့်ထားရေးဌာန၊ နိုင်ငံခြားသား အလုပ်သမား အုပ်ချုပ်ရေးရုံးမှ ဇူလိုင် (၂၅) ရက် ထုတ်ပြန်သော စာရင်းဇယားအရ မြန်မာရွှေ့ပြောင်း အလုပ်သမား (၈၃၃,၀၁၃) ဦးရှိသည့်အတွက် အလုပ်သမားပေါင်း (၆၇၀,၀၀၀) ကျော်သည် ယခုကိုင်ဆောင်ထားသော ဘတ်လက်မှတ်ကို သက်တမ်း ဆက်ရမည်ဖြစ်သည်။