ကော့တောင်ကျွန်းရဲ့ နာမည်ကြီး CHOPPERS BAR & GRILL ဆိုင်မှ အလုပ်ရှင် စိုင်(ထိုင်းလူမျိုး) ဂျဲ့(ဖ်) (သြစတေးလျလူမျိုး) နှစ်ယောက်ပေါင်းပြီး သူတို့ဆိုင်မှာလုပ်နေတဲ့ ၂၂ နှစ်အရွယ်မိန်းမပျိုလေးကို ရဲ နှစ်ယောက်အားဖုန်းဆက်ခေါ်ကာ ဖမ်းခိုင်းလိုက်ကြောင်း ၁၇ ၊၀၃ ၊၀၉ နေ့က သိရသည်။မိန်းမပျိုလေးမှာ ထားဝယ်သူမလေးဖြစ်သည်။ အဲဒီကောင်မလေး လွှတ်မြောက်ရေး အတွက် အချို့ကြိုးစားနေကြောင်းသိရသည်။ ဖြစ်ပုံမှာ----------သူမ choppers ဆိုင်က အလုပ်ထွက်ချင်နေတာကြာခဲ့ပါပြီ သို့ပေမဲ့ ဆိုင်ပိုင်ရှင်ကို အားနာပြီး မပြောချင်သေးတာကြောင့်အောင့်အိပြီးနေလာခဲ့တာ အခုဆို ၂ နှစ်ကျော်ပြီပေါ့ ။ဒီနေ့မှာပေါ့ ၁၇၊ ၀၃၊၀၉ ကျွန်မအလုပ်ထွက်တော့မယ် လို့ သွားပြောတော့ ဘာကြောင့်ထွက်တာလဲ၊ဘာဖြစ်လို့လဲ ဆိုင်ပိုင်ရှင်က အစုံမေးတာပေါ့နော်။ ကျွန်မ ဒီဆိုင်ကထွက်ချင်တာတစ်ခုပါပဲလို့ သူမ ဖြေခဲ့ပြီးထွက်လာခဲ့ပါတယ်။သူမ ထွက်လာပြီး နာရီပိုင်းလောက်ပဲကြာပါတယ် ဆိုင်ပိုင်ရှင်နဲ့ ရဲ (ပုလိပ်)နှစ်ယောက် သူမရှေ့ကို ရောက်လာပြီး ဆိုင်ပိုင်ရှင်က သူမကိုဖမ်းပါ လို့ပြောပြီး ရဲ ကိုဖမ်းခိုင်းပါတယ်။ သူမမှာပါလာတဲ့ဖုန်းကို ရဲ သိမ်းသွားပြီး အ၀တ်အစားတွေကို တော့ ဂျဲ့(ဖ်)aus သိမ်းယူသွားပါတယ်။ဒီအဖြစ်အပျက် ကို တွေ့သူတိုင်း မြင်သူတိုင်း အံ့သြ ခဲ့ကြပါတယ်။ဒါပေမဲ့ သူမ ကံကောင်းခဲ့ပါတယ် ။အဲဒီနေ့ညမှာပဲ ဘတ် ၅၀၀၀ ပေးပြီး ရဲတွေဆီက လျှို့ဝှက်စွာ ထုပ်ယူလာခဲ့ပါတယ်။သူမ ထွက်လာရတဲ့အကြောင်းကို ရင်းနီးတဲ့သူငယ်ချင်းကလွှဲပြီးမည်သူ့ကိုမှအသိမပေးခဲ့ပါ။အခုတော့ သူမကို လုံခြုံတဲ့နေရာတစ်ခုမှာ လျှို့ဝှက်စွာထားထားရကြောင့်သိရှိရပါတယ်။ မိတ်ဆွေတို့အားလုံးCHOPPERS အကြောင်းကိုသေချာလေ့လာပြီးမှ အလုပ်သွားစပ်ကြပါ။
CHOPPERSကထွက်လာတဲ့လူတွေအားလုံးကိုလည်းမေးကြည့်ကြပါ။
CHOPPERS ဆိုဝေါင်ဝေါင်ချေး
အန္တရာယ်ကင်းတယ်ဟေ့-------
လို့ကော့တောင်ကျွန်း တစ်ကျွန်းလုံးကြားအောင်
အော်ပြော်လိုက်ချင်တယ်။
Wednesday, March 18, 2009
Subscribe to:
Posts (Atom)