ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Saturday, February 13, 2010

http://www.mediafire.com/file/gjijuvuduzt/VTS_01_1_mpeg4.mp4
2012 ရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးတဲ့ လူတွေအတွက် အပေါ်က link ကို နှိပ်ပြီး
download လုပ်ကြည့်ရှု့နိုင်ပါတယ်။(ပထမ)
http://www.mediafire.com/file/hztynn1z4zf/VTS_01_2_mpeg4.mp4
2012 ရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးတဲ့ လူတွေအတွက် အပေါ်က link ကို နှိပ်ပြီး download လုပ်ကြည့်ရှု့နိုင်ပါတယ်။(ဒုတိယ)
http://www.mediafire.com/file/jatowar1vyz/BurmaVJ_zetatracker_WMV V9_001_mpeg4.mp4
DVB သတင်းထောက်များရဲ့ကြိုးပမ်းမှုကြောင်း မြန်မာစစ်အစိုးရရဲ့ မညှာမတာ
နိုပ်စက်မှုတွေကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံအားလုံး သိရှိခဲ့ကြတဲ့
burma vj ရုပ်ရှင်ကားကို အန္ဒိယနိုင်ငံ ဘောလီးဝုဒ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ
အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ချီးမြှင့်ခဲ့ပါတယ်။အပေါ်မှာ ပေးထားတဲ့ link
ကိုနှိပ်ပြီးဒီဇာတ်ကားကို download လုပ်ကြည့်ရှု့နိုင်ပါတယ်။

Sunday, February 7, 2010

မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီ

ဖေဖော်ဝါရီလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင် ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့အား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်းထုတ် လိုက်ရခြင်းဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံသတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ဆိုသွားသည်။ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်းရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျအဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရ သည်။စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ်တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အားလုံးသိရှိထားခဲ့ရာ အထက်သို့ အစီရင်ခံခဲ့သည့်အတွက် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည်ဖြေကြားခဲ့သည်။ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာကယ်ရီတဦး၏အကူအ ညီဖြင့် မဲဆောက်မှဘန်ကောက်သို့ တောလမ်းခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက်ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်းမရှိသဖြင့် အဆို ပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက်ဦးဆောင်၍ ထိုင်းဒေသခံရွာသား ၄ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ဦးအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးကို ပစ်သတ်ခဲ့ရာတွင် (၇)ဦးသေဆုံး၊ (၂)ဦး ပျောက်ဆုံးကာ (၃)ဦး လွတ်မြောက်သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများတွေ့ရှိရပြီး လက်ရှိအချိန် တွင် (၉)ဦးထဲမှ (၇)ဦး၏ အလောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက်ရှိကြောင်း သိ ရသည်။ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉)ဦးမှာ စောမူးချဲ့ချဲ့(၂၈)နှစ်၊ စောကျော်ဦး(၂၇)နှစ်၊ နော်ကြို့အေး(၃၂)နှစ်၊ စောဒီဒို့(၂၈) နှစ်၊ စောအကို(၂၇) နှစ်၊ နော်အေးချို(၃၂)နှစ်၊ စောထူးအောင်(၃၅)နှစ်၊ နော်ခရိုး(၃၃)နှစ်နှင့် နော်တင်ချိုအေး(၂၈)နှစ်တို့ ဖြစ်သည်ဟု သိရသည်။မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉)ဦးနှင့် အခြားအမည်မသိ ရွာသား (၃)ဦးတို့ ဖြစ်သည်ဟု သိရသည်။မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ်သမား(၈)ဦးကိုလည်းကောင်း၊ မဲ့လ မတ် မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦးကိုလည်းကောင်း အုပ်စုလိုက်အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရ သည်။

အောင်ဆန်းဦးကို သံဃာတော်များ သပိတ်မှောက်ကံဆောင်ပြီ

2/2/2010
မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးအောင်ဆန်းဦးအား သပိတ်မှောက်ကံဆောင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန် လိုက်သည်။ အဆိုပါ ကြေညာချက်ထဲတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး အနေဖြင့် ၂၄-၁-၂၀၁၀ နေ့မှ စတင်ကာ ၃၁-၁-၂၀၁၀ နေ့ကို နောက်ဆုံးထားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုများနှင့် သက်ဆိုင်သည့် တားမြစ်ကန့်ကွက်မှု၊ တရားစွဲဆို၍ နှောက်ယှက် နေမှုများကို ပယ်ဖျက်ပေးပါ ရန် အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးထံသို့ အသိပေး မေတ္တာရပ် ခံစာ ပေးပို့ပြီး ဖြစ်ပါသည်။ ထို့အတွက် သတ်မှတ်ထားသည့် ရက်တိုင်အောင် အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိသည့် အတွက် ဘာသာ သာသနာနှင့် လူမျိုးပါမကျန် ပျောက်ကွယ်အောင် ပြုလုပ်နေသော နအဖ စစ် အုပ်စုနှင့် အပေါင်းပါများကို သပိတ်မှောက် ကံဆောင်ထားပြီး ဖြစ်သလို (၂-၂-၂၀၁၀) နေ့မှ စတင်ကာ ဦးအောင်ဆန်းဦးနှင့် ဇနီးကိုလည်း နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက် ကံဆောင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးကြေငြာ လိုက်ပါသည်။ သို့သော်လည်း ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ အကျိုးအတွက်လည်းကောင်း၊ တိုင်းသူပြည်သားများ အကြပ်အတည်းမျိုးစုံမှ လွတ်မြောက်ရေးအတွက် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားသော ဥပဒေများအား ပယ်ဖျက်ပေးပါက ဘာသာရေးအရ သပိတ်မှောက်ကံဆောင်မှုများကို ပြန်လည်ရုတ်သိမ်းပေးမည်ဟုလည်း ဖေါ်ပြထားသည်။ လွန်ခဲ့သောနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ဆောင်ရွက်ခဲ့သည်။ နအဖ စစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားခဲ့ရသည်။ ထို့နောက် ယခုလ ၂၁ရက်နေ့တွင် ဦးအောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင် မှုကို တရားဝင် ကန့်ကွက်ခဲ့သဖြင့် တရားရုံးမှ ပထမဆုံး တားဝရမ်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကို ၉-၉-၂၀၀၇ နေ့မှစ၍ ဦးဆောင် ဆရာတော် (၆)ပါးဖြင့် ဖွဲ့စည်းပြီး ရွှေဝါရောင်လှုပ်ရှားမှုကို စတင် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထို့နောက် ရွှေဝါရောင်ကာလ နောက်ပိုင်း ဦးဆောင်သံဃာ အချို့ ဖမ်းဆီးခံရသည့်အတွက် ၂၆-၁၂-၂၀၀၇ နေ့တွင် စာအမှတ် (၁၁/၂၀၀၇) ကိုထုတ်၍ ဦးဆောင်ဆရာတော် (၁၀) ပါးဖြင့် ပြန်လည်ဖွဲ့ စည်းခဲ့သည်။